February 2026

အီးယူရဲ့ ပြဿနာတွေအတွက် တရုတ်ကို အပြစ်မတင်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တိုက်တွန်း

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၄ ဥရောပရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ပြဿနာတွေအတွက် ဘေဂျင်းအစိုးရကို အပြစ်တင်ရမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝမ်ယိက ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတို့ကို တိုက်တွန်းလိုက်ပါတယ်။ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဝန်ကြီး ဝမ်ယိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တိုက်တွန်းပြီးနောက် အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက…

မကွေးမြို့အထွက်မှာ လူငယ် ၁၁ ဦး ပေါ်တာဆွဲခံရ

မကွေး ဖေဖော်ဝါရီ ၁၄ မကွေးတိုင်း ပွင့်ဖြူကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ လူငယ် ၁၁ ဦးကို စစ်ကော်မရှင်တပ်သားတွေက မကွေးမြို့အထွက် ကံပြားဂိတ်မှာ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ကျောင်းတော်ရာကနေ ရန်ကုန်ပြေးဆွဲနေတဲ့ နန်းထိုက်တော်ဝင် ခရီးသည်တင်ကားမှာ စီးနင်းလိုက် ပါတဲ့ လူငယ် ၁၁ ဦးကို ဖေဖော်ဝါရီ ၁၃…

ချစ်သူများနေ့ မတိုင်ခင် ထိုင်းဝန်ကြီးချုပ် အနုတင် တတိယမြောက် အိမ်ထောင်နဲ့ လက်ထပ်မှတ်ပုံတင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင် ချစ်သူ ဂျာ သန်နာနွမ် နီရာမစ်တို့ ချစ်သူများနေ့မတိုင်ခင် တစ်ရက် ဖေဖော်ဝါရီ ၁၃ ရက်က ဘန်ကောက်မြို့မှာ လက်ထပ်ထိမ်းမြားကြောင်း မှတ်ပုံတင်ခဲ့ကြပါတယ်။ မစ္စစ် သန်နာနွမ်ရဲ့ ကော်ဖီဆိုင်သို့ အသက် ၅၉ နှစ်အရွယ် မစ္စတာ အနုတင် စတင်သွားရောက်ချိန်မှာ သူတို့…

မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲ ရှိမယ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး နေရာ အပြောင်းအလဲ ရှိနေမယ်လို့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် မွန်ပြည်နယ် လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး အမည်စာရင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁…

တနင်္သာရီမှာ စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကျွန်းစုမြို့နယ်ကနေ တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ လယ်သစ်ကျေးရွာနဲ့ ပန်းတောမော်ကျေးရွာတို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် ပန်းတောမော်ကျးရွာနေ အသက် ၅၀…

အီရန်မှာ အစိုးရ အပြောင်းအလဲ လုပ်ဖို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ အီရန် အစိုးရ အပြောင်းအလဲက အကောင်းဆုံးပဲ ဖြစ်လိမ့်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁၃ ရက်က ပြောလိုက်ပါတယ်။ အီရန်အပေါ် ဖိအားပေးရေး အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်ရဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ဝင်ရောက်လာချိန်မှာ ဒေါ်နယ်ထရန့်က အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။ အမေရိကန်က…

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်း အမျိုးသမီး လေးဦးကို ကယ်တင်

မြဝတီ၊ ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံ နယ်စပ် ရွှေကုက္ကိုလ်မြို့က ကျားဖြန့်စင်တာမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်း အမျိုးသမီး လေးဦးကို ကယ်တင်ပြီး မဲဆောက်ကနေတဆင့် ထိုင်းနိုင်ငံထံ ပြန်လည် လွှဲပြောင်းပေးထားတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီ ၁၃ ရက်က ပြောပါတယ်။ အဲဒီ အမျိုးသမီးတွေကို မြဝတီမြို့ကနေ မဲဆောက်သို့ ခေါ်ဆောင်လာပြီး လူကုန်ကူးမှုသားကောင်တွေ ဖြစ်နိုင်သလားဆိုတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက…

တော်လှန်ရေးခရီးပန်းပေမယ့် ဆက်ကြိုးစားရမယ်လို့ NUG ဝန်ကြီးချုပ် ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို ခံစားလာကြရပေမယ့် စစ်အုပ်စုကို ယိုင်နဲ့မှုတွေကနေ အပြီးတိုင်ဖြိုချနိုင်တဲ့အထိ ဆက်ကြိုးစားကြရဦးမယ်လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားမှာ အွန်လိုင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG…

ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘဏ်ငွေထုတ်ယူရာမှာ ရိုးရိုးအကောင့်အပြင် စပယ်ရှယ် အကောင့်တွေကအစ အရင်လို ငွေသားကို လိုသလောက် ထုတ်ယူလို့ မရတော့သလို အကန့်အသတ်နဲ့ ငွေသား အနည်းငယ်လောက်သာ ရတဲ့အတွက်…

ကျိုက်ထိုတိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ပါတယ်။ အင်အား ၂၅၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ရှိ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ်…