ထိုင်းအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်ကြီး ပရရွတ် ရုံးလုပ်ငန်းတာဝန်တွေပြီးရင် အနားယူ တော့မယ်

0
1350

ဘန်ကောက် – ဩဂုတ်(၂၆) 

ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရရွတ် ချန်အိုချာဟာ ကာကွယ်ရေးကောင်စီရဲ့ နောက်ဆုံးအစည်းအဝေးကို ဥက္ကဋ္ဌအနေနဲ့ နောက်ဆုံး တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မစ္စတာ ပရရွတ်ဟာ အသစ်တက်လာမယ့် ဝန်ကြီးချုပ်နဲ့အတူ အစိုးရ အိမ်တော်မှာ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကို အိမ်တော်တဝိုက် လှည့်လည်မိတ်ဆက် တာတွေပြုလုပ်ခဲ့ပါသေးတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို ရောက်ရှိနေတဲ့ သတင်းထောက်တွေက ရုံးလုပ်ငန်းတွေကနေ အနားယူပြီးနောက် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာပရရွတ်က အနားယူပါဦး မည် လို့သာ တုံ့ပြန်ထားပါတယ်။ 

“ကျွန်ုပ် ဘယ်မှ မသွားသေးဘူး။ အစိုးရ အရာရှိတွေက အသက် ၆၀ မှာ ပင်စင်ယူကြရပေမယ့် ကျွန်ုပ်ကတော  အသက် ၇၀ မှ ပင်စင်ယူရပါတယ်” လို့ မစ္စတာပရရွတ်က သတင်းထောက်တွေ ကိုပြောခဲ့ပါတယ်။ 

အသစ်တက်လာမယ့် ဝန်ကြီးချုပ် ဆရီထာနဲ့ အစိုးရအဖွဲ့အစည်းအဝေးနဲ့ပတ်သက်ပြီး “တွေ့ဆုံမှု က ကောင်းမွန်ခဲ့သလို မှန်ကန်တဲ့ အချိန်တစ်ခုမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါ တယ်။ ကျွန်ုပ် တို့ အချင်းချင်း အပြန်အလှန်လေးစားမှုတွေရှိကြတယ်။ အချိန်က မလုံလောက် တဲ့အတွက် ကြောင့် ကျွန်ုပ်တို့ အများကြီး မပြောခဲ့ပါဘူး” လို့ သူကပြောပါသေးတယ်။

အယောက်(၃၀) မြောက်ဖြစ်လာမယ့် ဝန်ကြီးချုပ်အသစ်ဟာ လုံခြုံရေးအေဂျင်စီတွေရဲ့ ကိစ္စ တွေအပါအဝင် တချို့သော ကိစ္စတွေကို ဦးဆောင်တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ဆရီထာ သာဗီဇင်ဟာ ပါလီမန်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမဲ (၃၃၀)၊ အထက်လွှတ်တော်အမတ် (၁၅၂)နဲ့ စုစုပေါင်း (၄၈၂) မဲရရှိခဲ့တာပါ။ 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး ပရရွတ်ဟာ လွန်ခဲ့တဲ့ (၈) နှစ်အတွင်း သူအာဏာရယူထားချိန်မှာ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေး မှူးတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့သလို တိုင်းပြည်၊ဘာသာတရားနဲ့ ဘုရင်စနစ် စတဲ့ ထိုင်း နိုင်ငံရဲ့ ဒေါက်တိုင်သုံးခုနဲ့ ထိုင်းလူမျိုးတွေကို စောင့်ရှောက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အကြီးတန်းစစ်ဘက်နဲ့ ရဲဘက်အရာရှိတွေအနေနဲ့ မိမိတို့ရဲ့ ငယ်သားတွေ ကောင်းမွန်စွာ နေထိုင်ရေး၊ဖူလှုံရေးနဲ့ အကျိုးစီးပွားတွေကို စောင့်ရှောက်ပေးကြဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။ 

Ref:Nationthailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.