March 17, 2026

ဂန့်ဂေါမှာ စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်လို့ သားအမိ ၂ ဦး သေဆုံး

မကွေး မတ် ၁၇ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်လို့ သားအမိ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဂန့်ဂေါမြို့နယ် ကျောက်ဂူဒေသကို စစ်ကော်မရှင်တပ်တွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာ ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ “သေဆုံးသူတွေက မိသားစုဝင်တွေလို့ သိရတယ်ဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပစ်သွားတာပါ။…

ပင်လယ်ကွေ့ မဟာမိတ်တွေကို အီရန် လက်စားချေနိုင်ခြေရှိတယ်လို့ ထရန့်ကို ကြိုတင်သတိပေးထား

ဝါရှင်တန်၊ မတ် ၁၇ အီရန်ကို တိုက်ခိုက်ရင် ပင်လယ်ကွေ့ရှိ အမေရိကန် မဟာမိတ်တွေကို လက်စားချေ တိုက်ခိုက်လာနိုင်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်ကို ကြိုသတိပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုနဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။ အဲဒီလို ကြိုပြောထားခဲ့ပေမယ့် အီရန်ရဲ့ တုံ့ပြန်မှုကို အမှတ်မထင် မြင်တွေ့ခဲ့ရတယ်လို့ ထရန့်က မတ်…

ထိုင်းဆေးရုံတွေ မီးစက် အသုံးပြုနိုင်ရေး လောင်စာဆီ အသည်းအသန် ရှာဖွေနေရ

နာခွန် ရတ်ချာဆီမာ၊ မတ် ၁၇ လောင်စာဆီ ပြတ်လပ်မှုကြောင့် အလန့်တကြား ဖြစ်နေတဲ့ ခွန်ဘူရီဒေသရှိ ဆေးရုံမှာ အရေးကြီးတဲ့ ဆေးဝါး ကုသမှုတွေအတွက် လျှပ်စစ်ဓာတ်အား မပြတ်စေရေး အရန်မီးစက်တွေအတွက် ဒီဇယ်ဆီ အသည်းအသန် ရှာဖွေနေရပါတယ်။ ခွန်ဘူရီ ဆေးရုံမှ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ် ၁၇ ရက်မှာ မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီတွေ ရှာဖွေဝယ်ယူဖို့…

တနင်္သာရီမှာ ရက်ပိုင်းအတွင်း စစ်တပ်စခန်း သုံးခု သိမ်းပိုက်ခံရ

ပုလော၊ မတ် ၁၇ တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း စစ်တပ်စခန်း သုံးခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်အကြာ တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ အချိန်တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း…

ဘီးလင်းမှာ အရပ်သား နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ဘီးလင်း၊ မတ် ၁၇ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြင်သာကျေးရွာမှာ အရပ်သားပြည်သူ နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က ဘီးလင်းမြို့နယ် ပြင်သာကျေးရွာအနီးမှာ တဲဆောက်ဖို့ ချုံရှင်းနေတဲ့ ရွှေတွင်းလုပ်သား နှစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။…

အီရန် စစ်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ နီးပါး ရှိလာ

ဝါရှင်တန်၊ မတ် ၁၇ အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲ တတိယမြောက် သီတင်းပတ်ထဲ ဝင်ရောက်လာချိန် စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က မတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ စစ်သား အများစုဟာ အသေးစား ထိခိုက်ခဲ့ကြတာ…

စက်သုံးဆီ ဂယက်ကြောင့် သီရိလင်္ကာမှာ တစ်ပတ် အလုပ်လုပ်ရက် ၄ ရက် သတ်မှတ်

ကိုလမ်ဘို၊ မတ် ၁၇ အရှေ့အလယ်ပိုင်း စစ်ပွဲ နောက်ထပ် ရှည်ကြာလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သီရိလင်္ကာက သူတို့ရဲ့ ရှားပါးတဲ့ အရန်လောင်စာ ပမာဏထိန်းသိမ်းရေး တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်ပဲ သတ်မှတ်ကြောင်း မတ် ၁၆ ရက်မှာ ကြေညာပါတယ်။ ငြိမ်းချမ်းတဲ့ ကာလတွေမှာ ကမ္ဘာကြီးရဲ့ ကုန်စည်ဖြတ်သန်း စီးဆင်းမှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း…