ဆေးလိပ်သောက်သုံးနိုင်တဲ့ တရားဝင်အသက်အရွယ်အဖြစ် (၂၂) နှစ်အထိ မြှင့်တင်ဖို့ သုတေသီတွေက အစိုးရတွေကို တောင်းဆို

0
1459

တိုကျို၊ သြဂုတ်(၂၆) 

အသက် (၂၀) နှစ်မတိုင်မီ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်ဖြတ်ဖို့ပိုမိုခက်ခဲကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပြီးနောက် လူငယ်တွေအနေနဲ့ အသက် (၂၂) နှစ်အထိ ဆေးရွက် ကြီးထွက်ကုန်တွေ ဝယ်ယူခြင်းကို တားမြစ်သင့်တယ်လို့ သုတေသီတွေက အကြံပြုထား ကြပါတယ်။ 

ကမ္ဘာတစ်ဝှမ်းရှိ အစိုးရတွေဟာ ဆေးလိပ်သောက်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် မြှင့်တင်လိုက် ခြင်းဟာ နီကိုတင်းအပေါ်စွဲလန်းမှုကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကလည်း ပြောကြား ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံက သူတေသနအဖွဲ့တစ်ဖွဲ့က ကျိုတိုမြို့ရှိ ဆေးလိပ်ဖြတ်တဲ့ ဆေးခန်းသို့ လာရောက် ကြတဲ့ ဆေး လိပ်သောက်သုံးသူ (၁၃၈၂) ဦးကို အသက်အရွယ်အလိုက် အသက်၂၀နှစ်အောက် နဲ့ အသက် ၂၀ နှစ်နှင့် အထက် လူနာတွေကို အုပ်စုနှစ်စုခွဲထားပြီး လေ့လာကြည့်ရှူခဲ့ကြပါတယ်။ 

စမ်းသပ်မှုမှာ လူနာတွေကို အဖြေတစ်ခုစီအတွက် ရမှတ်တွေပေးခြင်းဖြင့် ‘သင်အိပ်ရာနိုးပြီး မကြာခင်မှာ ပထမဆုံးစီးကရက်ကို သောက်လေ့ရှိသလား’ ၊ ‘တစ်နေ့ကို စီးကရက်ဘယ်နှစ်လိပ် သောက်လဲ’ အစရှိတဲ့ မေးခွန်းတွေမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ 

အသက် (၂၀) နှစ်နှင့်အထက် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်ဖြတ်နိုင်မှု(၅၆%) ခန့်နဲ့အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်လို့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ 

တွေ့ရှိချက်တွေကို အမ်စတာဒမ်မြို့ရှိ European Society of Cardiology (ESC) Congress 2023 မှာ တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

 ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ ငယ်ရွယ်စဉ်ကပင် နီကိုတင်းအား မှီခိုအားထားမှု မြင့်မားခြင်းနဲ့ ဆက်စပ်နေ ကြောင်း ရလဒ်တွေက ဖော်ပြပါတယ်လို့ Kyoto Medical Centre က စာရေးဆရာကြီး ဒေါက်တာကိုဂျီက ဆိုခဲ့ပါတယ်။

 ဆေးရွက်ကြီးဝယ်ယူဖို့ တရားဝင်အသက်အရွယ်ကို (၂၂) နှစ်နှင့်အထက် တိုးမြှင့်ခြင်းဟာ နီကိုတင်းစွဲနေသူအ ရေအတွက်ကို လျော့ကျစေပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာဆိုးကျိုး တွေဖြစ်နိုင်ချေကို လျှော့ချနိုင် ကြောင်း လေ့လာမှုက ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ 

Ref: irishexaminer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.