သထုံ၊ စက်တင်ဘာ ၁၇
မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်အကျဉ်းထောင်ရှေ့မှာ အချုပ်သား ခုနှစ်ဦး ထွက်ပြေးသွားပြီး အဲဒီထဲက သုံးဦး ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က သထုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး ပြန် လာတဲ့ အချုပ်သားတွေဟာ အချုပ်ကားတံခါးဖွင့်စဉ် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီထဲက အချုပ်သား သုံးဦးကို ထောင်အာဏာပိုင်တွေ ချက်ချင်းပြန်လည် ဖမ်းဆီးနိုင်ခဲ့ပေမယ့် အချုပ်သားလေးဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အချုပ်သားတွေ ထွက်ပြေးသွားတာကြောင့် စစ်ကော်မရှင်တပ်က သထုံမြို့နယ် ဈေးမသွယ်ကျေးရွာနဲ့ ကြာပန်းကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာတွေမှာ တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အချုပ်ကားပေါ်ကနေ ထွက်ပြေးသွားသူတွေဟာ ဘယ်ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရလဲဆိုတာကို သံ လွင်တိုင်းမ်က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

