အနုပညာအလုပ်တွေ ပြန်လုပ်နေပြီလို့ ဆိုလာတဲ့ သက်မွန်မြင့်

ဓါတ်ပုံ - အင်တာနက်

အကယ်ဒမီ သက်မွန်မြင့်ဟာ သားသမီးတွေ ငယ်သေးတဲ့အတွက် အနုပညာလှုပ်ရှားမှုတွေ ကျဲသွားပေမယ့် ယခု ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့အတွက် သက်မွန်မြင့်ကို ဆက်သွယ်မေးမြန်းထားတာတွေကို သံလွင်တိုင်းမ်ရဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်

မေး။ ။ လတ်တလော လှုပ်ရှားမှုလေးပြောပြပေးပါဦးအစ်မ။
ဖြေ။ ။ လတ်တလောကတော့ ကြော်ငြာတွေရိုက်ဖြစ်နေတယ်။ Bella ကော်စမက်တစ်ပါ။

မေး။ ။ အနုပညာအလုပ်တွေကို ပြန်လုပ်နေပြီပေါ့နော်။
ဖြေ။ ။ ကြော်ငြာ သုံးလေးခုလောက်တော့ရှိပြီ။မိသားစု နဲ့ရိုက်ထားတာလေးတွေလည်းရှိတယ်။အစကတော့ စိတ်တော့ပူတာပေါ့နော်။ ပြန်လုပ်ရင် အဆင်မပြေမှာကို စိုးရိမ်တာပေါ့။အခုကတော့ နေသားကျသွားပါပြီ။ကိုယ်က စိုးရိမ်တတ်တာဆိုတော့ ကိုယ့်ဘာသာ စိုးရိမ်စိတ်တွေပိုနေတာပါ။အခုတော့ အဆင်ပြေပါပြီ။ဒါရိုက်တာတွေဘက်ကလည်း အတတ်နိုင်ဆုံး သင်ပေးကြတယ်ဆိုတော့လေ။

မေး။ ။ဗွီဒီယိုတွေရော ပြန်ရိုက်နေပြီလား။
ဖြေ။ ။ ဒီလထဲမှာတော့ ကမ်းခြေ ဆိုတဲ့ ဇာတ်ကားလေးရိုက်ဖို့ရှိတယ်။ပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ဖြစ်မှာပါ။ မင်းသားမြင့်မြတ်၊ ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး) နဲ့ပါ။ဦးခင်လှိုင်တို့လည်း ပါပါတယ်။

မေး။ ။ သားသမီးတစ်ဖက်နဲ့ အနုပညာအလုပ်နဲ့ အစ်မအတွက် ဘယ်လိုတွေ အခက်ခဲရှိလဲ။
ဖြေ။ ။ အရင်တုန်းကတော့ တစ်လခွဲလောက်ပြည့်တာနဲ့ ဇာတ်ကားစရိုက်တယ်။သူကတော့ ဆရာမနဲ့ နို့ဗူးတွေနဲ့ထားခဲ့လို့ရတယ်။အဲ့ဒါကြောင့်ကစားချိန်ရှိတာပေါ့နော်။သမီးလေးကျတော့ သူသောက်သမျှ ကိုယ်ကလိုက်စားနေရတယ်။အဲ့ဒါကြောင့် လေ့ကျင့်ခန်းတွေကို ကိုယ်ရသလောက်ဆော့တယ်။အချိန်တော့ပေးရမှာပါ။

မေး။ ။လတ်တလောကော ဘာကားတွေလက်ခံထားသေးလဲ။
ဖြေ။ ။ ရိုက်ဖို့စောင့်နေတာတော့ ကြာပါပြီ။ပိန်မှ ရိုက်ရမှာ ဆိုတော့ ဝိတ်ချရဦးမှာပါ။

မေး။ ။အစ်မကို အားပေးနေတဲ့ ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေးလည်း ပြောပေးပါဦး။
ဖြေ။ ။ သက်မွန်ကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့ချစ်ကြတယ်၊ အားပေးကြတယ်၊ဘာပဲလုပ်လုပ်သူတို့ချစ်နေကြတယ်ဆိုတော့ တကယ်ကို ကြည်နူးစရာကောင်းတဲ့ ဘဝလေးပေါ့နော်။ ကိုယ်လည်း သာမန်လူတစ်ယောက်ပါပဲလို့။ဘဝဆိုတာ ဖြတ်သန်းရတာပါပဲ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာပဲကြုံကြုံ ကိုယ့်ရဲ့အနောက်မှာ ကိုယ်ဘာပဲလုပ်လုပ် ချစ်ကြတယ်၊ ခင်တွယ်ကြတယ်၊ အားပေးကြတယ် ဆိုတဲ့ ဘဝကြီးကို ရထားတယ်။လုံးဝအားငယ်စရာမရှိဘဲ ခွန်အားအမြဲရတယ်ဆိုတော့ ပရိတ်သတ်ကြီးကို တကယ်ကို လှိုက်လှိုက်လှဲလှဲ ရင်ထဲက ကျေးဇူးတင်ပါတယ်။ကျေးဇူးလည်းဆပ်ချင်ပါတယ်။ သူတို့အားပေးရကျိုးနပ်အောင် ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်အစ်မ။

ဓါတ်ပုံ - အင်တာနက်
ဓါတ်ပုံ – အင်တာနက်

တွေ့ဆုံမေးမြန်းသူ- TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.