ပွင့်ဖြူမှာ စစ်ကော်မရှင်နဲ့ ပျူစောထီးတွေ နေအိမ်တွေအထိ ပေါ်တာလိုက်ဆွဲနေ
မကွေး ဖေဖော်ဝါရီ ၁၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင် တပ်သားတွေနဲ့ ပျူစောထီးတွေက နေအိမ်တွေအထိ အမျိုးသားတွေကို ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပွင့်ဖြူမြို့နယ်က လယ်ကိုင်းမြို့နဲ့အနီးနားက ကျေးရွာတွေမှာ ပေါ်တာဆွဲနေလို့ အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “အိမ်စီးကား အဖြူနဲ့ အနက်ရောင်နဲ့…
