“ဒီနေရာဆီလာတဲ့ လူငယ်တွေ တကယ်လို့များ တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ထမ်းဆောင်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ပါဝင်ထမ်းဆောင်လို့ ရပါတယ်။ တချို့လူငယ်တွေကျတော့ ပညာရေးမပြတ်သား‌သေးဘူး။ ပညာသင် ယူချင်တယ်ဆိုရင် ပညာရေးဆက်တက်နိုင်ဖို့အတွက် စီစဉ်ဖို့ စဉ်းစားနေပါတယ်”

0
109

အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှု ထမ်းဥပဒေ ပြဌာန်းလိုက်မှုကြောင့် မွန်ပြည်နယ်ကနေ တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးတာဝန်ယူ ပေးမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်ပါတယ်။

ဒါကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးဆောင်ရွက်ပေးထားတဲ့ အစီအစဉ်၊ ဆက်သွယ်ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ စစ်အာဏာရှင်ပြုတ်ကျရေး မွန်လူထုထံ တိုက်တွန်းမှုစတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC  အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းနဲ့ ဆက်သွယ်မေး မြန်းချက်။

သံလွင်တိုင်းမ် –  အရင်ဆုံး စစ်မှုထမ်းဥပဒေကြောင့် အကျုံးဝင်အသက်မှာ ပါဝင်နေကြတဲ့ လူငယ်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဘာများ အကူအညီတွေ ပေးဖို့ စီစဉ်ထားတာရှိမလဲ။

နိုင်မွန်စိုင်း – စစ်မှုထမ်းဥပဒေကြောင့် အကျုံးဝင်အသက်မှာပါဝင်တဲ့ လူငယ်တွေကို ကျွန်တော်တို့ မွန်ပြည်ဖယ်ဒ ရယ်ကောင်စီအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်ထဲရေးဌာနရယ်၊ ကာကွယ်ရေးဌာနနဲ့ လူသားချင်းစာနာမှု ကယ် ဆယ်ရေးဌာနပေါ့နော်။ ဌာနသုံးခုပူးပေါင်းပြီး ကြိုဆိုနေရာချထားရေးစခန်းတစ်ခု ပြုလုပ်ဖို့ စီစဉ် ထားတာရှိ ပါတယ်။ လူငယ်တွေ လာချင်တယ်ဆိုရင် အဲဒီမှာလာလို့ရပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ Contact လုပ်ရမယ့် ချိတ်ဆက်မယ့်နေရာ အခြေအနေကို ပြောပြမှာဖြစ်ပါတယ်။ မဟုတ်ရင်လည်း ကျွန်တော်တို့ မွန်ပြည် တော်လှန်ရေးတပ်မှာ သူတို့ရဲ့ Messenger ၊ Facebook မှာလည်း ဆက်သွယ်မှု လုပ်ဆောင်လို့ ရပါတယ်။ ကျွန်တော်တို့ဆီလာတဲ့ လူငယ်‌တွေကို အကူအညီပေးဖို့အတွက် စီစဉ်ထားတာတော့ ရှိပါတယ်။

သံလွင်တိုင်းမ် – ဆက်သွယ်လာကြမယ့် လူငယ်တွေကို ဘယ်လိုမျိုး စိစစ်လက်ခံသွားဖို့ ရှိနေမလဲ။ တိမ်းရှောင် လာကြမယ့် လူငယ်တွေကို စစ်ရေးအပြင် အခြားသောကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခွင့်တွေ ပေးထားတာမျိုးရှိနေမလား၊ ဘယ်လိုမျိုးလဲ။

နိုင်မွန်စိုင်း – ဒီလူငယ်တွေတိုင်းကိုတော့ စိစစ်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကန့်သတ်မှုတော့ ရှိတာပေါ့ နော်။ ဒီလက်ခံမှု ကိစ္စတွေပေါ့။ ကျွန်တော်တို့ အဓိကအားဖြင့်တော့ ဒီနေရာဆီလာတဲ့ လူငယ်တွေ တကယ်လို့ များ တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ထမ်းဆောင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ပါဝင်ထမ်းဆောင်လို့ ရပါတယ်။ တချို့ လူငယ်တွေကျတော့ ပညာရေး မပြတ်သား‌သေးဘူး။ ပညာသင်ယူချင်တယ်ဆိုရင် ပညာရေး ဆက်တက်နိုင်ဖို့ အတွက်စီစဉ်ဖို့ စဉ်းစားနေပါတယ်။ သူတို့နဲ့ တွေ့ဆုံပြီးတော့မှ တကယ်လို့ ပညာဆက်လက်သင်ကြားမယ့် လူ ငယ်တွေရှိတယ်ဆိုရင် ဘယ်နည်းဘယ်ဟန်နဲ့ လက်ခံပြီး ပညာသင်ကြားနိုင်အောင်စီစဉ်ဖို့ ကျွန်တော်တို့ စဉ်းစား သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တချို့သော လူငယ်မဟုတ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီး ဘွဲ့ဒီဂရီ ရလာ မယ်။ အသိပညာတချို့လည်း ရှိမယ်ဆိုရင် ကျွန်တော်တို့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်ထမ်းဆောင်ဖို့ မဟုတ်ရင် ပဋိပက္ခဖြစ်ပွားနေတဲ့ မြေပြင်ပေါ်မှာ ပြည်သူလူထုကိုကူညီမယ့် လုပ်ငန်းတွေမှာ ပါဝင်လာဖို့အတွက် ကျွန်တော်တို့က စည်းရုံးသွားမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – လက်ရှိမှာ တချို့ကတိမ်းရှောင်လာပြီး စစ်ရေးမှာရော၊ တော်လှန်ရေးကဏ္ဍမှာ ဝင်မလုပ်ချင်သူ တွေကို နီးစပ်ရာအိမ်နီးချင်းနိုင်ငံမှာ ဝင်ရောက်အလုပ်လုပ်ဖို့ ရည်ရွယ်တယ်ဆိုရင် သူတို့တတွေကို ဘယ်‌လောက် အထိ ကူညီပံ့ပိုးသွားဖို့ ရှိနေမလဲ။

နိုင်မွန်စိုင်း – ထိုင်းနိုင်ငံဘက်ကိုပဲ ရည်ရွယ်ပြီး ဝင်လာတဲ့ လူငယ်တွေကိုတော့ ကျွန်တော်တို့က လက်မခံ ချင်ပါ ဘူး ။ သူတို့ကတော့ သူတို့နည်းသူတို့ဟန်နဲ့ အိမ်နီးချင်းနိုင်ငံကို သွားလို့ရမယ်ထင်ပါတယ်။ ဒါကတော့ သူတို့ရဲ့ အဆက်အသွယ်တွေ၊ ဆွေမျိူး သူငယ်ချင်းတွေ၊ သူတို့ရဲ့ အသိုင်းအဝိုင်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ဘယ်လို သွားမလဲဆိုတာ သူတို့ဘာသာသူတို့ လုပ်ဆောင်လို့ရပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလူငယ်တွေကို ထိုင်း ဘက်ကိုသွားဖို့ ဆိုပြီးတော့မှ ကူညီလုပ်ဆောင်တာတော့ လုံးဝလုပ်ဆောင်လို့ မရပါဘူး။ ဒါကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ပြဿနာဖြစ်စေတဲ့ကိစ္စတွေ ဖြစ်တယ်။ နောက်ပြီးတော့ လူကုန်ကူးမှုနဲ့လည်း သိပ်မကင်း ရှင်းတဲ့ အတွက် ဒီလိုလူငယ်မျိုးတွေကျတော့ ကျွန်တော်တို့က လက်မခံချင်ဘူး ။ သူတို့သွားချင်တဲ့နေရာကို သူတို့ အချိတ်အဆက်နဲ့ပဲ သွားဖို့အတွက် ကျွန်တော်တို့က အားပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကူညီ ပေးလို့မရပါဘူး။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ ချုပ်ငြိမ်းဖို့ ဝိုင်းဝန်းတော်လှန်နေချိန်မှာ မွန်လူထုတွေ မွန်လူငယ်တွေကိုရော အမျိုးသားလွတ်မြောက်ရေးအတွက် ဘာများတိုက်တွန်းချင်တာရှိမလဲ။

နိုင်မွန်စိုင်း – ဒီလိုမျိုးအရေးကြီးနေတဲ့အချိန် စစ်အာဏာရှင်ပြုတ်ကျဖို့ တွန်းလှန်နေတဲ့အချိန်မှာ ပြည်နယ်တော် တော်များများ၊ တိုင်းရင်းသား လူငယ်တော်တော်များများ အပြင်းအထန် တွန်းလှန်နေတယ်။ ကြည့်လိုက်မယ် ဆိုရင် ရခိုင်ပြည်မှာလည်း ရခိုင်လူငယ်တွေက ပါဝင်ပြီးတော့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်‌နေကြတယ်။ ကချင်လူငယ်တွေ၊ ဗမာလူငယ်တွေစသဖြင့်ပေါ့။ တိုင်းရင်းသားတွေ ကြားထဲမှာလည်း အမျိုးသားလွတ်မြောက် ရေးအတွက် တိုက်ပွဲဝင် ရုန်းကန်နေကြပါတယ်။ နည်းမျိူးစုံနဲ့ တာဝန်ယူနေကြတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲ ဝင်တဲ့ လူငယ်တွေရှိသလို ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရပ်နဲ့ တော်လှန်ရေးကို ပါဝင်ဆောင်ရွက်ပေးတဲ့ လူ ငယ်‌တွေလည်း အများကြီးရှိပါတယ်။

စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့အတွက် ကျွန်တော်တို့ မွန်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကိုသွားဖို့ အဲဒီလိုမျိုးပြင်ဆင်ဆောင်ရွက်တဲ့နေရာ၊ အမျိူးသား လွတ်မြောက်ရေး အတွက် ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေက အားလုံးပါဝင်သင့်ပါတယ်။ ကျွန်တော်တို့တွေချည်းပဲ မဟုတ်ပဲ နဲ့ အခြားသောတော်လှန်ရေးအဖွဲ့တွေမှာလည်း ပါဝင်ဖို့သင့်ပါတယ်။ ဒီအချိန်မှာ လူငယ်တွေမပါဝင်ခဲ့ဘူးဆိုရင် အနာဂတ်မှာရှိတဲ့ လူငယ်တွေကိုလည်း ကျွန်တော်တို့ စိုးရိမ်ရမယ်။ အနာဂတ်မှာရှိတဲ့ လူငယ်တွေကိုလည်း ကျွန်တော်တို့ စိုးရိမ်ရမယ်။ အနာဂတ်မှာ လူငယ်တွေအားလုံး စစ်အာဏာရှင်စနစ် အောက်မှာနေကြမလား မေး ချင်ပါတယ်။ တကယ်လို့ စစ်အာဏာရှင်စနစ် မကြိုက်ဘူး။ စစ်အာဏာရှင် စနစ်အောက်မှာ မနေချင်ဘူးဆိုရင် ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ဖယ်ဒရယ်စနစ် ပေါ်ထွန်းလာမှသာ ကျွန်တော်တို့နိုင်ငံက အေးချမ်းပြီးတော့ တိုး တက်မယ်။ လူငယ်တွေအတွက်လည်း အနာဂတ်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်လူငယ်များ ဒီအချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်ပြီလို့ ကျွန်တော်ဘက်က တိုက်တွန်းချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.