ရွေးကောက်ပွဲရှုံးရင် နိုင်ငံရေးလောကက ထွက်ခွာမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ပြောကြား

0
4682

ဘန်ကောက်၊ မေ(၁၃) 

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ လာမယ့်တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ အောက်လွှတ် တော်အမတ်နေရာ လုံလောက်စွာ အနိုင်မရရှိခဲ့ပါက United Thai Nation (UTN) ပါတီကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

နာခွန်စီသမ်မာရတ်ရှိ မဲဆွယ်စည်းရုံးမှုအတွင်း ပရာယွတ်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော်တို့ မဲဆန္ဒနယ် အနည်းစုသာ အနိုင်ရရင် အိမ်ပြန်ပြီး အနားယူမှာပါ” ဟု သူကဆိုခဲ့ပြီး အရင်က ပါတီ တော်တော်များများနဲ့ အဖွဲ့တွေ အများကြီးနဲ့ တွဲလုပ်ရတယ်။ တချို့က ဆက်ဆံရတာ လွယ်ပေမယ့် တချို့က အဆင်မပြေဘူး” လို့ ပရာယွတ်က ပြောပါတယ်။ 

“ကျွန်တော် စစ်သားအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီး အကျပ်အတည်းများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီနေ့ ကျွန်တော်ဟာ နိုင်ငံရေးသမား တစ်ယောက်ပါ။ မတူပါဘူး။ စစ်သားနဲ့ စကားပြောတဲ့အခါ ခိုင်မာရမယ်၊ ဒါပေမယ့် ကျွန်တော် ပြည်သူတွေနဲ့ စကားပြောတဲ့အခါ ကွဲပြားပါတယ်၊ ဒီဟာကို ကျွန်တော် ပိုနှစ်သက်တယ်” လို့ ပရာယွတ်က ပြောခဲ့တာပါ။ 

UTN ပါတီဟာ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center မှာ နောက်ဆုံးမဲဆွယ် စည်းရုံးပွဲတစ်ရပ်ကို ဒီကနေ့မေ(၁၂)ရက်နေ့မှာ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ပရာယွတ်ဟာ နိုင်ငံရေးပါတီတွေရဲ့  မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၁၃ ရက်နေ့မှာ အဓိက ကျတဲ့ ခရိုင်တွေမှာ ပစ်ကပ်ထရပ်ကားနောက်ကိုစီးနင်းကာ မြို့အနှံ့ မဲဆွယ်စည်းရုံးမဗတွကို အဓိက ပါတီခေါင်း ဆောင်တွေက ဦးဆောင်သွားမှာလည်း ဖြစ်ပါတယ်။ 

ဥပဒေအရ ပါတီတွေဟာ စနေနေ့ညနေ ၆ နာရီမတိုင်မီ သက်ဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.