မိုးဦးကျ ဖါးလယ်သမားချက်

မွန်ဒေသအတော်များများတွင်မိုးတပြိုက်နှစ်ပြိုက်ရွာလျှင်လယ်ကွက်များ၌ရေဝပ်လာသည်။ ထိုအခါ တစ်နွေလုံးတွင်းအောင်းနေသော စားဖားကြီးများထွက်လာကြသည်။ မွန်လယ်သမားများက ထိုဖားများကို ဖမ်းယူချက်ပြုတ်စားသောက်ကြသည်။ ဖားလယ်သမားချက်ဟင်းကို ယခုတစ်ပတ်အ တွက် တင်ဆက်လိုက်ရပါသည်။

ဖားကို အရင်မီးမြိုက်ပါ။ အချို့က ရေနွေဖျောကြသည်။ မီးမြိုက်ထားသော ဖားကို ဓါးနှင့် ခြစ်ပြီး အချွဲများကိုအောင်ပြုလုပ်ပါ။ ပြီးလျှင် အနေတော်အရွယ်များဖြင့် တုံးပါ။ အခွံမခွာပါနှင့်။ တုံးထားသော ဖားသားများကို ဆား၊ နနွင်း၊ မျှင်ငပိ၊ အချက်အရက်အကြမ်းပန်းကန်ဝက်ခန့်နှင့် ရောနယ်ပါ။ ပဒဲကော၊ ငရုတ်ကောင်း၊ ကြက်သွန်နီ/ဖြူ ငရုပ်သီးထောင်းပါ။ ထောင်းထားသော ငရုပ်ကြက်သွန်များကို ဆီသတ်ပါ။ နှပ်ထားသော ဖားသားထည့်ပါ။ သမမျှတအောင် မွှေပြီး ရေအနည်းငယ်ထည့်ပါ။ ရေခန်းလျှင် ရေအနည်းငယ်ထပ်ထည့်ပါ။ အသားနူးဆီပြန်လာလျှင် မဆလာအုပ် သုံးဆောင်နိုင်ပါပြီ။
phar-curry

ပါဝင်သောပစ္စည်းများ

၁။ စားဖားကြီး
၂။ပဒဲကော
၃။ဆား၊ နနွင်း၊ မျှင်ငပိ။
၄။ငရုပ်ကောင်း၊ငရုပ်သီး။
၅။ဆီ၊ မဆလာတို့ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.