တိုကျို၊ ဇွန် ၃၀
၁၉၈၆ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးတဲ့ ငွေလဲနှုန်း အနေနဲ့ ဂျပန် ယန်းငွေတန်ဖိုးဟာ အမေရိကန် ၁ ဒေါ်လာကို ၁၆၁ ဒသမ ၉၆ ယန်း အထိ တန်ဖိုး လျော့ကျသွားပါတယ်။
ဇွန် ၂၉ ရက်က နယူးယောက်မှာ အမေရိကန် ၁ ဒေါ်လာကို ၁၆၁ ဒသမ ၉၇ ယန်း ဈေးပေါက်ခဲ့ပြီး ဇွန် ၃၀ ရက်က တိုကျိုမှာ ဈေးကွက် ဖွင့်လှစ်ချိန် ၁၆၂ ယန်း အထိ ဈေးပေါက်ခဲ့ပါတယ်။
ဂျပန် ယန်းငွေ တန်ဖိုး လျော့ကျနေတာ သီတင်းတစ်ပတ်လောက် ကြာနေပြီ ဖြစ်ပြီး ဆယ်စုနှစ် ၄ ခုအတွင်း တန်ဖိုး အများဆုံး လျော့ကျမှု ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ ငွေတန်ဖိုးဟာ ကြားဝင် ဖြေရှင်းလို့ရနိုင်တဲ့ ဈေးနှုန်း အတိုင်းအတာထဲမှာ ရှိနေဆဲပဲလို့ လေ့လာသူတွေက ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ဆက်ဆူကီ ကာတာယာမာက အစိုးရအနေနဲ့ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရေး အသင့်ပြင်ဆင်ဖို့ သတိပေးထားပါတယ်။
ယန်းငွေ ဈေးနှုန်း မြင့်တက်လာစေရေး အစိုးရရဲ့ ကြိုးပမ်းမှု အတိုင်းအတာ ထိရောက်မှုနဲ့ ပတ်သက်လို့ ဈေးကွက်အတွင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
အစိုးရ ကြားဝင် ဖြေရှင်းမှုကြောင့် ရေတိုအနေနဲ့ ယန်းငွေဈေးနှုန်း ပြန်လည် မြင့်တက်လာမယ်လို့ မျှော်လင့်ရပေမယ့် ရင်းနှီးမြှုပ်နှံသူ တချို့က ငွေကြေးတန်ဖိုး ဆက်လက် အားနည်းမသွားအောင် တားဆီးဖို့ ခက်ခဲလိမ့်မယ်လို့ ပြောဆိုနေကြ ပါတယ်။
အစိုးရရဲ့ ဘဏ္ဍာရေး မူဝါဒတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အဓိက ရှိနေတာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များက အစိုးရရဲ့ မူဝါဒတွေ အပေါ် သံသယရှိနေပါတယ်။
၃ ဒသမ ၅၀ ရာခိုင်နှုန်းကနေ ၃ ဒသမ ၇၅ ရာခိုင်နှုန်း ကြားသတ်မှတ်ထားတဲ့ အမေရိကန် ဖက်ဒရယ် ရန်ပုံငွေ နှုန်းထားနဲ့ ယှဉ်ရင် ဂျပန်ရဲ့ အဓိက ငွေလဲလှယ်နှုန်းဟာ အခုဆိုရင် ၁ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ငွေလဲနှုန်း ဆက်လက် မြင့်တက်လာမယ်လို့ မျှော်လင့်ရပြီး ဂျပန်ဘဏ်ရဲ့နှုန်းထား အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
၂၀၂၄ ဇူလိုင် ၃ ရက်က ယန်းငွေဈေးနှုန်း ၁၆၁ ဒသမ ၉၆ အထိ ရောက်ရှိသွားခဲ့ ပါတယ်။ ငွေဈေး မြင့်တက်လာစေဖို့ ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ ၃၇ ဘီလီယံလောက်အထိ သုံးစွဲခဲ့ရပါတယ်။
အဲဒီနောက် အမေရိကန် ၁ ဒေါ်လာကို ဂျပန် ယန်းငွေ ၁၄၀ အထိ တန်ဖိုး မြင့်တက်လာခဲ့ပါတယ်။ ဧပြီလက ဂျပန် ယန်းငွေ တန်ဖိုးဟာ တစ်ဒေါ်လာကို ၁၆၀ ဒသမ ၇၂ ယန်း အထိ လျော့ကျခဲ့ပြီး အစိုးရက ငွေတန်ဖိုး မြင့်တက်လာစေရေး ထပ်မံ လုပ်ဆောင်ခဲ့ ပြီး ဒေါ်လာ ၇၃ ဘီလီယံ သုံးစွဲခဲ့ရပါတယ်။
အစိုးရ ကြားဝင် ဖြေရှင်းပြီးနောက် တစ်ဒေါ်လာကို ယန်း ၁၅၅ အထိ တန်ဖိုး မြင့်တက်ခဲ့ပြီး လက်ရှိ ငွေတန်ဖိုးအထိ ပြန်လည်လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဂျပန် အစိုးရကတော့ ငွေတန်ဖိုး လျော့ကျမှုအတွက် ကြားဝင် ဖြေရှင်းရေး အသင့် ပြင်ဆင်ထားတယ်လို့ ပြောပေမယ့် နောက်ထပ် ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ ဘယ်လောက် အထိ သုံးစွဲသွားမလဲ ဒါမှမဟုတ် ဘယ်လို မူဝါဒမျိုး ချမှတ်သွားမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
လိုအပ်ရင် ဘယ်အချိန်မဆို သင့်တော်တဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဆက်ဆူကီ ကာတာယာမာက ပြောထားပါတယ်။
Ref:Japantimes/CNA

