October 22, 2025

ဂါဇာမှာ ကျန်းမာရေးပြဿနာ မျိုးဆက်ပေါင်းများစွာ ရှည်ကြာနေလိမ့်မယ်လို့ WHO သတိပေး

ဂျီနီဗာ၊ အောက်တိုဘာ ၂၂ ဂါဇာ ကမ်းမြောင်ဒေသမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး ဘေးအန္တရာယ်ဟာ လာမယ့် မျိုးဆက်များစွာအထိ ရှည်ကြာနေလိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။ ဒေါက်တာ တီဒရို့စ် အက်ဟာနန် ဂီဘရီယေဆုက ဂါဇာ ကမ်းမြောင်ဒေသနေ လူထုရဲ့ ရှုပ်ထွေးလှတဲ့ လိုအပ်ချက်တွေကို စတင်ဖြေရှင်းဖို့ အကူအညီတွေ အများကြီး တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့…

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေသွန်ထန် ပါတီခေါင်းဆောင်ရာထူးက နုတ်ထွက်

ဘန်ကောက်၊ အောက်တိုဘာ ၂၂ မကြာသေခင်က ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ပေသွန်ထန် ရှင်နာဝါထရာဟာ သူ့ဖခင် တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ရာထူးကနေ အောက်တိုဘာ ၂၂ ရက်မှာ နုတ်ထွက်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ပေသွန်ထန်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ တစ်နှစ်တောင် မပြည့်ခဲ့ဘဲ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ နယ်စပ် ပြဿနာကို ကိုင်တွယ်ပုံနဲ့ပတ်သက်လို့…

မွန်ပြည်နယ်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ပြိုင်မယ်

မော်လမြိုင်၊ အောက်တိုဘာ ၂၂ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၂၅၄ ဦး ရှိတယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊…

မိုးကုတ်မှာ ဘောလုံးကွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ် သုံးဦး သေဆုံး

မိုးကုတ်၊ အောက်တိုဘာ ၂၂ မန္တလေးတိုင်း မိုးကုတ်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မိုးကုတ်မြို့နယ် ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ…

ကျားဖြန့်ဂိုဏ်းက သတ်ပစ်လိုက်တဲ့ ဘီလာရုဇ် မော်ဒယ် မြန်မာနိုင်ငံဆီ အတင်းအကြပ် ခေါ်ဆောင်ခံရတာမဟုတ်ဘူးလို့ ထိုင်း ပြော

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ကျားဖြန့် ဂိုဏ်းတစ်ဂိုဏ်းက သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို မှောင်ခို ဈေးကွက်မှာ ရောင်းစားပစ်လိုက်တယ်ဆိုတဲ့ ဘီလာရုဇ် မော်ဒယ်ဟာ အလုပ်လုပ်ဖို့ ဘန်ကောက်ကို ရောက်လာချိန်မှာ မြန်မာနိုင်ငံသို့ အတင်းအကြပ် ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ငြင်းဆိုလိုက်ပါတယ်။ အဲဒီ သတင်းကို ရုရှားသတင်းဌာန Mash က အရင်ဦးဆုံး ဖော်ပြခဲ့တာ…

ရုရှားက အပစ်ရပ်ဖို့ ငြင်းဆိုပြီးနောက် ထရန့်-ပူတင် တွေ့မယ့် အစီအစဉ် ဆိုင်းငံ့ထား

ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ယူကရိန်းမှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး မော်စကိုက ငြင်းဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကြား တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အရာရှိတွေက အောက်တိုဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတ ပူတင်နဲ့ သမ္မတ ထရန့်တို့ကြား များမကြာခင် တွေ့ဆုံမယ့် အစီအစဉ် မရှိသေးဘူးလို့…