ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ အာဏာသိမ်း သမ္မတ ပြော
ဘန်ကောက်၊ ဧပြီ ၂၃ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ မင်းအောင်လှိုင်က ပြောကြားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက သူတို့ကျင်းပတဲ့ အစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်တွေကို ၅ နှစ်ကြာ တားမြစ်ထားခဲ့ပြီးနောက် အရပ်ဝတ် စစ်ခေါင်းဆောင်က အာဆီယံနဲ့ ပြန်လည် စေ့စပ်ခွင့်ရရေး ကြိုးပမ်းနေချိန်မှာ အခုလိုမျိုး ပြောဆိုလာတာပါ။အာဏာသိမ်းပြီးကတည်းက…
