May 8, 2026

ရက် ၁၀၀ စီမံချက်ခေါင်းစဉ်နဲ့ ဘားအံ-ရန်ကုန်ကားလမ်းပေါ်မှာ စစ်အစိုးရအဖွဲ့တွေ ကုန်စည်တွေကို ဖမ်းဆီး ငွေတောင်းကြမ်းနေ

မော်လမြိုင်၊ မေ ၉ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတဖြစ်ပြီးနောက်ပိုင်း ဒေသဖွံဖြိုးရေး ခေါင်းစဉ်နဲ့ ရက် ၁၀၀ စီမံချက်ကို အခွင့်ကောင်းယူပြီး စစ်အစိုးရဝန်ထမ်းတွေက ဘားအံ-ရန်ကုန်ကားလမ်းပေါ်မှာ ကုန်စည်တွေကို မတရား ဖမ်းဆီးငွေတောင်းကြမ်းနေတယ်လို့ ကုန်စည်နဲ့ခရီးသည်ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ဆေးမှု အတင်းကြပ်ဆုံးနဲ့ငွေတောင်းအကြမ်းဆုံးက ဘားအံ သံလွင်တံတားဂိတ်၊ စစ်တောင်း တံတားဂိတ်နဲ့ မရမ်းချောင်း စစ်ဆေးရေးဂိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းကုန်ပစ္စည်းတွေကို…

လောင်းလုံးမှာ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

လောင်းလုံး၊ မေ ၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရတယ်လို့ မေ ၇ ရက်နေ့မှာ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ မေ ၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကျေးရွာအနီး လက်ခတ်တောင်ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်က…

မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ ဆွေးနွေးမယ်လို့ အတွင်းရေးမှူးချုပ် ပြော

ဆီဘူး၊ မေ ၈ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူထားကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က မေ ၇ ရက်မှာ ပြောလိုက်ပါတယ်။ မြန်မာက ငါးနှစ်ကြာ ဘေးဖယ်ခံထားခဲ့ရပြီးနောက် အာဆီယံနဲ့ ပြန်လည် စေ့စပ်ရေး ကြိုးပမ်းနေပါတယ်။ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း ပြုလုပ်ခဲ့တဲ့…

တရုတ်နဲ့ အိန္ဒိယရှိ ဘောလုံး ပရိသတ်တွေ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရဖို့ မသေချာ ဖြစ်နေ

နယူးဒေလီ၊ ဘေဂျင်း၊ မေ ၈ အိန္ဒိယနဲ့ တရုတ်ရှိ ဘောလုံး ပရိသတ် သန်းပေါင်းများစွာအနေနဲ့ သူတို့ရဲ့ နိုင်ငံတွေမှာ ကမ္ဘာဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသမယ်၊ မပြသဘူးဆိုတဲ့ မသေချာ မရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ထုတ်လွှင့်ပြသမယ့် ကုမ္ပဏီတွေဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာနဲ့ သဘောတူညီမှု မရနိုင်သေးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ သီတင်းပတ် အနည်းငယ်ပဲ လိုတော့တဲ့အချိန်အထိ…

တောင်ပိုင်းမှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၉၀ နီးပါးထိ မြင့်တက်

မော်လမြိုင် ၊ မေ ၈ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၈၉ ကြိမ်အထိ ရှိခဲ့တာကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုနဲ့ ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုလည်း မြင့်တက်လာတယ်လို့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ကနေ သိရပါတယ်။ RICE ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်က ၁၀ မြို့နယ်အပါအဝင် ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့…

ကာကွယ်ရေးဝန်ကြီးဟောင်းတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ် တရုတ် ဆိုင်းငံ့

ဘေဂျင်း၊ မေ ၈ အကျင့်ပျက်ခြစားမှုအတွက် တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးအပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို ဆိုင်းငံ့ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မေ ၇ ရက်က စစ်ဖက်ဆိုင်ရာ တရားရုံး တစ်ရုံးက ကာကွယ်ရေးဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဝေဖန်းဂီနဲ့ လီရှန်းဖူတို့အပေါ် သေဒဏ်ချမှတ်ထားမှုကို နှစ်နှစ် ဆိုင်းငံ့ပေးလိုက်ကြောင်း အမိန့် ချမှတ်ခဲ့တာပါ။ ဒါကြောင့် နှစ်နှစ်ကြာပြီးနောက်မှာ သူတို့ရဲ့ ပြစ်ဒဏ်တွေကို…

အပျော်စီးသင်္ဘောပေါ်က ဟန်တာ ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ကပ်ရောဂါ အစမဟုတ်ဘူးလို့ WHO ပြော

ဂျီနီဗာ ၊ မေ ၈ အပျော်စီးသင်္ဘော တစ်စီးပေါ်မှာ လိုက်ပါသူတွေကြား ဟန်တာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ကပ်ရောဂါ တစ်ခုရဲ့ အစ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။ WHO ရဲ့ ကူးစက်ရောဂါပညာရှင် မာရီယာ ဗန် ခက်ဟော့က လက်ရှိ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က Covid-19 ရောဂါပျံ့နှံ့မှုနဲ့…