April 3, 2026

ဘားအံမှာ သင်္ကြန်ပွဲတော် စည်ကားအောင် ကျင်းပဖို့ စစ်ကော်မရှင် ပြင်ဆင်

ဘားအံ၊ ဧပြီ ၄ ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့်သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် နန်းဖော့အွာလို့ခေါ်တဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပပြုလုပ်သွားမယ်လို့ ပြည်နယ်စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်ပြည်နယ် စစ်ကော်မရှင်ဟာ ဘားအံမြို့ သီရိကွင်းမှာ ဗဟိုမဏ္ဍပ်နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားမှာ လမ်းလျှောက်သင်္ကြန်နဲ့ လွှတ်တော်ရုံးအဆောက်အဦးရှေ့မှာ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် နန်းဖော့အွာလို့…

လောင်စာ ပြတ်လပ်မှု ဝယ်ယူစုဆောင်းသူတွေကြောင့် ထိုင်း ဝန်ကြီးချုပ် အပြစ်တင်

ဘန်ကောက်၊ ဧပြီ ၃ အလွန်အကျွံ အမြတ်တင် ရောင်းချမှုအတွက် ထိုင်းဝန်ကြီးချုပ် အနုတင်က ဆီကုန်သည်တွေကို အပြစ်တင်ပြီး လောင်စာဆီ ပြတ်လပ်မှုဟာ ဝယ်ယူစုဆောင်းသူတွေနဲ့ ပြည်ပသို့ မှောင်ခို ခိုးထုတ်သူတွေကြောင့် ဖြစ်ကြောင်း ဧပြီ ၃ ရက်မှာ အပြစ်တင် ပြောဆိုလိုက်ပါတယ်။ လောင်စာတွေ ဝယ်ယူစုဆောင်းထားတာတွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချဖို့ မှောင်ခို ကူးတဲ့ ဖြစ်ရပ်တွေကို အာဏာပိုင်တွေ…

အီရန်ရဲ့ အခြေခံ အဆောက်အဦတွေကို ထပ်မံ တိုက်ခိုက်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ ဧပြီ ၃ အီရန်မှာ ကျန်ရှိတဲ့အရာတွေကို အမေရိကန်က မဖျက်ဆီးရသေးဘဲ အခြေခံ အဆောက်အဦတွေကို ပြင်းပြင်းထန်ထန် တိုးမြှင့် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ကြွေးကြော်လိုက်ပါတယ်။ စွမ်းအင်တင် သင်္ဘောတွေ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းနိုင်ရေး ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာ ထရန့်ရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။…

အာဏာသိမ်းကာလအတွင်း နေအိမ် တစ်သိန်းနှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရ

မော်လမြိုင်၊ ဧပြီ ၃ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်ကာလအတွင်း နေအိမ် တစ်သိန်းနှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က ဧပြီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်နဲ့…

ဘုရားသုံးဆူမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ဘုရားသုံးဆူ၊ ဧပြီ ၃ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် သတ္တုမိုင်းအနီးရှိ မော်ဖာထောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မောင်းသူမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဘုရားသုံးဆူမြို့နယ် မော်ဖာထောကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က မောင်းသူမဲ့ အဝေးထိန်းဒရုန်းတစ်စီးနဲ့ ဗုံးနှစ်လုံး…

ထိုင်းမှာ သမီးဖြစ်သူကို သတ်ပြီးထွက်ပြေးတဲ့ မြန်မာအမျိုးသမီး ဖမ်းမိ

ဘန်ကောက်၊ ဧပြီ ၃ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးအရင်းကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာ အမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ခို့လန်းမှာ ဖမ်းဆီးရမိထာ ပါတယ်။ မဖြိုးပပထွန်းလို့ အမည်ရတဲ့ အဲဒီ သံသယရှိသူကို တမင်ရည်ရွယ်ပြီး လူသတ်မှုစွဲချက်နဲ့ မင်ဘူရီ တရားရုံးက ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ပါတယ်။…

ဟောမု့ဇ် ရေလက်ကြား ချက်ချင်း ပြန်ဖွင့်ပေးရေး ဗြိတိန် ဦးဆောင် တောင်းဆို

လန်ဒန်၊ ဧပြီ ၃ ဟောမု့ဇ် ရေလက်ကြား ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း ၄၀ လောက်နဲ့ ဗြိတိန် ဦးဆောင်တဲ့ ဆွေးနွေးပွဲအတွင်း အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်းကို ချက်ချင်း ခြွင်းချက် မရှိ ပြန်လည် ဖွင့်လှစ်ပေးရေး တောင်းဆိုခဲ့ပေမယ့် ချက်ချင်း ပြေလည်မှုတော့ မရှိခဲ့ပါဘူး။ အီရန်က ဟောမု့ဇ် ရေလက်ကြားမှာ ကမ္ဘာ့စီးပွားရေးကို ဓားစာခံအဖြစ် ထားရှိဖို့…