March 2026

အမေရိကန် နိုင်ငံတဝှမ်း ထရန့်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူ ၈ သန်းကျော် ပါဝင်

ဝါရှင်တန်၊ မတ် ၃၀ “ဘုရင်မရှိ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ဆန္ဒပြပွဲတွေအဖြစ် ထရန့် အစိုးရကို ဆန့်ကျင်တဲ့ အမေရိကန် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအတွင်း လူ ၈ သန်းကျော် ပါဝင်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ အီရန် စစ်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး နှိမ်နှင်းမှုနဲ့ နေထိုင်စားသောက်မှု ကုန်ကျစရိတ် မြင့်တက်နေမှုတို့လို ကိစ္စတွေနဲ့ သမ္မတ ဒေါ်နယ်…

စစ်ခေါင်းဆောင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်း

နေပြည်တော်၊မတ် ၃၀ သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေတို့ နှစ်ဦးကို အမည်စာရင်း တင်သွင်းထားပါတယ်။ အမျိုးသားလွှတ်တော်မှာတော့…

တပ်ကပုဂ္ဂိုလ်တွေကြီးစိုးတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်သွားမယ်

နေပြည်တော် ၊ မတ် ၂၉ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ မတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်တပ်က တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး တပ်ချုပ်ရာထူးကနေ…

စက်သုံးဆီဂယက်ကြောင့် ကုန်သွယ်မှုကျဆင်းပြီး GDP ထိုးကျလာနိုင်

မော်လမြိုင် ၊ မတ် ၂၉ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ပြဿနာကြောင့် ကုန်သွယ်မှု ကျဆင်းပြီး နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP တွေ ထိုးကျလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အီရန်စစ်ပွဲကြောင့် စက်သုံးဆီတွေဟာ နိုင်ငံအတွင်း ပြီးခဲ့တဲ့ မတ်လပထမအပတ်က စတင်ကာ လိုသလောက် ဝယ်ယူလို့ မရတာ၊…

မြန်မာမှာ လူဦးရေ ၁၂ သန်းနီးပါး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ပြော

မော်လမြိုင်၊ မတ်၂၉ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ မြေငလျင်ဘေးဒဏ်တွေကြောင့် လူဦးရေ ၁၂ သန်းနီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ကယား၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် အင်အားပြင်း…

တစ်လကျော်ကြာပိတ်ထားတဲ့ မြိတ်-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်

သရက်ချောင်း ၊ မတ် ၂၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အချိန်တစ်လ ကျော်ကြာပိတ်ထားတဲ့ မြိတ်-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်လိုက်ပြီလို့ ကုန်တင်ယာဉ်မောင်းတွေထံကနေ သိရပါတယ်။ မြိတ်-ထားဝယ်လမ်းပိုင်းကို မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ မြိတ်-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တာကြောင့် ပိတ်မိနေတဲ့ ခရီးသွားကား ရာနဲ့ချီ…

ကရင်မှာ ကုန်ဈေးနှုန်းနဲ့ယာဉ်စီးခတွေ ထိုးတက်လာ

ဘားအံ၊ မတ် ၂၈ စက်သုံးဆီဈေးနှုန်းနဲ့ ထိုင်းဘတ်ဈေး ဆက်တိုက်မြင့်တက်လာကြောင့် ကရင်ပြည်နယ်က ဘားအံ၊ မြဝတီအပါအဝင် မြို့နယ်တွေမှာ ဆန်၊ ဆီ၊ ဆား စတဲ့ ပြည်တွင်းထုတ်ကုန်နဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေ ထိုးတက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ် ဘားအံမြို့မှာ 95…

ပြည်သူတွေ စားဝတ်နေရေး သက်သာစေမယ့် အစီအစဉ်တစ်ရပ် ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ မတ် ၂၈ စားဝတ်နေရေး ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ထိုင်းပြည်သူတွေ သက်သာစေမယ့် အစီအစဉ် တစ်ခု ဖြစ်တဲ့ ခွန်လာ ခရူအန်ခေါ် ပူးတွဲ ငွေရှင်းပေးရေး အစီအစဉ်စတင်နိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ အစိုးရရဲ့ မူဝါဒ ကြေညာချက်ကို လွှတ်တော်သို့ တင်သွင်းပြီးနောက် အဲဒီ အစီအစဉ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံတော် စီးပွားရေးနဲ့ လူမှုရေး…

အမေရိကန်က အီရန်အနီးသို့ တတိယမြောက် လေယာဉ်တင်သင်္ဘော စေလွှတ်

ဝါရှင်တန်၊ မတ် ၂၈ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘော စေလွှတ်မှုအဖြစ် အီရန်အနီးသို့ ယူအက်စ်အက်စ် အိတ်ချ် ဒဗလျူ ဘွတ်ချ်ကို သမ္မတ ဒေါ်နယ် ထရန့်က စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အီရန်ရှိ ပစ်မှတ် ၃၅၀၀ လောက်ကိုပဲ တိုက်ခိုက်စရာ ကျန်တော့တယ်လို့ ထရန့်က ပြောထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်သွားတာနဲ့…

မွန်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ရေပန်းစား

မော်လမြိုင် ၊ မတ် ၂၈ လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့သစ်မှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ခန့်အပ်ခံဖို့ ရေပန်းစားနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ လက်ထောက်တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ဖူးပြီး စစ်ခေါင်းဆောင် ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တွေလည်း ရရှိဖူးပါတယ်။ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ…