အင်တာဗျူး

“ပြည်သူတွေအနေနဲ့လည်း ရေးပတ်ဝန်းကျင်လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ ဂိတ်တွေမရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာတစ်နေရာဝင်၊ တစ်နေရာထွက်ပေးနေရတဲ့ အခြေအနေတွေ မရှိတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာနေရတဲ့ အခြေအနေလေးတွေ ရှိပါတယ်”

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းကို မွန်ပြည်တော်လှန်‌ရေးတပ် MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ နယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်။ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီ တပ်က လေယာဉ်နဲ့ကင်းထောက်တာအပြင် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။ အဲဒီလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အခြေအနေ၊ စစ်ကောင်စီအတွက် ဘယ်လောက် အထိ အကျပ်ရိုက်စေလဲ။…

“MSFC၊ MSRF ၊ MSDF သုံးဖွဲ နဲ့ မွန်ပြည်သစ်ပါတီ AD ကြား ကျစ်လျစ်ခိုင်မာတဲ့ ဗျူဟာမြောက် ပူးပေါင်း ဆောက်ရွက်မှု ဖြစ်လာခဲ့ရင် မွန်အမျိုးသား လွတ်မြောက် ရေးအတွက် အများကြီးတွန်းအားပေးနိုင်တယ်”

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးဟာ မွန်ဒေသတွေအထိ စစ်မျက်နှာ ကျယ်ပြန့်လာ သလို မွန်တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ဖို့ ပူးပေါင်းတာတွေ ရှိလာခဲ့တာပါ။ အဲဒီထဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည် တော်လှန်ရေးတပ် MSRF တို့ကလည်း ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ ပူးပေါင်းခဲ့တာပါ။ ဒါ့အပြင် မွန်ပြည်သစ်ပါတီ…

“၂၀၂၄က ဥပဒေမဲ့ သတ်ဖြတ်မှုကို အဓိကတွေ့ရတဲ့ နှစ်ဖြစ်တယ်။ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာတဲ့နှစ်တနှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်းထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်”

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ပေးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ဆိုပြီး အကျဉ်းသားတွေက ထောင်တွင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီက အကျဉ်းသားတွေဟာ ထောင်တွင်းဆူပူသောင်းကျန်းမှု ကျူးလွန်တယ်ဆိုပြီး အကြမ်းဖက်ဖြိုခွင်ခဲ့တဲ့အတွက် အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးပြီး ဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ…

“နိုင်ငံရေးပြဿနာဆိုတာ စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း နဲ့ အဖြေရှာခြင်းကသာ ကျွန်တော်တို့ ပြည်ထောင်စုအတွက်၊ နိုင်ငံအတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက် ထိခိုက်နစ်နာမှုအနည်းဆုံး၊ ပေးဆပ်မှု အနည်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက်ကြောင့် သက်ဆိုင်သူများ အားလုံးနဲ့ စကားပြောဆိုဖို့ အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်”

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ပြီး မဟာမိတ်အ ဖွဲ့ (7 EAO Alliance) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့…

“အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက မွန်လူငယ်လူရွယ် အများစုကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာရှိပါတယ်”

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအနေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ထားပါတယ်။ အဲဒီထဲမှာ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF လည်း ပါဝင်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လနီးပါးကြာ MSRF တပ်ထဲ လူငယ်တွေ ဝင်ရောက်ဆက် သွယ်လာတဲ့ အခြေအနေ၊ လက်ခံရေးအစီအစဉ်၊ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက် ပြီး…

“တရားမဝင်နည်းနဲ့ရော၊ တရားဝင်နည်းနဲ့ရော ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အဲဒီ လောက် မကောင်းတဲ့အတွက် မလာပါနဲ့ဆိုတဲ့ စကားလုံးကိုသုံးဖို့လည်း အင်မတန်အခက်အခဲရှိပါတယ်။ ပြည်တွင်းမှာ အကျပ်တည်းတွေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ခွာဖို့ အားသန်နေကြတယ်။ သို့သော်……”

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေ အလုံးအရင်းနဲ့ ဝင်ရောက်တာတွေ ရှိနေပါတယ်။ အခုလို အခြေအနေကြောင့် ထိုင်း နိုင်ငံထဲ တရားမဝင်လမ်းကြောင်းတွေမှတဆင့် ဝင်ရောက်လာသူတွေကို အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီး ချုပ်က သတိပေးပြောဆိုထားပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က အရေးယူဆောင်ရွက်သွားမယ့် အခြေ အနေတွေ၊ ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့နိုင်လား။ ဘယ်လိုအကျိုးဆက်တွေ…

“ဒီနေရာဆီလာတဲ့ လူငယ်တွေ တကယ်လို့များ တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ထမ်းဆောင်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ပါဝင်ထမ်းဆောင်လို့ ရပါတယ်။ တချို့လူငယ်တွေကျတော့ ပညာရေးမပြတ်သား‌သေးဘူး။ ပညာသင် ယူချင်တယ်ဆိုရင် ပညာရေးဆက်တက်နိုင်ဖို့အတွက် စီစဉ်ဖို့ စဉ်းစားနေပါတယ်”

အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှု ထမ်းဥပဒေ ပြဌာန်းလိုက်မှုကြောင့် မွန်ပြည်နယ်ကနေ တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးတာဝန်ယူ ပေးမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးဆောင်ရွက်ပေးထားတဲ့ အစီအစဉ်၊ ဆက်သွယ်ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ စစ်အာဏာရှင်ပြုတ်ကျရေး မွန်လူထုထံ တိုက်တွန်းမှုစတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC…

“ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာလည်း တွေ့ရတယ်”

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၉၅ ဦး သေဆုံးပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ရှောင် ဒုက္ခသည် ၇ သိန်းခွဲအထိ တိုးလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် နှစ်အစမှာပဲ အရပ်သားပြည်သူတွေ…

“စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာ တွေ့ရင်ဖမ်းတယ်။ တချို့ဟာတွေကျတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ် ယူရတာတွေရှိပါတယ်”

မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ MBRT ဟာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက် မှုပေးဖို့နဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုးဗြဲကယ်ဆယ်ရေး အဖွဲ့ MBRT ဟာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော်တွေကို ရှေ့တန်းအထိ သွားရောက် ကူညီ ကယ်ဆယ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ…

“တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့်အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ တအားနည်းတယ်။ တန်းတူအခွင့် ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်”

“တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့်အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့် ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်” Clean Yangon ဟာ နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ စု ပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း…