မင်းဝီထွဋ် နဲ့ တွေ့ဆုံမေးမြန်းခြင်း

0
17504

အိပ်မက်ဆုံရာ(ရာသက်ပန်) တေးသံရှင် မင်းဝီထွဋ်ဟာ လက်ရှိအချိန်မှာ အိပ်မက်ဆုံရာ Season (4) Grand Final ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် နောနော်ရဲ့ ဖက်ထားမယ်နဲ့ အတိုင်းထက်အလွန် စတဲ့တေး သီချင်း(၂) ပုဒ်ကို ရောစပ်သီဆိုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မင်းဝီထွဋ်

နဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

တင်ဆက်သူ-TU Arkar Min

မေး-ဒီပြိုင်ပွဲကို ဘယ်ကနေလာရောက်ယှဉ်ပြိုင်ခဲ့တာလဲ။ အဲ့ဒီအကြောင်းလေးပြောပြပါဦးညီ။

ဖြေ-ကျွန်တော် မွန်ပြည်နယ်၊ရေးမြို့နယ်ကနေ လာရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဝင်ပြိုင်ဖြစ်ခဲ့တာကတော့ မော်လမြိုင်က အစ်မတစ်ယောက်ကပြိုင်ဖူးတယ်ပေါ့။ သူကနေကျွန်တော့ကို မောင်လေးက အသံ ကောင်းတယ် ဝင်ပြိုင်ပါလားပေါ့ဆိုပြီး သူဖောင်တင်ခဲ့လိုက်တာ ကျွန်တော်မသိလိုက်ဘူး။နောက်နေ့ ဖုန်းဆက်အကြောင်းကြားလာတော့ အဲ့ဒီကိုသွားဖြစ်တယ်။ ပဏာမ လူရွေးပွဲမှာ သူတို့ရွေးကြတယ် ပေါ့။ ကျွန်တော် စာမေးပွဲမဖြေခင် ကျောင်းပြန်တက်နေတဲ့အချိန်မှာမှ သူတို့ ဖုန်းဆက်လာတယ်။ ကျွန်တော် ယှဉ်ပြိုင်ခွင့်ရရှိကြောင်း ပြန်ဆက်သွယ်လာမှ စပြိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီ အစ်မကိုတော့ ကျေးဇူးတင်ပါတယ်။

မေး-သီချင်းဆိုကိုရော ဘယ်အချိန်လောက်ကတည်းက ဝါသနာပါခဲ့တာလဲ။

ဖြေ-ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာ။ မွန်ပွဲတွေဆိုရင် အမြဲတမ်းဆိုဖြစ်တယ်။ အိမ်ဖွင့်ပွဲတို့ ဟိုတယ်ဖွင့်ပွဲတို့မှာ ဆိုနေကျပါပဲ။ ဦးလေးတွေ အစ်ကိုတွေအားလုံးက အဆိုတော်တွေနဲ့ ခင်တာ တွေရှိတယ်။

မေး-ယှဉ်ပြိုင်ခဲ့တဲ့ Level တွေမှာ အတွေ့အကြုံတွေလည်း ပြောပြပါဦးညီ။

ဖြေ-လူရွေးပွဲတို့ ၊ Talent ပြတာတို့ ၊ တစ်ယောက်တည်း keyboard နဲ့ ဂီတာ နဲ့ ဆိုပြတာတို့၊ နှစ်ယောက်ထဲမှာတစ်ယောက်ရွေးရတာတို့၊ သီချင်း(၂) ပုဒ်ကို တစ်ပုဒ်တည်း ပေါင်းပြီးဆိုရတာတို့ အဲ့ဒီ level တွေ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ နောက်ဆုံးပြိုင်ပွဲဆိုရင်လည်း အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။

မေး-ယုဇန ပင်နဲ့ ဖဲကြိုးဝါ သီချင်းတွေ သီဆိုတာတွေလည်းတွေတော့ ညီလေး လုပ်ချင်တဲ့ အနုပညာ ပုံစံက ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ-လုပ်ချင်တာကတော့ ပေါ့ပ် သီချင်းအမျိုးအစားတွေ ဆိုချင်တယ်။ အမှန်ဆို ယုဇန နဲ့ ဖဲကြိုးဝါ သီချင်းကိုရွေးထားတာမဟုတ်ဘူး။ တခြားတစ်ပုဒ်ရွေးထားတာကို ဆရာ မြင့်မိုးအောင်ကိုပြကြည့်တော့ သူကမကြိုက်ဘူးဆိုလို့ အလောတကြီးနဲ့ အဲ့ဒီသီချင်းကို ရွေးလိုက် ရတော့ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။

မေး-ညီလေးရဲ့ ပညာအရည်အချင်းနဲ့ မွေးနေ့လေးလည်းပြောပြပါဦး။

ဖြေ-ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်) Zoo မေဂျာမှာ ပထမနှစ် တက်နေပါတယ်။ အောင်စာရင်းကတော့ မထွက်သေးပါဘူး။ မွေးနေ့က (၁၆) ရက်နေ့ (၈) လပိုင်း (၁၉၉၇) ပါအစ်ကို။ အသက်(၁၉) နှစ်ပြည့်ပြီးပါပြီ။

မေး-ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်လုပ်ရတော့ အခက်ခဲလေးတွေ ဖြစ်မှာပဲ။ အဲဒီအခက်ခဲလေး တွေလည်းပြောပြပေးပါဦး။
%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%81%80%e1%80%ae%e1%80%91%e1%80%bc%e1%80%8b%e1%80%b9
ဖြေ-ကျောင်းတက်ရင်း လုပ်ရတာ ဆိုတော့ အခက်ခဲတွေတော့ အများကြီးတွေ့ခဲ့တယ်။ တစ်ချို့ပြိုင်ပွဲ တွေ စာမေးပွဲဖြေတဲ့နေ့နဲ့ တိုက်နေတာတွေရှိတယ်။သူတို့လည်း နားလည်ပေးကြတယ်။ စာမေးပွဲပြီး တဲ့အထိ သူတို့စောင့်ပေးတယ်။ဟိုပြေး ဒီပြေးနဲ့ အခက်ခဲတွေဖြစ်ခဲ့ပါတယ်။

မေး-ပြိုင်တဲ့အခါမှာရော ကိုယ်ကြိုက်တဲ့သီချင်းပြိုင်ခွင့်ရှိလား။သူတို့ရွေးပေးတဲ့ သီချင်းတွေနဲပလား။

ဖြေ-ကိုယ်ကြိုက်တဲ့ သီချင်း(၃) ပုဒ်ကို ပြရတယ်။အဲ့ထဲက သူတို့သဘောကျရင် ရွေးပေးတယ်။ သူတို့မကြိုက်ရင် သူတို့သီချင်းနဲ့ ပြိုင်ရတာတွေ ရှိတယ်။

မေး-ညီလေးလို အိပ်မက်ဆုံရာ ဝင်ပြိုင်ချင်တဲ့ လူငယ်တွေအတွက် ညီလေးအတွေကအကြုံအပေါ် မူတည်ပြီး ဆောင်ရန် ရှောင်ရန်တွေလည်းပြောပြပေးပါဦး။

ဖြေ-ကျွန်တော်လည်း အခုမှ စပြိုင်တာဆိုတော့ မပြိုင်ခင်ကတော့ ခက်တယ်လို့ ထင်ရပါတယ်။ မပါမှာလည်းစိုးတယ်။ ပြိုင်လိုက်တော့ မခက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့ပဲ အရေးကြီး ပါတယ်။

မေး-နောက်ဆုံးပြိုင်ခဲ့တဲ့အဆင့်မှာ မျှော်လင့်ခဲ့တာတွေလည်း ပြောပြပါဦးညီ။

ဖြေ-အရင်တစ်ပတ်တုန်းကဆိုရင် Bottom အထိ ရောက်ခဲ့တာတွေရှိတယ်။ ဒီတစ်ခါက်မှာ အကောင်း ဆုံးတော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့နောက်ဆုံး Grand Final ထိ ပါခဲ့မယ်ဆိုရင်တော့ အနုပညာ အလုပ်တွေ ဆက်လုပ်ဖို့ရှိပါတယ်။ မပါခဲ့ရင်တောင်မှ စိတ်ဓာတ်မကျအောင် အကောင်းဆုံး ဖြေသိမ့်ထားပါတယ်။

မေး-ညီလေးကို အားပေးနေတဲ့ ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေးပါးပေးပါဦး။

ဖြေ-ကျွန်တော့ရဲ့ ကုတ်နံပါတ် YTPM1 ကို မဲပေးခဲ့ကြတဲ့ပရိတ်သတ်တွေတစ်ယောက်ချင်း စီကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့ကို အားပေးခဲ့ကြတဲ့ မွန်ပြည်နယ်ကပရိတ်သတ်တွေရော၊ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပရိတ်သတ်တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ် လို့ပြောချင်ပါတယ်ခင်ဗျား။

သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်များ ဒီလောက်နဲ့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မွန်တိုင်းရင်းသားလေး ဝီထွဋ်ဟာ လူငယ်ပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာကို သဘောကျနှစ်သက်သူဖြစ်ပြီး အိပ်မက်ဆုံရာ(ရာသက်ပန်) ပြိုင်ပွဲတစ်လျှောက်မှာ တေးသံရှင် ဝေလရဲ့နောင်တ သီချင်းကို ယှဉ်ပြိုင်ခဲ့ရတာ အားအရဆုံးပဲလို့ဆိုခဲ့ပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.