အရွယ်မရောက်လူငယ်များနှင့် ရှေ့ဆက်ပညာရေးလမ်းကြောင်း

လူငယ်များတွင်မှအရွယ်မရောက်သေးသော ကလေးငယ်များသည်စားဝတ်နေရေးပြသာနာကြောင့် ပညာရေးလမ်းကြောင်းများကို ရပ်တန့်ကာမိမိတို့ရဲ့ အိမ်မက်များကိုဆက်မက်ခွင့်ရဖို့အတွက် အလုပ်မျိုးစုံ လုပ်ကာ ဖြတ်သန်းနေကြရသည်။

သူဌေးကြီးတစ်ယောက်ဖြစ်ဖို့အတွက် စိတ်ကူးထားပြီး မနက်ပိုင်းတွင်ရပ်ကွက်ထဲဈေးလှည့်ရောင်းပြီး ညနေပိုင်းတွင်မော်လမြိုင်ကမ်းနားလမ်း၌ ဌက်စာများကို အပြေးအလွှားလုရောင်းနေရသည့် မောင်ဇင်မျိုးနှင့် သံလွင်တိုင်းမ်တို့တွေ့ဆုံခဲ့ကြသည်။

မောင်ဇင်မျိုးသည် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မိဘနှစ်ပါးရှိပေမယ့်လည်း စားဝတ်နေရေးပြသာနာကြောင့် မောင်ဇင်မျိုးကိုကျောင်းဆက်မထားနိုင်တော့ဘဲ ကြုံရကျပန်းအလုပ်များကို လုပ်ကိုင်စေခဲ့သည်။ မောင်ဇင်မျိုးသည် မနက်ပိုင်းတွင်ရပ်ကွက်အတွင်း၌ လှည့်လည်ဈေးရောင်းရပြီး ညနေ (၃)နာရီခန့်မှစ၍ မော်လမြိုင်ကမ်းနာလမ်း၌ ဇင်ယော်အစာများရောင်းရသည်။

“ညနေဆိုဌက်စာရောင်းတယ်။ ဒီမှာလာရောင်းတာတော့ကြာပြီ။ ဌက်အလာများတဲ့နေ့ဆို တစ်သောင်း ဖိုးလောက်ရောင်းရတယ်။ ဒီနေ့တော့ သုံးထောင်ဖိုးလောက်ပဲရောင်းရသေးတယ် “ဟု မောင်ဇင်မျိုးက ညဉ်း၍ ပြောသည်။

မော်လမြိုင်ကမ်းနားလမ်းတွင် ဇင်ယော်စာများရောင်းဖို့အတွက် ဗယာကြော်များကို သုံးထောင်ဖိုးခန့် ရင်းရပြီး အမြတ်မှာ တစ်နေ့ကို ၅ထောင်ခန့်ကျန်ကြောင်း သိရသည်။ အဆိုပါဇင်ယော်စာများကို မိုးဦးကျရာသီ နှင့်မိုးရာသီတွင် အရောင်းနည်းပြီး ဌက်များမလာတော့တဲ့အခါအလုပ်နားရကြောင်း သိရသည်။

“သားကသူဌေးကြီးဖြစ်ချင်တာ အခုတော့ငယ်သေးတော့အလုပ်နည်းနည်းဘဲ လုပ်ရသေးတာ နောက် ဆိုအလုပ်များကြီး လုပ်မယ်”ဟု ၎င်းကဆက်လက်ပြောသည်။
image1
သံလွင်တိုင်းမ်ရဲ့စာဖတ်ပရိသတ်များခင်ဗျား။ သူဌေးကြီးဖြစ်ချင်တဲ့အတွက် ငယ်ငယ်တည်းက အလုပ် ကြိုးစားပြီး အိမ်မက်တွေကိုလက်တွေ့ဖြစ်လာအောင် ကြိုးစားနေသည့်မောင်ဇင်မျိုးရဲ့ ဘဝအကြောင်းကို ဖတ်ရှု လိုက်ရတဲ့အတွက် ကျေနပ်နှစ်သက်မယ်လို့ထင်မြင်မိပါတယ်။ စာဖတ်ပရိသတ်များထဲမှ လူငယ်များသည်လည်း မိမိတို့၏အိမ်မက်များကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျား။

တင်ဆက်သူ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.