ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲကိုဝေဖန်မှုနဲ့ စွဲချက်တင်ထားသူ ကို တရားရုံးပြန်လွှတ်ပေး

0
4726

မနီလာ – မေ(၁၃) 

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကို အပြင်းအထန်ဝေဖန်ခဲ့လို့ မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဝေဖန်ရေးသမားတစ်ဦးကို တရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

သူမကို ထောင်သွင်းအကျဉ်းချတာဟာ နှောင့်ယှက်တာနဲ့ နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုလို့ ပြောဆိုခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီအခြေအနေကို ကြိုဆိုခဲ့ကြပါတယ်။ 

ဒူတာတေးအစိုးရလက်ထက်က တရားရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်အမတ် လီလာ ဒီလီမာကို အကျဉ်းထောင်တွေထဲက မူးယစ်ဂိုဏ်းတွေဆီက ငွေတွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက် သုံးခုထဲက ဒုတိယမြောက်ကို ဖယ်ရှားလိုက်တာပါ။ 

ဒီလီမာဟာ လွန်ခဲ့တဲ့ (၆) နှစ်တာ ကာလအတွင်း ထိန်းသိမ်းခံထားရပြီး (၅) နှစ်တာမှာ အထက် လွှတ်တော်အမတ်အဖြစ်ရှိနေသေးကာ နောက်ထပ် အမှုတွဲတစ်ခုကိုလည်း ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်မရဲ့ အပြစ်ကင်းစင်မှုနဲ့ အစွမ်းအစတွေအပေါ် အခြေခံပြီး ဒူတာတေးအစိုးရရဲ့ ကျွန်မကို လုပ်ကြံဖန်တီးခဲ့တဲ့ အမှုအားလုံးမှာ တရားသေလွတ်မယ်ဆိုတဲ့အပေါ် အစကတည်းက ကျမသံသယမရှိခဲ့ဘူး” လို့ သူမရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီစွဲချက်ကြောင့် သုံးစွဲသူတွေနဲ့ ရောင်းဝယ်သူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီးနောက် တရားမဝင်မူးယစ်ဆေးဝါးတွေကို အပြင်းအထန်နှိမ်နင်းနေတဲ့ ဒူတာတေးရဲ့ လုပ်ရပ်အပေါ် အထက်လွှတ်တော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ သူမက အဆိုပြုပြီးနောက် ၂၀၁၇ ခုနှစ် နှောင်း ပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။ 

လူကြိုက်များတဲ့ ဒူတာတေးဟာ ဒီလီမာကို သူမရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်း ပြောင် ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုမှုတွေနဲ့ လူသိရှင်ကြား အရှက်စေခဲ့တဲ့အပြင် ခြိမ်းခြောက် မှုတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ အမုန်းပွားရေးလှုံ့ဆော်မှုတွေကို လှုံ့ဆော်ပေးခဲ့ကာ အကျဉ်း ထောင်တွေက မူးယစ်ဂိုဏ်းတွေနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဒူတာတေးကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာမရှိခဲ့ဘဲ တရားရေးဝန်ကြီးဖြစ်သူကတော့ တရားစီရင်ရေးရဲ့ လွတ်လပ် မှုကို ပြသတာဖြစ်တယ်လို့ ရိုက်တာကို ပြောပါတယ်။ 

“တရားဥပဒေစိုးမိုးမှု အောင်မြင်သွားပြီ၊ ဒီမိုကရေစီက အလုပ်လုပ်တယ်” လို့ တရားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖေးလ်ရောဘတ် ဆန်က ဒီမီမာဟာ သူမကို ဖျက်စီးဖို့ ရန်စတဲ့ လှုံဆော်မှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ကျန်ရှိနေတဲ့ စွဲချက်တွေကိုလည်း ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း အစိုးရက မတရားဖမ်းဆီးချုပ်နှောင်ထားမှုနဲ့ အပြစ်ကင်းစင်တယ်လို့ ယူဆရတဲ့ သူမရဲ့ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တဲ့အတွက် တာဝန်ရှိ သူတွေ တာဝန်ခံသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.