အမေရိကန်နဲ့ ဆွေးနွေးဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ ရောက်ရှိ
အစ္စလာမာဘက်၊ ဧပြီ ၂၅ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့နဲ့ အဆိုပြုချက်တွေကို ဆွေးနွေးဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီဟာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘက်မြို့သို့ ဧပြီ ၂၄ ရက်က ရောက်ရှိလာပါတယ်။ အစ္စလာမာဘက်မြို့မှာ သူ့အနေနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့မယ်၊ မတွေ့ဘူးဆိုတဲ့ မတူညီတဲ့ အချက်ပြမှုတွေ ထွက်ပေါ်နေပါတယ်။…
