ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးလမ်းပိုင်း ပြန်လည်ထိန်းချုပ် စစ်တပ်စစ်ကြောင်းထိုးနေ
ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတချို့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနေပြီး ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာလ တတိယအပတ်ကစပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ချောင်းနှစ်ခွကျေးရွာကနေတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ဘက်ကို စစ်ကော်မရှင်တပ် လက်အောက်ခံ စစ်ကြောင်းတစ်ကြောင်း ဦးတည်စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီးတွေနဲ့…
