လန်ဒန်၊ ဇွန် ၃၀

ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်ရရှိထားသူတွေအနေနဲ့ ဝင်ငွေ ရရှိပြီးနောက် သူတို့ရဲ့ နေရာထိုင်ခင်းနဲ့ ထောက်ပံ့ ပေးထားမှုတွေအတွက် စတာလင်ပေါင် ၁၀၀၀၀ ပြန်ပေးဖို့ လိုအပ်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

လွှတ်တော်သို့ တင်ပြဦးမယ့် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဥပဒေအရ လုံလောက်တဲ့ ဝင်ငွေ ရှိသူတွေအနေနဲ့ အချိန် အတိုင်းအတာ တစ်ခုအတွင်း ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေဟာ ဗြိတိန်မှာ အလုပ်လုပ်ခွင့် ရဖို့ ကြိုးပမ်းတဲ့ ခိုလှုံသူတွေအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။

အဲဒီ အခကြေးငွေကို ဗြိတိန်မှာ အမြဲတမ်း နေထိုင်ခွင့် မရခင် သတ်မှတ် ငွေပမာဏကို အစိုးရဆီ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ခိုလှုံခွင့်တောင်းခံမှုကို ထောက်ခံတာ ဖြစ်ပေမယ့် တာဝန်ယူမှုလည်း ရှိရမှာ ဖြစ်ကြောင်း အခု ဥပဒေ အပြောင်းအလဲက ဖော်ပြနေတယ်လို့ ပြည်ထဲရေး ဝန်ကြီး ရှာဘာနာ မာမွတ်က ပြောပါတယ်။

အဲဒီ ထည့်ဝင်ငွေတွေဟာ ဗြိတိန်နိုင်ငံသားတွေရဲ့ စေတနာအတွက် စာနာတဲ့အနေနဲ့ ကူညီရာ ရောက်ထားရာ ရောက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ လုပ်ခလစာ ရရှိလာတဲ့ အချိန်မှာ သူတို့ တည်းခို နေထိုင်ခဲ့တဲ့ အိမ်ခန်းငှားခကို ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပြီး ခန့်မှန်းခြေ ပေါင် ၁၀၀၀၀ လောက်ရှိပါတယ်။

လစဉ်ထောက်ပံ့ကြေး မရခင် သူတို့အနေနဲ့ ဘယ်လောက် ပမာဏ ပေးသွင်းရမလဲ ဆိုတာကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားတာ မရှိပါဘူး။

ခိုလှုံခွင့် ငြင်းပယ်ခံရသူတွေအနေနဲ့လည်း သူတို့ အတွက် အစိုးရက သတ်မှတ်ထားတဲ့ ပမာဏနဲ့ ကိုက်ညီရင် ပြန်လည် ငွေသွင်း ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ခိုလှုံခွင့် တောင်းခံသူတွေအတွက် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေ စတာလင်ပေါင် ၄ ဘီလီယံအထိ သုံးစွဲခဲ့ရကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.