December 22, 2025

စစ်အာဏာသိမ်း (၁၇၈၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၃ AAPP ရဲ့ ဒီဇင်ဘာ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၆) ရက်အတွင်း ပြည်သူ (၇၆၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၆၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လူထုကိုယ်စား အသံထွက်ပေးမယ့် အမတ်တွေ လွှတ်တော်မစခင် နှုတ်ဆိတ်ခံနေရပြီလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၃ လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမကျင်းပခင်မှာဘဲ နှုတ်ဆိတ်နေရမယ့် ညွန်ကြားချက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကနေ နိုင်ငံ့အာဏာသုံးရပ်ကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အစိုးရတွေရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့် ကွက်ရင် အရေးယူမယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့…

မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကို စစ်ကော်မရှင် ရက်တိုးခွင့်ပြု

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်မီအထိ လောင်းက စားဝိုင်းတွေကို ရက်တိုးခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကော်မရှင်ဟာ အရင်က လောင်းကစားဝိုင်းတွေကို ရွေးကောက်ပွဲ မတိုင်ခင် ဒီဇင်ဘာ ၂၁ ရက်နေ့အထိသာ ပြုလုပ်ခွင့်ပေးထားရာမှ လက်ရှိမှာ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ…

သထုံခရိုင်မှာ လူငယ်တွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲခံနေရ

သထုံ၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ လူငယ်တွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲခံနေရပြီး ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ စစ်မှုထမ်း တပ်သား စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်က အခုဒီဇင်ဘာလအတွင်း လူငယ်တွေကို ဆက်တိုက်ဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးနေတာပါ။ အထူးသဖြင့် စစ်ကော်မရှင်ဟာ လမ်းသွားလမ်းလာ…

မော်စကိုမှာ ရုရှားဗိုလ်ချုပ် တစ်ဦး ကားဗုံးနဲ့ လုပ်ကြံသတ်ဖြတ်ခံရ

မော်စကို၊ ဒီဇင်ဘာ ၂၂ ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ဗိုလ်ချုပ်တစ်ဦး ကားဗုံးနဲ့ လုပ်ကြံ သတ်ဖြတ်ခံရကြောင်း အရာရှိတွေက ပြော ပါတယ်။ ကားတစ်စီးအောက် ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း ဖောက်ခွဲခံရတာကြောင့် ဒုဗိုလ်ချုပ် ဖာနေးလ် ဆာဗာရော့ဗ် သေဆုံးသွားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ အသက် ၅၆ နှစ်အရွယ် ဖာနေးလ် ဆာဗာရော့ဗ်ဟာ…

လာမယ့်နှစ်မှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆက်လက် နှိမ်နှင်းသွားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂ လာမယ့်နှစ် ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ဖိအားတွေ ရှိနေပေမယ့် အလုပ်နေရာတွေကို စီးနင်းမှုတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းမှုတွေကို အရှိန်မြှင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး ရန်ပုံငွေ ဘီလီယံနဲ့ချီ သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။ အမေရိကန်ရဲ့ အဓိက မြို့ကြီးတွေမှာ ထရန့်ရဲ့…

ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု လေကြောင်းဗုံးကြဲခံရ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စုမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၁၂ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ် တစ်စီးဟာ ခရွဲကျေးရွာအုပ်စုထဲကို ပေါင် ၃၀၀ ဗုံး နှစ်လုံး…

ပုလောမှာ CDM ဆရာမ ဇနီးမောင်နှံ သတ်ဖြတ်သူ လေးဦး ဖမ်းမိပြီ

ပုလော၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲကျေးရွာနေ CDM ဆရာမ ဇနီးမောင်နှံ နှစ်ဦးအား သတ်ဖြတ်ခဲ့တဲ့သူ လေးဦးကို ဖမ်းမိထားတယ်လို့ ကရင်အမျိုသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဖမ်းမိထားတဲ့ တရားခံ လေးဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) အချုပ်စခန်းကနေ ထွက်ပြေးလာသူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊…

ထိုင်းနယ်စပ် ပဋိပက္ခကြောင့် စစ်ဘေးရှောင် ၅ သိန်းကျော်ရှိလာပြီလို့ ကမ္ဘောဒီးယား ပြော

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၂ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ သိန်းကျော် ရှိပြီး ဖြစ်ကြောင်း ဖနွမ်းပင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်မှာပြောလိုက်ပါတယ်။ လောလောဆယ် ကမ္ဘောဒီးယားမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ သိန်းကျော်ရှိပြီး ထိုင်းစစ်တပ်ရဲ့…

ဆော်ဒီအာရေးဗီးယားမှာ စံချိန်တင် ကွပ်မျက်သတ်ဖြတ်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေ ပြစ်တင် ရှုတ်ချ

ရီးယာ့ဒ်၊ ဒီဇင်ဘာ ၂၂ ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်ခံရသူ အရေအတွက် နှစ်နှစ်ဆက်တိုက် စံချိန် အသစ်တင်ခဲ့တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ သေဒဏ်ပေးခဲ့သူ ၃၄၅ ဦးရှိခဲ့ပြီး အခုနှစ်အတွင်း သေဒဏ်ချမှတ်ခံရသူ ၃၄၇ ဦးရှိကြောင်း ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Reprieve က ပြောပါတယ်။…