နယူးဒေလီ၊ ဒီဇင်ဘာ ၂၉
အတိမ်းအစောင်း မခံနိုင်တဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အချိုးအကွေ့တွေ ရှိလာနိုင်တဲ့အချိန် အိန္ဒိယက လာမယ့်နှစ် BRICS အဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာကို ရယူဖို့ စီစဉ်နေပါတယ်။
ဝါရှင်တန်ဆီက ဖိအားတွေ ရှိနေပြီး နိုင်ငံတကာရဲ့ ရည်မှန်းချက်တွေ ပိုများလာသလို အကျိုးစီးပွား ပြိုင်ဆိုင်မှုတွေ ပိုများလာချိန်မှာ အိန္ဒိယက အဖွဲ့ဝင်တွေ ပိုများလာတဲ့ BRICS အဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို ရယူမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း ပြောင်းလဲလာနေတဲ့ အခြေအနေတွေကို ဆက်လက် သတိထား စောင့်ကြည့်ရင်း ကမ္ဘာ့တောင်ပိုင်းကို ဦးစားပေးလှုပ်ရှားစေဖို့ ရည်မှန်းထားကြောင်း အိန္ဒိယက အချက်ပြထားပါတယ်။
BRICS ဥက္ကဋ္ဌအနေနဲ့ ထွန်းသစ်စ နိုင်ငံတွေရဲ့ စီးပွားရေး ခိုင်မာတဲ့ ရလဒ်တွေကိုလည်း အာရုံစိုက်ပြီးတော့ ကိုယ်ပိုင် အကျိုးစီးပွားရေး အမျိုးမျိုး ကွဲပြာ်းနေရင်တောင် ဘုံစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာ အဖွဲ့ဝင်တွေ စည်းစည်းလုံးလုံးရှိနေစေဖို့ နယူးဒေလီက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မူလက ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့တရုတ်တို့ ဖွဲ့စည်းခဲ့တဲ့ BRICS အဖွဲ့ဟာ အစဉ်အလာ အနောက်တိုင်း အင်အားကြီး နိုင်ငံတွေကို သံတမန်ရေးအရ တန်ပြန် ထိန်းချုပ်နိုင်မယ့် အဖွဲ့အဖြစ် အများက ရှုမြင်ထားကြပြီးနောက် တောင်အာဖရိကလည်း ပါဝင်လာခဲ့ပါတယ်။
မကြာသေးခင် နှစ်တွေက အဖွဲ့ဝင် အသစ် ဖြစ်လာခဲ့တဲ့ နိုင်ငံတွေမှာ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ယူအေအီးနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေ ပါဝင်လာပါတယ်။
အဲဒီအဖွဲ့ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ကို ကိုယ်စားပြုပြီး ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးကို ကိုယ်စားပြုတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ဦးဆောင်မှုနဲ့ BRICS အဖွဲ့ဟာ ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ စွမ်းအင် ပြောင်းလဲ သုံးစွဲရေးနဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေကို အာမခံမယ့် အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖော်ဆောင်လာနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖွဲ့စည်းပုံကိုလည်း အနောက်တိုင်း အင်အားကြီးနိုင်ငံတွေက ထိန်းချုပ်ထားတဲ့ စနစ် မဟုတ်ဘဲ အဖွဲ့ဝင် နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ စနစ် ဖြစ်လာစေဖို့ ရည်မှန်းထားပါတယ်။
ဝါရှင်တန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် ရယူဖို့နဲ့ အခွန်အတုပ်ဆိုင်ရာ လိုက်လျောမှုတွေနဲ့ ညှိနှိုင်းရေး ကြိုးပမ်းနေရချိန်မှာ BRICS အဖွဲ့ ဥက္ကဋ္ဌ ရာထူးကို အိန္ဒိယက လက်ခံ ရယူမှာ ဖြစ်ပါတယ်။
Source: CNA

