ကြုံရာဆုံရာ တစ်မိနစ်တာ

0
18603

လက်ရှိသူတို့ဘာတွေလုပ်နေလဲ။ အနုပညာရှင် တစ်ချို့က ယခုလိုပြောထားပါတယ်

ဝေလ (တေးသံရှင်)
%e1%80%b1%e1%81%80%e1%80%9c
တေးသံရှင် ဝေလဟာ အဓိပတိဖွား ဆိုတဲ့ အယ်လ်ဘန် နဲ့ ပရိတ်သတ်အားပေးမှု တခဲနက် ရရှိခဲ့ပြီးနောက် နိုဝင်ဘာလ (၃)ရက်နေ့ကလည်း တေးသီချင်း(၃) ပုဒ်သာပါဝင်သည့် ၎င်းရဲ့ မီနီအယ်လ်ဘန်ကို ပရိတ်သတ် တွေဆီအရောက် ချပြခဲ့ပါတယ်။ ဒီသီချင်းအယ်လ်အန်အကြောင်းနဲ့ပတ်ပြီး ဝေလက “ဒီအခွေထဲမှာက

ဘဝအကြောင်းတွေချည်းပဲ သီဆိုထားတာပါ။ အချစ်သီချင်းတော့မပါဘူးပေါ့နော် သီချင်းစုစုပေါင်း(၃) ပုဒ်လုံးကိုလည်း ပရိတ်သတ်ကြိုက်မယ်လို့မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

၎င်းရဲ့ မီနီအယ်လ်ဘန်ထဲမှာ ဆေး၊ လမ်းဘေးမှာရှိသည်နဲ့ ကုတင်အမှတ်(၁၈) စတဲ့တေးသီချင်းတွေပါဝင်ပြီး အခွေနာမည်ကိုတော့ ကုတင်အမှတ်(၁၈)လို့ ပေးထားပြီး ပရိတ်သတ်တွေ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ခံစားနိုင် မယ်လို့လည်း ဆိုပါတယ်။

Iron Cross
iron-corss
လေးဖြူ၊အငဲ ၊မျိုးကြီး၊ ဝိုင်းဝိုင်း စတဲ့ နာမည်ကြီးတေးသံရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ Iron Cross တေးဂီတအဖွဲ့ဟာ နိုဝင်ဘာလ (၁၃) ရက်နေ့က မော်လမြိုင်မြို့မှာ လာရောက်ဖျော်ဖြေခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ရွှေဘိုမြို့မှာ ဖျော်ဖြေပွဲအပြီး ၂၀၁၇ နှစ်သစ်အတွက် Happy New Year ည မှာ ရန်ကုန်မြို့မှာ အထူးဖျော်ဖြေသွားဖို့ ရှိတယ်လို့လည်းဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.