အီရန်ကို ဗြိတိန်နဲ့ အမေရိကန်တို့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်
ဝါရှင်တန်၊ဧပြီ ၂၁ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ အစ္စရေးကိုဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်နိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်မှာဖြစ်တယ်လို့ ဧပြီလ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအခြေစိုက် အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတဲ့အတွက် အစ္စရေးကို ဧပြီလ ၁၃ ရက်နေ့က ပထမဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကိုအရေးယူပိတ်ဆို့မှုအသစ်အဖြစ် ပို့ကုန်ထိန်းချုပ်မှု တွေပြုလုပ်ပြီး တာဝန်ခံခိုင်းလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်ရဲ့ အစ္စရေးကိုတိုက်ခိုက်မှုအတွင်း ဒရုန်းနဲ့…