Netflix ရုပ်သံကို အိန္ဒိယအစိုးရ အခွန်ကောက်တော့မယ်

0
5556

နယူးဒေလီ – မေ(၁၃) 

အိန္ဒိယနိုင်ငံအစိုးရက နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေနဲ့ ဝင်ငွေရနေတဲ့ Netflix ကုမ္ပဏီကို အခွန်ကောက်ခံသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

အမိန့်စာမူကြမ်းတစ်ခုမှာ အခွန်အာဏာပိုင်တါေက ၂၀၂၁ နဲ့ ၂၀၂၂ အခွန်စည်းကျပ်ကာလမှာ Netflix ဟာအိန္ဒိယရှိ တည်မြဲလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ (၆.၇၂) မီလျံ ရရှိထားတယ် လို့ ဆိုထားပါတယ်။ 

အိန္ဒိယအခွန်အရာရှိတွေဟာ နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေကိုလုပ်ဆောင်ဖို့ အတွက် ဒုတိယလုပ်ငန်းအငှားနေရာမှာ Netflix ရုံးချုပ်က ဝန်ထမ်းတွေနဲ့ အခြေခံ အဆောက် အအုံတွေလည်း ပါဝင်တာကို အကြောင်းပြပြီး အခွန်ဆိုင်ရာ တာဝန်ယူမှုတွေကို ခံယူဖို့ လိုအပ် တယ်လို့ ပြောခဲ့ပါတယ်။ 

အခုအခြေအနေဟာ အိန္ဒိယနိုင်ငံအတွင်း စားသုံးသူတွေကို အီလက်ထရွန်းနစ် နည်းနဲ့ ဝန်ဆောင် မှုပေးနေတဲ့ ပြည်ပ ဒစ်ဂျစ်တယ် ကုမ္ပဏီကို အခွန်ကောက်ခံတာ ပထမဆုံးအကြိမ်ဖြစ် တယ်လို့ သိရပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက Netflix ကိုမှတ်ချက်တောင်းခံခဲ့ပေမယ့် ပြန်လည် ဖြေကြားတာတော့ မရှိခဲ့ပါဘူး။ 

အင်ဒိုနီးရှားနိုင်ငံမှာတော့ Netflix နဲ့ တခြား အီလက်ထရွန်းနစ် အခြေပြု စားသုံးသူ ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် ထပ်တိုးခွန် (၁၀) ရာခိုင်နှုန်းကောက်ခံတယ်လို့ သိရပြီး အီတလီနိုင်ငံမှာ ယူရို (၆၅) မီလျံနဲ့ ဆွန်ဇာလန်မှာတော့ Netflix ရဲ့ ဝင်ငွေထဲက (၄) ရာခိုင်နှုန်းကို နိုင်ငံသားပိုင် ပြည် တွင်း ရုပ်ရှင်ရုံတွေမှာ ရင်းနှီးမြှုပ်နှံရမယ်လို့ သတ်မှတ်ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.