ဆီဘူး၊ မေ ၈
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူထားကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က မေ ၇ ရက်မှာ ပြောလိုက်ပါတယ်။
မြန်မာက ငါးနှစ်ကြာ ဘေးဖယ်ခံထားခဲ့ရပြီးနောက် အာဆီယံနဲ့ ပြန်လည် စေ့စပ်ရေး ကြိုးပမ်းနေပါတယ်။
ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတွင်းရေးမှူးချုပ် ကာအို ကင်မ် ဟွန်က အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေချင်တယ်လို့ မြန်မာက ဖော်ပြထားကြောင်း ပြောပါတယ်။
ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေက တင်းမာမှု အရှိန် လျှော့ချရေး အခြေအနေ တိုးတက်လာတာကို မြင်တွေ့လိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာဖို့ အကူအညီတွေ ပို့ပေးခွင့်ပြုဖို့ အလိုရှိနေတယ်လို့ သူက ပြောပါတယ်။
မြန်မာနဲ့ စေ့စပ်ဆက်ဆံမှု တစ်ရပ် ရှိလာလိမ့်မယ်ဆိုတာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူထားကြောင်း ဒီကနေ့ အရမ်း ရှင်းလင်းလာတယ်လို့ ကင်မ် ဟွန်က ပြောပါတယ်။
အရမ်းနီးတဲ့ အနာဂတ်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ တွေ့ဆုံမှု တစ်ရပ်ရှိလာမှာ ဖြစ်တယ်လို့သူက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကြောင့် မြန်မာ ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့ပါတယ်။
စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်တာတွေ အပါအဝင် အရပ်သားလူထု အပေါ် ရက်ရက်စက်စက် ပြုမူနေပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ အစိုးရ အသစ်တစ်ရပ် တက်လာပေမယ့် စစ်ခေါင်းဆောင်တွေကပဲ အာဏာ ဆက်လက် စွဲကိုင်ထားတာ ဖြစ်ပါတယ်။
အာဆီယံက ရွေးကောက်ပွဲကို အသိအမှတ်မပြုထားသလို သမ္မတ မင်းအောင်လှိုင်ကို ထိပ်သီး ဆွေးနွေးပွဲတွေကနေ တားမြစ်ထားတဲ့ သတ်မှတ်ချက်တွေကိုလည်း မပြောင်းလဲ သေးပါဘူး။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ စေ့စပ် ဆက်ဆံရေး အဆိုပြုသွားမယ်လို့ ပြောကြားပြီးနောက် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် တစ်ဦးကို တစ်နှစ်ထက်ကျော်လွန်ပြီး ခန့်အပ်ရေး ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ကင်မ် ဟွန်က ပြောဆိုထားပါတယ်။
Ref:REUTERS

