စလင်းနဲ့ ပွင့်ဖြူမှာ စစ်ကော်မရှင်နဲ့ PDF တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ
မကွေး ဒီဇင်ဘာ ၃၀ မကွေးတိုင်း က စလင်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၉ ရက်အထိ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ “အဓိကကတော့ ဆင်ဖြူကျွန်းဘက်မှာဖြစ်နေတာပေါ့။ စစ်ကောင်စီ ရဲ့ကျန်နေတဲ့ဘန်ကာကိုကာကွယ်ရေးတပ်တွေက ဖိအားပေးတိုက်ခိုက်နေတာပါ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို…
