December 2025

စစ်အာဏာသိမ်း (၁၇၉၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၄၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၃၁ AAPP ရဲ့ ဒီဇင်ဘာ၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၉၄) ရက်အတွင်း ပြည်သူ (၇၆၄၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၃၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်တစ်ပိုင်းအစိုးရနဲ့ တော်လှန်ရေးအင်အားစုကြား နိုင်ငံရေးအရ အားပြိုင်လာနိုင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁ အာဏာသိမ်းစစ်တပ်က ဦးဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲအလွန်မှာ ရွေးကောက်ခံအစိုးရအမည်ခံ စစ်တစ်ပိုင်းအစိုးရနဲ့ တော်လှန်ရေးအင်အားစုကြား နိုင်ငံရေးအရ အားပြိုင်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့က ၁၀၂ မြို့နယ်အတွင်း အပိုင်း ၁ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်နဲ့ ရုရှားအပါအဝင် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံနဲ့…

မွန်မှာ ရွေးကောက်ပွဲ ပထမပိုင်းပြီးတာနဲ့ လောင်းကစားဝိုင်းတွေ ပြန်ဖွင့်ခွင့်ပြု

မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းပြီးတာနဲ့ လောင်းကစားဝိုင်းတွေကို ပြန်လည်ဖွင့် ခွင့်ပြုနေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကော်မရှင်ဟာ ပွင့်လင်းရာသီ မတိုင်ခင်ကတည်းက တရားဝင်သဖွယ် ခွင့်ပြုခဲ့တဲ့ လောင်းကစားဝိုင်းတွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ရွေးကောက်ပွဲ အားလုံးပြီးတဲ့အထိ ယာယီပိတ်ခိုင်းထားတာပါ။ ဒါပေမယ့် မွန်ပြည်နယ်…

တနင်္သာရီမှာ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

တနင်္သာရီ၊ ဒီဇင်ဘာ ၃၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သဲဖြူကျေးရွာ ထုံကတဲလမ်းဆုံအနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ ထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ သဲဖြူကျေးရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား…

ရန်စမှုတွေနဲ့ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေကို အင်အားအပြည့်နဲ့ တုံ့ပြန်မယ်လို့ တရုတ် ကြွေးကြော်

ဘေဂျင်း၊ ဒီဇင်ဘာ ၃၀ ဘေဂျင်းအစိုးရအနေနဲ့ ရန်စမှုတွေနဲ့ထိုင်ဝမ်သို့ အမေရိကန်ရဲ့ လက်နက် ရောင်းချမှုတွေကို အသေအချာ ကန့်ကွက် ဆန့်ကျင်ရမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အတွင်း တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက် နေရာ ၅ နေရာမှာ ကျည်အစစ်နဲ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ…

ယူကရိန်းမှာ ရုရှား စစ်ရှုံးနိမ့်မှု အတိုင်းအတာ အရင်ကထက် ပိုမို မြန်ဆန်လာ

ကိဗ်၊ ဒီဇင်ဘာ ၃၀ ပြီးခဲ့တဲ့ ၁၀ လအတွင်း ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ဆုံးရှုံးရမှုတွေဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲ စတင်ပြီး နောက်ပိုင်း အမြန်ဆန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနရဲ့ လေ့လာစိစစ်မှုက ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ၂၀၂၅ ခုနှစ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းတာတွေ…

ရေးမြို့မှာ ရဲတပ်ကြပ်ကြီး တစ်ဦး ပစ်သတ်ခံရ

မြဝတီ၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ် ရေးမြို့ သီရိခေမာရပ်ကွက် အမှတ် ၈ လမ်းမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးခရိုင်ရဲတပ်ဖွဲ့ရုံးကနေ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ အသက် ၅၀ အရွယ်…

မြဝတီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား လေးဦး လက်နက်ချအလင်းဝင်

မြဝတီ၊ ဒီဇင်ဘာ ၃၀ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်သား လေးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ မြဝတီမြို့တောင်ဘက်က ဖလူးဒေသနဲ့ မင်းလက်ပံဒေသထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်သား ၄ ဦးဟာ အခုရက်ပိုင်းထဲမှာ KNU/KNLA…

ကမ္ဘောဒီးယား သဘောတူညီမှု ချိုးဖောက်နေတယ်လို့ ထိုင်း စွပ်စွဲ

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ကမ္ဘောဒီးယားက မိမိတို့ လေပိုင်နက်ထဲသို့ ဒရုန်း အစီးရေ ၂၅၀ မောင်းနှင်ဝင်ရောက်ပြီး အသစ်စက်စက် လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲထားပါတယ်။ အခုလအတွင်း တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး စစ်ဘေးရှောင် တစ်သန်းကျော်ရှိလာခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ထိုင်းကြား…

အီရန် ထပ်မံ တိုက်ခိုက်ခံရနိုင်တယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ အီရန်နိုင်ငံ ထပ်မံ တိုက်ခိုက်ခံရနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးပြီး ဂါဇာမှာ ဟားမာ့စ်အဖွဲ့ လက်နက် ဖြုတ်သိမ်းဖို့ ပျက်ကွက်ရင် ငရဲကျသလို ပေးဆပ်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒုတိယအဆင့်နဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို…