ရွှေမှုံရတီကို အကယ်ဒမီ ရစေချင်တယ်ဆိုတဲ့ ညီမဖြစ်သူ ငွေမှုံရတီနှင့်တွေ့ဆုံခြင်း

0
21234

သရုပ်ဆောင် ငွေမှုံရတီဟာ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထပ်မံဖြေဆိုဖို့ရှိနေသလို လက်ရှိအချိန်မှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့အတွက် လက်ရှိအနုပညာလှုပ်ရှားမှုတွေ နဲ့ပတ်သတ်ပြီး သံလွင်တိုင်းမ်က မေးမြန်းထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

တင်ဆက်သူ-TU Arkar Min

TLT- ညီမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးပြောပြပါဦး။
NHYT- ဇန်နဝါရီလ (၈) ရက်နေ့ကစပြီး ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပါတယ်။ မင်းသားက ကိုကောင်းပြည့်ပါ သင်္ကြန်ကားလေးပါအကို။

TLT- တခြားအပြိုင်မင်းသမီးတွေရောပါသေးလား။
NHYT- မပါဘူး။ ညီမတစ်ယောက်တည်းပါပဲ ကျန်တာက ဇာတ်ပို့တွေတော့ပါတယ်။

TLT- ညီမလေးက ဇာတ်ကားတွေ ရိုက်တာကျဲသွားတယ်နော် သရုပ်ဆောင်ဝါသနာကိုရော ဘယ်အချိန်ကစပြီးဝါသနာပါခဲ့တာလဲ။
NHYT-ဟုတ်ကဲ့ ညီမအခု ပြန်ရိုက်နေပါပြီ။ သရုပ်ဆောင်က ငယ်ငယ်တည်းက ဝါသနာပါတာပါ။

TLT- ရွှေမှုံတွဲနဲ့တွဲပြီး သရုပ်ဆောင်တာတွေလည်းတွေ့ရတော့ သရုပ်ဆောင်နဲ့ပတ်သတ်ပြီး သင်တန်းတွေရော တက်ခဲ့ရလား။
NHYT-သင်တန်းတွေတော့ တက်ခဲ့တယ်။ စကားဝါမှာလည်း တက်ခဲ့ပါတယ်။

TLT-ညီမမှာ ပရိတ်သတ်တွေလည်း ရှိနေပြီဆိုတော့ပရိတ်သတ်တွေသိချင်နေတဲ့ ညီမရဲ့ ပညာအရည်အချင်းလေးလည်းပြောပြပါဦး။
NHYT- ညီမက (၁၀) တန်း ထပ်ဖြေမှာပါ။ ဒီ ၂၀၁၇ မှာဖြေမှာပါ။

TLT- ရွှေမှုံနဲ့ အသက်ဘယ်လောက်ကွာလဲညီမ။
NHYT- ၃ နှစ်ကွာတယ်အကို။ သူက ၃ နှစ်ပိုကြီးပါတယ်။

TLT-ညီမလေး လုပ်ချင်တဲ့ အနုပညာပုံစံလေးလည်းပြောပြပါဦး။
NHYT- ညီမက အနုပညာအလုပ်တွေ အကုန်လုပ်ချင်ပါတယ်။ အဆိုပိုင်းလည်း ဝါသနာပါပါတယ်။

TLT-ညီမအားကျတဲ့ အနုပညာရှင်တွေလည်းပြောပြပါဦး။
NHYT- ညီမက အကုန်လုံးကို အားကျပါတယ်။ အကုန်လုံးကလည်း သူ့ဟာနဲ့သူတော်ကြတယ်လေ။ အကုန်လုံးကြိုက်ပါတယ်။

TLT- မတ်လ (၃) ရက်နေ့ဆိုရင် အကယ်ဒမီပေးပွဲကြီးလည်း ကျင်းပတော့မှာဆိုတော့ ညီမတို့ မောင်နှမနှစ်ယောက် တက်ဖို့ အစီစဉ်တွေ ရှိလား။
NHYT- အဲ့တာတော့ ဘာမှ မစီစဉ်ရသေးပါဘူး။ တက်ဖြစ်ရင်လည်း တက်ဖြစ်မှာပါ။

TLT- အကယ်ဒမီ ဆန်ကာတင်ကားတွေ တစ်ကြိုပြေးနေတဲ့အနုပညာရှင်တွေလည်း ထွက်ပေါ်နေပြီ ဆိုတော့ ညီမအနေနဲ့ ဘယ်သူတွေရစေချင်လဲ။
NHYT- အကုန်လုံးက တော်ကြတယ်လေ။ အကုန်လုံးရစေချင်တာပါ။ ညီမတို့က အသစ်တွေဆိုတော့ စီနီယာတွေ အကုန်လုံးကို ရစေချင်ပါတယ်။ ရွှေမှုံရတီ ရခဲ့မယ်ဆိုရင်တော့ ပျော်စရာပေါ့အကိုရယ်။ ဒါပေမယ့်မမျှော်မှန်းရဲပါဘူး။

TLT- ကျောင်းလည်းတက်နေတယ်။ အနုပညာအလုပ်တွေလည်း လုပ်နေရတယ်ဆိုတော့ ဒွိဟ တွေရော ဖြစ်နေသေးလား။
NHYT- အဲ့လိုတော့ မဖြစ်ပါဘူးအကို။ ညီမက အချိန်ခွဲထားပါတယ်။ အမေက အဲ့လိုခွဲထားပေးပါတယ်။

TLT-အနုပညာအလုပ်တွေကိုရော ဘယ်လောက်အထိလုပ်သွားမယ်လို့ မျှော်မှန်းထားလဲ။
NHYT- ညီမကတော့ အကြာကြီး လုပ်ချင်ပါတယ်။ ပရိတ်သတ်ကလက်ခံအားပေးတဲ့အထိပေါ့။ အသက်ကြီးတဲ့အထိပေါ့။ (ရယ်လျက်)

TLT- အရင်ကလည်း အကယ်ဒမီတွေ များစွာချီးမြှင့်ပေးခဲ့တယ် ဝါရင့်သရုပ်ဆောင်ကြီး
ဦးကျော်သူကတော့ အကယ်ဒမီဆုကို ပြည်ပက တတ်ကျွမ်းသူတွေကို ရွေးချယ် အကဲဖြတ်စေချင် လို့ပြောတယ် ညီမတို့ လူငယ်တွေ အမြင်လေးလည်းပြောပြပါဦး။

NHYT- ညီမတို့က အသစ်တွေဆိုတော့လေ အဲ့လိုတွေ တော့မပြောတတ်ဘူး။ လူကြီးတွေ စီစဉ်တာ ဆိုတော့ သူတို့ကောင်းမယ်လို့ စီစဉ်တာဆိုတော့ ကောင်းမှာပါ။
TLT – ညီမကိုအားပေးနေကြတဲ့ ပရိတ်သတ်တွေကို စကားလက်ဆောင်လေးပါးပေးပါဦး။

NHYT- အခု ညီမ ဇာတ်ကားတွေ ရိုက်နေပါပြီ။ ကြိုးစားနေပါတယ်လို့ ပရိတ်သတ်တွေလည်း အားပေးကြပါဦးလို့ ။
TLT- အခုလိုဖြေကြားပေးတဲ့အတွက် ညီမလေး ငွေမှုံရတီကို အစ်ကိုတို့ သံလွင်တိုင်းမ်ဂျာနယ်က ကျေးဇူးအများကြီးတင်ပါတယ်။
image1
NHYT- ဟုတ်ကဲ့ ညီမလည်းသံလွင်တိုင်းမ်ကိုကျေးဇူးတင်ပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ်အကယ်ဒမီပေးပွဲကတော့ရင်ခုန်စရာကောင်းပါတယ်။ တစ်ကြိုပြေးနေတဲ့ အနုပညာရှင်တွေကလည်း အကယ်ဒမီ မရရှိသေးတဲ့ အနုပညာရှင်တွေလည်းပါနေပါတယ်။

ဒါ့ကြောင့် နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

ကဲ နောက်တစ်ပတ်မှ ပြန်လည်ဆုံတွေ့ကြပါစို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.