အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သီတင်းသုံးပတ် သက်တမ်းတိုးလိုက်ပြီလို့ ထရန့် ပြော
ဝါရှင်တန်၊ ဧပြီ ၂၄ အိမ်ဖြူတော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သီတင်းသုံးပတ် သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရေရှည် ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အလှမ်းကျယ်ဝန်းပြီး ဟစ်ဇဘိုလာအဖွဲ့ငကို လက်နက် ဖြုတ်သိမ်းရေး ဝါရှင်တန်ဆီက အကူအညီတွေ အများကြီး ပိုလိုအပ်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ…
