ကော့ဘိန်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်လို့ ရွာခံတွေအခက်ကြုံ
ကော့ကရိတ်၊ ဇွန် ၂၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာကြောင့် အခက်ကြုံနေရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အင်အား ၁၀ ဦးလောက်နဲ့ ကော့ဘိန်းကျေးရွာ အလယ်တန်းခွဲကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို…
