စင်ကာပူ၊ ဖေဖော်ဝါရီ ၂၄

တိုင်းတပါးနိုင်ငံတွေရဲ့ အရေးကိစ္စအတွက် ရေခြားမြေခြားမှာ တိုက်ပွဲဝင်နေတဲ့ စင်ကာပူ နိုင်ငံသားတွေကို အရေးယူသွားမှာ ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကေ ရှန်မူဂန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

စင်ကာပူမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ လူမျိုးရေး၊ ဘာသာရေး စည်းချက်ညီညွတ်ဖို့ အရေးကြီးကြောင်းသူက အလေးထား ပြောဆိုပါတယ်။

စင်ကာပူမှာ စည်းချက်ညီညွတ်စွာ နေထိုင်ရေး ကူညီပေးနေကြတဲ့ ဘာသာရေးနဲ့ လုထု အသိုင်းအဝိုင်း ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍတွေလည်း အရေးကြီးကြောင်း ရှန်မူဂန်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်သူ မစ္စတာ ရှန်မူဂန်က ခါဒီဂျာ ဗလီနဲ့ ဘာသာရေးဆိုင်ရာ ပြန်လည် တည့်မတ်ပေးရေးအဖွဲ့တို့ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ပူးတွဲကျင်းပခဲ့တဲ့ ဥပုသ်ထွက်ပွဲ အခမ်းအနားမှာ အခုလိုမျိုး ပြောကြားခဲ့တာပါ။

ကမ္ဘာတဝှမ်းနဲ့ ဒီဒေသရဲ့ အစိတ်အပိုင်းတွေမှာ ကြီးမားတဲ့ ဖိအားတွေ ရှိနေတဲ့ အချိန်တစ်ချိန်နဲ့ မိမိတို့ ကြုံဆုံနေကြောင်း မစ္စတာ ရှန်မူဂန်က ပြောပါတယ်။

နိုင်ငံရေး ဖိအားရော စီးပွားရေးဖိအားတွေပါ ရှိနေတာကြောင့် လူမှုအသိုင်းအဝိုင်းတွေကြား ကြီးမားတဲ့ တင်းမာမှုတွေ၊ နေရာများစွာမှာ အကြမ်းဖက်မှုတွေ၊ နိုင်ငံတွေကြား စစ်ပွဲတွေ ကြုံနေရကြောင်း၊ ဒီလို ကြုံနေချိန် မိမိတို့ စင်ကာပူနိုင်ငံ ဆက်လက် ငြိမ်းချမ်းနေတာဟာ လူမျိုးရေး၊ ဘာသာရေး စည်းချက်ညီမှု အပါအဝင် အခြေခံကျတဲ့ အချက်အတော်များများ အပေါ် အာရုံစိုက်နေတာကြောင့် ဖြစ်တယ်လို့ မစ္စတာ ရှန်မူဂန်က ဆိုပါတယ်။

ပြင်ပကမ္ဘာမှာ ဘာတွေပဲ ဖြစ်နေနေ အဲဒီ ပြဿနာတွေကို စင်ကာပူနိုင်ငံထဲ ခေါ်သွင်းမလာကြဖို့ အရေးကြီးကြောင်းလည်း သူက ပြောပါတယ်။

သင့်တော်ပြီး လုပ်ပေးနိုင်တဲ့ ဘယ်ပြည်ပနေရာမှာ မဆို စင်ကာပူက လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပိုပေးနေပေမယ့် တချိန်တည်းမှာပဲ ဥပဒေအရ စင်ကာပူ နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြား ပဋိပက္ခတွေမှာ ပါဝင်ခွင့် မရှိဘူးလို့ တားမြစ်ထားကြောင်း မစ္စတာ ရှန်မူဂန်က ပြောပါတယ်။

တကယ်လို့ အိုင်အက်စ်အဖွဲ့လို အဖွဲ့အစည်းမျိုးတွေ ဒါမှမဟုတ် ယူကရိန်းနဲ့ ရုရှား ဒါမှမဟုတ် ဂါဇာလို နိုင်ငံနဲ့ ဒေသတွေမှာ စင်ကာပူ နိုင်ငံသားများ ပါဝင် တိုက်ခိုက်နေကြောင်း ဖော်ထုတ် သိရှိရင် အရေးယူမှာ ဖြစ်ကြောင်း သူက ဆိုတာပါ။

စင်ကာပူက အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေး တစ်ဦးဟာ အိုင်အက်စ်အဖွဲ့အတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကိုလည်း ပြည်ထဲရေးဝန်ကြီးက ဥပမာပေး ပြောကြားသွားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.