အစာအိမ်ရောဂါအခြေအနေကြောင့် အကယ်ဒမီပေးပွဲ တက်ဖို့ မသေချာသေးဘူးလို့ဆိုလာတဲ့ ရွှေမှုံရတီ

0
20670

ပြည်သူချစ်အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီက အစာအိမ်ရောဂါ အခြေအနေကြောင့် လာမယ့် ၂၀၁၇ ခုနှစ် မတ်လ(၃) ရက်နေ့မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ် ချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ)တက်ရောက်ဖို့မသေချာသေးဘူးလို့ဆိုပါတယ်။

ရွှေမှုံဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ မှော်ကျောက်စာ ရုပ်ရှင်ကားကြီးမှာ မြင့်မြတ် သူထူးစံ ဖြိုးငွေစိုး ထွန်းထွန်းတို့နဲ့တွဲဖက် သရုပ်ဆောင်ထားပြီး ကျွန်တော်ကျွန်မယောကျာ်းဗိုက်ကြီးသည် ရုပ်ရှင်ကားကြီးနဲ့ ဘွန္တောကြက်သူခိုးစတဲ့အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားကြီးများစွာ ရိုက်ကူးထားပါ တယ်။

“ကိုအောင်ရဲလင်းနဲ့ တိမ်မကွယ်တဲ့အိန်ဂျယ်ဆိုတဲ့ ဗွီဒီယိုကား ရိုက်ကူးပြီးပါပြီ ဒါရိုက်တာနေပိုင်နဲ့ပါ။ အခု မင်းသားမပါဘဲ မခိုင်လေး(ခိုင်သင်းကြည်) ရယ် တက္ကသိုလ်ဂွမ်းပုံတို့နဲ့ ဗွီဒီယိုကားလေးတစ်ကား ရိုက်ကူးနေပါတယ်” လို့ ရွှေမှုံရတီက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရွှေမှုံဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၄)ရက်နေ့ က အစာအိမ်ရောဂါကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Bumrumgrad International ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ksttm
TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.