ဘန်ကောက်၊ ဇွန် ၃၀

၂၀၂၅ ဒေသဆိုင်ရာ အစိုးရဝန်ထမ်း စာမေးပွဲမှာ လိမ်လည်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က တိုးချဲ့ စုံစမ်း စစ်ဆေးနေချိန် ရာဇဝတ်မှု နှိမ်နှင်းရေးဌာန CSD က အေဂျင်စီ ၃ ခုကနေ အဓိက အထောက်အထားတွေ ရရှိရေး ကြိုးပမ်းနေပါတယ်။

ထိုင်းအမျိုးသား အကျင့်ပျက်ခြားမှု တိုက်ဖျက်ရေး ကော်မရှင် NACCသို့ သက်သေအထောက်အထား စာရွက်စာတမ်းတွေ ပို့ပေးရေး စုံစမ်းစစ်ဆေးရေးမှူးတွေက တောင်းဆိုထားပါတယ်။

ဒေသဆိုင်ရာ အစိုးရဝန်ထမ်း စာမေးပွဲ ဝင်ခွင့်ကို ကြီးကြပ်တဲ့ အဖွဲ့နဲ့ ဒေသတွင်း အစိုးရဌာနတွေဆီကိုလည်း အထောက်အထားနဲ့ စာရွက်စာတမ်းတွေ ပို့ပေးဖို့ ကော်မရှင်က တောင်းဆိုထားပါတယ်။

အဲဒီ အမှုမှာ ပါဝင်သူအားလုံးကို စုံစမ်း ဖော်ထုတ်ရေး ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ညွှန်ကြားပြီးနောက်မှာ အခုလို စုံစမ်း စစ်ဆေးမှု ပိုမို ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

NACC က ဇွန် ၂၃ ရက်က နေရာ တစ်ခုကို စီးနင်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီး ကိုယ်စား တာဝန်ရှိသူက တိုင်ကြားခဲ့ပြီးနောက် အခုလို စုံစမ်း စစ်ဆေးမှု ပိုမို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ အစိုးရရာထူးတွေအတွက် လူသစ်ခေါ်ဆိုရာမှာ ဖြေဆိုတဲ့ အဖြေလွှာတွေကို ကွန်ပြူတာ ဆော့ဖ်ဝဲလ်နဲ့ ပြောင်းလဲပေးခဲ့ကြောင်း အထောက်အထား ရှိတယ်လို့ အရာရှိတွေက ပြောထားပါတယ်။

NACC ရဲ့ စီးနင်းမှုအတွင်း စာမေးပွဲ အဖြေလွှာတွေ၊ ကွန်ပြူတာပစ္စည်းတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၁၈၈ နဲ့ ကွန်ပြူတာ ရာဇဝတ်မှု ဥပဒေအရ အရေးယူဆောင်ရွက်ရေး အဲဒီ ပစ္စည်းတွေကို သိမ်းဆည်းဖို့ လိုအပ်တယ်လို့ CSD က ပြောပါတယ်။

စီးနင်းမှုအတွင်း သံသယရှိသူများ စာရင်း၊ မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်၊အစိုးရဝန်ထမ်း ဝင်ခွင့် ပြင်ဆင်ထားပြီး ဖြစ်တဲ့ အဖြေလွှာတွေ၊ မူလ အဖြေလွှာတွေ အားလုံးကို သိမ်းဆည်းရမိထားကြောင်း CSD က ပြောထားပါတယ်။

ဒါပေမဲ့ ဇွန် ၂၉ ရက်အထိ အဲဒီ အေဂျင်စီ ၃ ခုက တုံ့ပြန်မှု မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.