“စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာ တွေ့ရင်ဖမ်းတယ်။ တချို့ဟာတွေကျတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ် ယူရတာတွေရှိပါတယ်”

0
99

မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ MBRT ဟာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက် မှုပေးဖို့နဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာလည်း မိုးဗြဲကယ်ဆယ်ရေး အဖွဲ့ MBRT ဟာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော်တွေကို ရှေ့တန်းအထိ သွားရောက် ကူညီ ကယ်ဆယ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေး နေပါတယ်။

ဒါကြောင့် မိုးဗြဲကယ်ဆယ်ရေးအဖွဲ့  MBRT ဟာ ရှေ့တန်း စစ်မြေပြင်ထိ သွားရောက်ကူညီ ကယ်ဆယ်ရာမှာ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊စိန်ခေါ်မှုတွေ အပါအဝင် လတ်တလော လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုမလီနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ MBRT အနေနဲ့ ဘာတွေလုပ်ဆောင်ပေးနေလဲ ဒီ၁၁.၁၁ စစ်ဆင်ရေးမှာကယ်ဆယ်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ရိုမလီ – ကျွန်မတို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တစ်လေးလုံးမစ်ရှင်မှာ ဘာလုပ်လဲဆိုရင်  ကယ်ဆယ်ရေး၊ ဒုတိ ယတစ်ခုက ကုသရေး၊ ပြီးတော့ပို့ဆောင်ရေးပေါ့နော်။ ပထမဆုံး ကယ်ဆယ်ရေးဆိုတော့ ရှေ့တန်းမှာ ထိခိုက် ဒဏ်ရာရ ရဲဘော်တွေအတွက် ကျွန်မတို့ထက် အရင်တပ်စွဲတဲ့အဖွဲ့တွေရှိတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေရှိ မယ်။ ကျွန်မတို့ ဆရာမအဖွဲ့ကတော့ Safe ဖြစ်တဲ့နေရာမှာ ထိုင်ပြီးတော့ ရှေ့တန်းကရောက်လာတဲ့ အဖွဲ့အ စည်းက ပို့ဆောင်တာတွေကို ကုသမှုတွေလုပ်ပါတယ် ။ Minor Case တွေဆိုရင် ကျွန်မတို့လက်ထဲပြီးတယ်။ Major Case တွေကျတော့ ပို့ဆောင်ဆိုတဲ့အတိုင်း လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးပါတယ်။ ဒီအချက် သုံးချက်နဲ့ လုပ်နေပါတယ်ရှင်။

သံလွင်တိုင်းမ် – အခုလို ရှေ့တန်းနဲ့ နောက်တန်းမှာ ဆေးဝန်ဆောင်မှုပေးတဲ့အခါ ဘယ်လိုအတွေ့အကြုံ တွေရှိလဲ။ အမှတ်ရစရာဖြစ်စဉ်တွေရှိရင် ဝေမျှပေးပါဦး။

ရိုမလီ – ကျွန်မတို့ရှေ့တန်း၊ နောက်တန်း ဆေးဝန်ဆောင်မှုပေးတဲ့အချိန်တွေမှာ အတွေ့အကြုံ တွေကတော့ အများကြီးပေါ့နော်။ တစ်ခါတစ်လေ ဘာတွေတွေ့ရသလဲဆိုရင် ဒီရှေ့တန်း ကယ်ဆယ်ရေးသွားတဲ့ အခါမှာ မစ်ရှင်တွေရှိတဲ့နေရာမှာ ကျွန်မတို့ နယ်ခံမဟုတ်တဲ့ နေရာမျိူးမှာ ဒီရန်သူဘက် စကစဘက်ရှိတဲ့ နေရာကို ဦးတည်မှားတာတွေ ရှိခဲ့ဖူးတယ်။ ကံကောင်းလို့ အချိန်မီပြန်လှည့်နိုင်တာပေါ့နော်။ အဲဒီလိုရှိတယ်။ နောက်တန်း မှာ ဆေးဝန်ဆောင်မှု ဘယ်လိုပေးလဲဆိုရင်ကင်းစောင့်တဲ့ ရဲဘော်တွေကို ဆေးဝန်ဆောင်မှုတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အမြဲတမ်း လုပ်ဆောင်နေပါတယ်။

သံလွင်တိုင်းမ် – ဆေးဝန်ဆောင်မှု ပေးတဲ့အခါမှာ အများဆုံး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေက ဘာတွေ ရှိမလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားနေကြလဲ။

ရိုမလီ – ဆေးဝန်ဆောင်မှုပေးတဲ့အခါ အများဆုံးကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကတော့ နံပတ်(၁) အချက်ကတော့ လုံခြုံမှု။ ကျွန်မတို့သွားနေရတဲ့နေရာ ဒီစစ်ကောင်စီဘက်နဲ့ အရမ်းနီးတော့ အိမ်တွေလည်း မလှမ်းမကမ်းမှာ ရှိနေတဲ့အခါကျတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေ၊ ကင်းထောက်ယာဉ်တို့၊ ဒရုန်းတို့ အဆက်မပြတ် သွားလာနေကြတော့ အဓိကအချက်က လုံခြုံမှုစိန်ခေါ်ခံရတာပေါ့။ ဒုတိယအချက်ကတော့ ဆေး ဝါးလုံလောက်မှု သိပ်မရှိတာ စစ်ဆင်ရေးရင်ဆိုင်နေရတဲ့ အချိန်မျိုး၊ ဆေးရုံလမ်းကြောင်း အရမ်းဝေးတဲ့နေရာမျိုး ဆိုရင် ရဲဘော်တွေ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတာမျိုး။ ကျွန်မတို့ဒီလမ်းတဝိုက်က တဆင့်နောက်ထပ်ခဲမဲ့ သွေးတွေပြန်စီးနိင်အောင် ချက်ကြိုးကို ဘယ်လိုဖြတ်ရမလဲဆိုတာ ပထမအခက်အခဲပေါ့။ ဆေးရုံနဲ့ အရမ်းအ လှမ်းဝေးနေတဲ့ လမ်းကြောင်းကတော့ ဒုတိယအခက်ခဲပါရှင့်။

သံလွင်တိုင်းမ် – စစ်ကောင်စီဘက်ကရော ဆေးဝါးတွေ မရောက်အောင် ဘယ်လောက်ထိ ပိတ်ပင်တာမျိူးတွေ ကြားရ၊ ကြုံရနေပါသလဲ။

ရိုမလီ – စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာ တွေ့ရင်ဖမ်းတယ်။ လိုင်စင်ရကိုင်ထားတဲ့ ဆေးခန်း တွေကိုပဲ အနည်းငယ်ဆေးတွေ သယ်ဆောင်ခွင့်ပေးတယ်။ ဘယ်လိုဆေးတွေပဲ သယ်လာခွင့်ရတယ်ဆိုတာ လည်း ကြုံဖူးကြားဖူးကြတာပေါ့။ တချို့တော်တော်များများမှာ ဆေးတွေကို သယ်ယူဖို့ခက်ခဲတယ်။ တချို့ဟာ တွေကျတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ်ယူရတာတွေရှိပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ လတ်တလော ဆေးလိုအပ်ချက်တွေအတွက် အလှုရှင်တွေ၊ ပြည်သူတွေဆီ ဘယ်လို သတင်းကောင်းပါးချင်ပါသလဲ။

ရိုမလီ – အရင်ကတည်းက ကျွန်မတို့ကို ထောက်ပံ့အကူအညီပေးတဲ့ ပြည်သူလူထုတစ်ယောက် ချင်းစီကိုလည်း ကျေးဇူးတင်သလို အခုထပ်လိုအပ်တဲ့ ဆေးလိုအပ်ချက်တွေကိုလည်း ထပ်ပြီးတော့ အဆုံးထိ အတူတူ ရှိပေးပါ ဦးလို့ ကျွန်မတို့လည်း ရှေ့ဆက်ဒဏ်ရာရ ရဲဘော်တွေနဲ့အတူရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ ပြည်သူလူထုတွေအကုန်လုံး ကျွန်မတို့နဲ့အတူတူ ရပ်တည်ပေးတဲ့ အတွက်ကျေး ဇူးအများကြီးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.