ရုပ်ရှင်ကားကြီးလက်ခံရိုက်ကူးထားတာတွေရှိသလို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ တစ်ကိုယ်တော်အခွေချပြဖို့ စီစဉ်နေတဲ့ မွန်တိုင်းရင်းသားလေး သရုပ်ဆောင်မော်ဒယ်လ် ချမ်းညီညီနှင့် တွေ့ဆုံခြင်း

0
22354

တင်ဆက်သူ – TU Arkar Min

သရုပ်ဆောင် မော်ဒယ်လ် ချမ်းညီညီဟာ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေသလို MTV တွေနဲ့ ဗွီဒီယိုဇာတ်လမ်းတွေပါ ရိုက်ကူးနေတာတွေလည်း တွေ့ရပါတယ်။ အချစ်နွံ၊ သူတို့ပြောတဲ့ သူတို့အကြောင်း၊ စာနာစိတ် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတဲ့အပြင် ရုပ်ရှင်ကားကြီးတွေ လည်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ (၁၈) ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုအဖြစ်လျှောက်ထားတဲ့ မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ ချမ်းညီ ညီနဲ့ သံလွင်တိုင်းမ်တို့တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။လက်ရှိ အစ်ကို့ရဲ့အနုပညာလှုပ်ရှားမှုလေးပြောပြပေးပါဦး။
ဖြေ။ ။MTV တွေနဲ့ ကြော်ငြာတွေ လက်ခံထားတာတွေ ရှိပါတယ်။ နောက်ပြီး ရုပ်ရှင်ကားကြီးတစ်ကား လက်ခံရိုက်ကူးထားတာတွေလည်း ရှိပါတယ်။

မေး။ ။ရုပ်ရှင်ကားကြီးကရော ဘယ်သူတွေနဲ့ တွဲဖက်ရိုက်ကုူးသွားမှာလဲ။ ဇာတ်ကားနာမည်လေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ဇာတ်ကားနာမည်ကတော့ သူတောင်းစားရှင်းတမ်းပါအစ်ကို။ ဟာသရုပ်ရှင်ကားကြီးဆိုတော့ လေ ဟာသ သရုပ်ဆောင်တွေတော်တော်များများပါမှာပါ။ မြန်မာနိုင်ငံက ဟာသ သရုပ်ဆောင် အားလုံးကို သုံးမယ်လို့ပြောထားတယ်အစ်ကို။

မေး။ ။မတ်လ(၁၈) ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲအတွက် ရွှေကြိုလျှောက်မယ်လို့ သိရပါတယ်။ လျှောက်ဖို့စီစဉ်ဖြစ်ခဲ့ပုံလေးလည်းပြောပြပေးပါဦး။
ဖြေ။ ။မနှစ်ကတည်းက လျှောက်ဖို့ စဉ်းစားဖြစ်ခဲ့တာပါ။ မနှစ်ကဆို ကျောင်းတစ်ဖက်နဲ့လည်း ဖြစ်နေတယ်။ အင်ဂျင်နီယာ အလုပ်လည်း ဝင်လုပ်နေတော့ မလျှောက်ဖြစ်လိုက်ဘူး။ ကျွန်တော့် ကိုလည်း အကုန်လုံးက လျှောက်စေချင်တာနဲ့ ကျွန်တော်လည်း လျှောက်ဖြစ်သွားတာပါ။

မေး။ ။ရွှေကြိုကနေ တစ်ဆင့် အနုပညာလောကထဲဝင် ရောက်ရှိသွားတဲ့ အနုပညာရှင်တွေကလည်း အများကြီးရှိတယ်ဆိုတော့လေ။ အစ်ကို့အနေနဲ့ရော အဲ့ဒီအပေါ်မှာ ဘယ်လောက်အထိ မျှော်လင့်ထား တာမျိုးရှိလဲ။
ဖြေ။ ။အဲ့လိုမျိုးကြီးတော့ ကျွန်တော်မမျှော်လင့်ထားဘူးအစ်ကို။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မျှော်လင့်ထားပြီးတော့ မဖြစ်လာရင် ကိုယ်ပဲခံစားရမယ်လေ။ အဲ့ဒါကြောင့် အများကြီးတော့ မမျှော် လင့်ထားဘူး။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။

မေး။ ။ရွှေကြိုအတွက် သီးသန့်ပြင်ဆင်နေတာတွေရော ရှိနေပြီလား။
ဖြေ။ ။ ကျွန်တော် လောလောဆယ်တော့ ရုပ်ရှင်ပတ်သက်တဲ့ သမိုင်းကြောင်းတွေတော့ လေ့လာနေ ပါတယ်။ အင်တာဗျူးမှာ မေးလေ့မေးထ ရှိတာတွေကိုတော့ ကျွန်တော်လေ့လာနေပါတယ်။

မေး။ ။အစ်ကိုအားကျရတဲ့ အနုပညာရှင်တွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ကျွန်တော်အရမ်းအားကျရတဲ့ အနုပညာရှင်တစ်ယောက်ရှိပါတယ်။ ကိုနေတိုးကိုတော့ အရမ်း အားကျပါတယ်။

မေး။ ။အနုပညာလုပ်ငန်းတွေကိုရော ဘယ်လောက်အထိ လုပ်သွားဖို့ စိတ်ကူးထားတာမျိုးရှိလဲ။ နောက်ပြီး အစ်ကိုလုပ်ချင်တဲ့ အနုပညာပုံစံက ဘယ်လိုမျိုးလဲ။
ဖြေ။ ။အနုပညာကို ကျွန်တော်အရမ်းဝါသနာပါတဲ့အတွက် အကောင်းဆုံးကြိုးစားပြီး ဆက်လုပ်သွားမှာ ပါ။ ကျွန်တော်လုပ်တဲ့ အနုပညာတွေကို ပရိတ်သတ်လက်ခံတဲ့အထိ ကျွန်တော်ကြိုးစားသွားမှာပါ။ ကျွန်တော်လုပ်ချင်တဲ့ အနုပညာပုံစံကလည်း သရုပ်ဆောင်ပါပဲ။ ဒါပေမယ့် ကျွန်တော်အများကြီး လေ့လာနေရပါတယ်။ အနုပညာလောကနဲ့လည်း လုံးဝအစိမ်းသက်သက်ကြီးလည်းဖြစ်တယ်။ ကျွန်တော်က တိုင်းရင်းသားလည်းဖြစ်တော့ စကားဝဲတာက အဓိက အခက်ခဲဖြစ်နေတယ်။ အဲ့ဒါ ကြောင့် စကားတွေ မနည်း ထိန်းပြောနေရပါတယ်။
image1
မေး။ ။အစ်ကိုက မွန်တိုင်းရင်းသားလား။ ဇာတိကရော။
ဖြေ။ ။ဟုတ်ပါတယ်။ ကျွန်တော်က မွန်တိုင်းရင်းသားပါ။ ဇာတိကတော့ သံဖြူဇရပ်ကပါ။

မေး။ ။ပရိတ်သတ်တွေ မေးနေကြတဲ့ Girl Friend ရောရှိနေပြီလား။
ဖြေ။ ။မရှိသေးဘူးအစ်ကို။ အခုလောလောဆယ် အဲ့ဒီဘက်ကိုလည်း စိတ်မလှည့်နိုင်သေးပါဘူး။ ကိုယ့်ဟာကိုယ်တောင် မနည်းရပ်တည်နေရတာဆိုတော့လေ(ရယ်လျက်)။

မေး။ ။ တစ်ကယ်လို့ အိမ်ထောင်ဖက် ရွေးချယ်ရမယ်ဆိုရင် အစ်ကိုရွေးချယ်မယ့် မိန်းကလေးက ဘယ်လိုမျိုးဖြစ်မလဲ။
ဖြေ။ ။စိတ်ဓါတ်ကောင်းပြီး လူကြီးသူမ မိဘတွေသိတတ်တဲ့ သူမျိုးဖြစ်စေချင်တယ်။ အခုတော့ စိတ်ကူး နေတာတွေ မရှိသေးပါဘူး(ရယ်လျက်)။

မေး။ ။အစ်ကို အဆိုဘက်ကိုရော သွားဖို့ရှိလား။
ဖြေ။ ။ဟုတ်ကဲ့အစ်ကို။ ကျွန်တော်က အဆိုဘက်ကို အရင်သွားမှာပါအစ်ကို။ ကျွန်တော်အခုလော လောဆယ် တစ်ကိုယ်တော် အယ်လ်ဘန် ထုတ်ဖို့ စီစဉ်နေပါတယ်အစ်ကို။ ကျွန်တော်ကြိုးစားနေပါ တယ်။

မေး။ ။ တစ်ကိုယ်တော် အယ်လ်ဘန်နဲ့ပတ်သတ်ပြီး ဘယ်လောက်ထိ စီစဉ်ပြီးနေပြီလဲ။
ဖြေ။ ။ကျွန်တော်သီချင်းတွေတော့ လိုက်စုနေပါတယ်။ အခွေလုပ်တာလည်း အရမ်းကိုခက်ခဲတဲ့ အတွက် ကျွန်တော့မှာလည်း အခက်ခဲတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီနှစ် မကုန်ခင် ထွက်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

မေး။ ။မတ်လ(၁၈) ရက်နေ့မှာကျင်းပမယ့် အကယ်ဒမီပေးပွဲကိုရော တက်ဖြစ်မလား။ အစ်ကိုရစေ ချင်တဲ့ အနုပညာရှင်တွေ ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။အကယ်ဒမီပေးပွဲတက်မှာပါ။ အနုပညာရှင်တွေ ဘယ်သူပဲရရ သူတော်လို့ သူရတယ်လို့ပဲ မှတ်ယူထားပါတယ်။ အကုန်လုံးကတော့ အကောင်းဆုံး ကြိုးစားနေကြတာပဲလေ။ ကံတရားလည်း အများကြီးပါပါတယ်။ ရချင်တယ်တဲ့ သူဆိုရင်တော့ ကျွန်တော့ရဲ့ Idol ကိုနေတိုးကို ရစေချင်ပါတယ်။ ဒါပေမယ့် ဘယ်သူပဲ ရရ အားလုံးကို congratulation လုပ်နိုင်ပါတယ်။ အကယ်ဒမီ ဆိုတာကလည်း အကုန်လုံးရဲ့ မျှော်လင့်ချက်လို့ ကRန်တော်ထင်ပါတယ်။

မေး။ ။ အခုတလော မကြာခဏ ဆိုသလို တွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ cele cele small ဆိုတဲ့ page က အရင်ကလည်း နီနီတို့ ၊ ဝိုင်းစုတို့ကို ထိုးနှက်တာတွေရှိတယ်။ အခုလည်း ကစ်ကစ်( ဝတ်မှုံရွှေ ရည်) ကို ထိုးနှက်တယ်ဆိုတော့လေ။ အဲ့လို လူမှု ကွန်ယက်တွေမှာ ထိုးနှက်နေတာ တွေနဲ့ ပတ်သတ် ပြီး အစ်ကို့အမြင်လေးလည်းပြောပြပေးပါဦး။
ဖြေ။ ။ Cele Cele Small က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် အနုပညာရှင်တစ်ယောက်ကိုပုတ်ခတ်နေတာတော့ မဖြစ်စေချင်ပါဘူး။ လူတိုင်းကတော့ အခက်ခဲတွေ ရှိမှာပဲလေ။

မေး။ ။ အစ်ကို့ကို အားပေးနေတဲ့ မွန်ပြည်နယ်ပရိတ်သတ်တွေရော၊ မြန်မာတစ်နိုင်ငံလုံးက ပရိတ် သတ်တွေအတွက် စကားလက်ဆောင်လေးပါးပေးပါဦး။
ဖြေ။ ။ပရိတ်သတ်တွေလက်ခံနိုင်တဲ့ အနုပညာဖြစ်အောင် အကောင်းဆုံးကြိုးစားနေပါတယ်။ ကျွန်တော့ကိုလည်း အားပေးကြပါဦးလို့။ အနုပညာလောကထဲ အစိမ်းသက်သက်ကြီး ဖြစ်နေတဲ့ အတွက် ကျွန်တော့မှာလည်း လိုအပ်ချက်တွေအများရှိပါသေးတယ်။ ကျွန်တော့်ကို အားပေးပါဦးလို့ ပြောချင်ပါတယ်။

မေး။ ။ အခုလို သံလွင်တိုင်းမ်ကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကိုချမ်းညီညီ ကို ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်လည်း အခုလိုဖြေကြားခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။ အရပ်(၅) ပေ (၈) လက်မရှိတဲ့ သရုပ်ဆောင် မော်ဒယ် ချမ်းညီညီ ဟာ သံဖြူဇရပ်ဇာတိဖြစ်ပြီး (၁၉၉၃) ခုနှစ် ဇွန်လ (၁၂) ရက်နေ့မှာ မွေးဖွားခဲ့ တယ်လို့ ဆိုပါတယ်။ နည်းပညာတက္ကသိုလ်(မော်လမြိုင်) မှ BE (Civil) ဘွဲ့ရရှိထားတဲ့ မြို့ပြ အင်ဂျင် နီယာတစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေ လက်ခံတဲ့အထိ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖောပြပေး သွားဦးမလဲဆိုတာ သံလွင်တိုင်းမ်မှာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.