“ပြည်သူတွေအနေနဲ့လည်း ရေးပတ်ဝန်းကျင်လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ ဂိတ်တွေမရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာတစ်နေရာဝင်၊ တစ်နေရာထွက်ပေးနေရတဲ့ အခြေအနေတွေ မရှိတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာနေရတဲ့ အခြေအနေလေးတွေ ရှိပါတယ်”

0
193

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းကို မွန်ပြည်တော်လှန်‌ရေးတပ် MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ နယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်။

မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီ တပ်က လေယာဉ်နဲ့ကင်းထောက်တာအပြင် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

အဲဒီလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အခြေအနေ၊ စစ်ကောင်စီအတွက် ဘယ်လောက် အထိ အကျပ်ရိုက်စေလဲ။ တခြားဒေသနည်းတူ တောင်ပိုင်းဒေသမှာ မြို့သိမ်းစခန်းသိမ်းတဲ့အဆင့်အထိ  ဖြစ်နိုင် ခြေ ရှိနိုင်မလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းနဲ့ ပတ်သက်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေဘက်က ဘယ်လောက်အတိုင်းအတာအထိ နယ်မြေစိုးမိုးထားနိုင်သလဲ။

နိုင်နဂါး – ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေး တပ် MSRF နဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ရေး၊ ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။ မတ်လ( ၁၃ ) ရက် နေ့ ဒီလမ်းကို ထိန်းချုပ်ကတည်းက စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေ ဒီလမ်းမပေါ်မှာ မတွေ့ရတော့ပါဘူး။ သို့ သော်လည်း လမ်းမကြီးကို ၂၄ နာရီ အမြဲတမ်းရှိနေဖို့တော့ အဆင်မပြေဘူး။ ရန်သူကလေကြောင်းနဲ့ ကင်း ထောက်နေတယ်။ လေကြောင်းကနေ အချိန်မရွေးတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့် ရံဖန်ရံခါလောက်ပဲ စစ် ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ သို့သော်ထိန်းချုပ်မှုကိုတော့ ၁၀၀ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တယ်လို့ ပြော လို့ရတယ်။ သို့သော် ကျွန်တော်တို့မရှိတဲ့အချိန်မှာ တလောက မလွှဲတောင်ကို မြေသယ်ကျောက်သယ် ကား ကြီးတွေနဲ့ စစ်အင်အားသွားရောက် ပို့ဆောင်တာကို နောက်ပိုင်းမှာ စုံစမ်းတွေ့ရှိရပါတယ်။ အဲဒီလိုတော့ ရှိ တယ်။ ခြုံပြီးပြောရမယ်ဆိုရင် မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်တွေက ရေး၊ ထားဝယ်အမှတ် (၈) လမ်း မကြီးကို ၁၀၀ရာခိုင်နူန်း အပြည့်အဝထိန်းချုပ်ထားနိုင်ပြီး ရန်သူတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဒီနေ့ အ ထိဖြတ်တောက်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။

သံလွင်တိုင်းမ် – မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို စိုးမိုးထား တဲ့အတွက် စစ်ကောင်စီဘက်က ဘယ်လိုမျိုးအကျပ်ရိုက်မှုတွေ သက်ရောက်မှုတွေ ဖြစ်ပေါ်စေသလဲ။

နိုင်နဂါး – မွန်ပြည် တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက အခုလို ပြည်ထောင်စု အမှတ်(၈ )လမ်းမကြီးကို ထိန်းချုပ်ထားနိုင်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်တွေက လမ်းကိုရိက္ခာဖြည်တဲ့ကိစ္စတွေ၊ စစ်ကူပေးတဲ့ကိစ္စတွေ၊ တပ်အပြောင်းအလဲကိစ္စတွေမှာ ဒီလမ်းမကြီးကို လုံးဝအသုံးမပြုနိုင်တဲ့ အခြေအနေကို ရောက်သွားပြီ။ ခုနကပြောသလို မလွှဲတောင်ကို စစ်အင်အားဖြည့်တဲ့ကိစ္စတွေမှာ ကျောက်သယ်ကားကြီးတွေနဲ့ ခိုးကြောင်ခိုးဝှက် ပို့ပေးနေရတဲ့အခြေနေကို ရောက်နေပါတယ်။ နောက်ရေးပတ်ဝန်းကျင်မှာရှိတဲ့ တပ်တွေကို အင်အားဖြည့် လက်နက်ကြီးတွေပို့ဆောင်ဖို့ ကုန်းကြောင်းနဲ့ ဘယ်လိုမှမလာနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ရေကြောင်းနဲ့ ပို့ဆောင်နေရတာကို ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရန်သူဟာရေးနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တပ်တွေကို အင်အားရိက္ခာဖြည့်ဖို့၊ လူပို့ဖို့အတွက်ကို ရေကြောင်းတစ်ခုတည်းပဲ လုပ် ဆောင်နေရပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တော်တော်လေး အကျပ်ရိုက်နေပါတယ်။  ရေးမြောက်ပိုင်းမှာဆိုရင် အခြားသော PDF တွေလည်း ထိန်းချုပ်ထားတဲ့အပေါ်မှာ သူတို့ရဲ့ဆက်သွယ် ထောက် ပံ့ရေး လမ်းကြောင်းတပ်တွေလှုပ်ရှားရတဲ့ လမ်းကြောင်းက တော်တော်လေး အခြေနေဆိုးတယ်လို့ ပြောလို့ရ တယ်။ ရေကြောင်းလမ်းကိုသာ နည်းပေါင်းစုံနဲ့ ပိတ်ဆို့စိုးမိုးနိုင်ခဲ့မယ်ဆိုရင် ရန်သူတပ်ကတော့ လေကြောင်း လမ်းတစ်ခုပဲရှိတော့ အဲဒီလိုအခြေအနေတွေ ရှိပါတယ်။

သံလွင်တိုင်းမ် – မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က လမ်းမကိုစစ်ဆေးတာ၊ စိုးမိုးတာတွေလုပ်ဆောင်တဲ့အ တွက် ခရီးသွားပြည်သူတွေဘက်ကရော တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဘယ်လိုမျိုးယုံကြည်မှုတွေ ရှိလာစေ နိုင်မလဲ။ ရှိနေစေတာလဲ။

နိုင်နဂါး – ရန်သူတွေရဲ့ ကုန်းပိုင်းဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှု သွားလာမှုတွေကို အစွမ်းကုန်ကန့်သတ် နိုင်ခဲ့ေ ပမဲ့ ပြည်သူတွေရဲ့ သွားလာမှုတွေကိုတော့ ချုပ်ခြယ်ထားခြင်းမရှိပါဘူး။ လိုအပ်ချက်အရ စိစစ်မေးမြန်းမှုတွေကို လည်း ပြည်သူတွေက ကြည်ဖြူစွာ လိုက်လျောပြီးတော့ ပူးပေါင်းပါဝင်ကြပါတယ်။ ပြည်သူတွေက အစားအ သောက်တွေလည်း တောင်းစရာမလိုပဲ ပေးကမ်းသွားတာတွေလည်း ရှိခဲ့တဲ့အတွက်ကြောင့် အထူးပဲကျေးဇူး တင်ရပါတယ်။ ဒီလမ်းကြောင်းကို ကြာရှည်စွာ ထိန်းကြောင်းလာနိုင်တာနဲ့အမျှ ပြည်သူတွေရဲ့ ယုံကြည်မှုက လည်း ပိုပိုများလာတယ်။ အရင်ကလို စစ်ကြောင်းထိုးလာတာဆိုရင် ပွဲများပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ တဖြေးဖြေး လျော့နည်းလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ နောက်ပြည်သူတွေအနေနဲ့လည်း ရေးပတ် ဝန်းကျင်လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ ဂိတ်တွေမရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာ တစ်နေရာဝင်၊ တစ်နေရာထွက်ပေးနေရတဲ့ အခြေအနေတွေ မရှိတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာနေရတဲ့ အခြေအနေလေးတွေ ရှိပါတယ်။ ပြည်သူတွေ ကိုယ်တိုင်ပြောတာလည်း ကြားသိရပါတယ်။

သံလွင်တိုင်းမ် – နောက်တစ်ခုက မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က မွန်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ စစ် ကောင်စီတပ်ရင်းတွေ၊ ဌာနချုပ်တွေ အမြောက်တပ်တွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ အဆင့်အထိ  ဖြစ်နိုင်ခြေရှိနိုင်မလား။

နိုင်နဂါး – ရန်သူစစ်ကောင်စီတပ်တွေက နေရာအနှံ့မှာ ရှုံးနှိမ့်မှုတွေရှိနေတယ်။ တိုက်ပွဲတိုင်းမှာ အသေအ ပျောက်တွေများနေတယ်။  စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ယိုယွင်းပျက်စီးမှုတွေရှိတယ်ဆိုပေမဲ့ တိုက်ပွဲနယ်နိ မိတ်က ပြောင်းလဲသွားပြီး မြောက်ပိုင်းမှာ မဟာမိတ်ညီနှောင်သုံးဖွဲ့က အခြေအနေအကြောင်းကြောင်းကြောင့် တိုက်ပွဲတွေ ဗြုန်းကနဲရပ်သွားတဲ့အပေါ်မှာ ကချင်၊ ရခိုင်၊ ကရင်နီဘက်မှာပဲ တိုက်ပွဲကြီးတွေရှိနေတယ်။ အဲဒီ အပေါ်မှာ စစ်ပန်းအကျဆုံးများနေတဲ့ တပ်တွေကို တောင်ဘက်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်ကိုပဲ ပြောင်းရွေ့လာတာကို တွေ့ရတယ်။ ဒီတပ်တွေက အရင်ကအင်အားလျော့နည်းနေတဲ့ ရေးမြို့နယ်တဝိုက်မှာ အင်အားဖြည့်ထားတယ်။ ဟောင်းဝစ်ဇာ အမြောက်ထပ်ပြီးတော့ ဆင်ထားတယ်ဆိုတော့ မြို့သိမ်းတိုက်ပွဲ စ ခန်းသိမ်းတိုက်ပွဲတွေကိုတော့ ချက်ချင်းဖော်ဆောင်နိုင်မှာ မဟုတ်သေးဘူး။ အခွင့်အခါကောင်းတစ်ခုကို စောင့် နေရတယ်။ အခုတပ်ရင်းတွေမှာ ရန်သူတွေ အများကြီးဖြည့်ထားတယ်။ လက်နက်ကြီးတွေကိုလည်း ရေ ကြောင်းက ၁၂၀ မမတို၊့ ဟောင်းဝစ်ဇာ အမြောက်ကြီးတွေနဲ့ စမ်းသပ်ပြီး ပစ်နေတာတွေ့ရတယ်။ စခန်းသိမ်း တိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲကတော့ အခြေအနေပေးရင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သို့သော် လွယ်တော့ မလွယ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ အားမလျော့ပါဘူး။ ပြည်သူတွေရဲ့ ထောက်ပံ့အား ပေးမှုနဲ့ တစ်နေ့ရအောင်တော့ တိုက်မှာပဲ။ ဒါကိုတော့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ဟာ ပြိုဆင်းဖို့ တ‌ရွေ့ပြီးတစ်ရွေ့ ယိုင်နဲ့လာတဲ့အနေအ ထားမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲ အလျင်အမြန်အဆုံးသတ်နိုင်ဖို့ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းသွားနိုင်ဖို့  မွန်လူထုတွေရော ဒေသတွင်း ပြည်သူတွေကို ဘာများ ပြောကြားချင်လဲ။

နိုင်နဂါး- စစ်ကောင်စီတပ်တွေက အင်အားလျော့နည်းလာတယ်။ စိတ်ဓာတ်တွေ ယိုယွင်းလာတယ်။ နယ်မြေ ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာတယ်။ ဒါပေမဲ့ ရန်သူကချက်ချင်းကျဆုံးဖို့ ဆိုတာတော့ ကျွန်တော်တို့ မမြင်နိုင် သေးဘူး။ ရန်သူမှာ အကောင်အထည် ကြီးမားတဲ့ လက်နက်ကြီးတွေ ရှိသေးတယ်။ နောက်ပြီးတော့ လေ ကြောင်းနဲ့ ကျွန်တော်တို့ကို ဖြိုခွင်းနိုင်တဲ့ အခြေအနေတွေ ရှိသေးတယ်။ နောက်တစ်ခုက စစ်မှုမထမ်း မနေရ ဆိုတဲ့ ဥပဒေကြောင့် ဘယ်လိုမှငြင်းဆန်လို့မရတဲ့  လမ်းမရှိတဲ့ ပြည်သူတွေက တပ်ထဲကိုဝင်လာရတဲ့အတွက် ကြောင့် အင်အားတွေ ပြန်လည်ဖြည့်တင်းလာတာတွေ ရှိတယ်။ တိုက်ရည်ခိုက်ရည်တွေတော့ ရှိတာမဟုတ်ဘူး ပေါ့။ သေချာပါတယ်။ အခုစစ်ထဲဝင်‌တဲ့ သူတွေကတော့ အသားကြိတ်စက်ထဲကို ဝင်တယ်လို့ပဲ မြင်ပါတယ်။ ဆိုလိုချင်တာက ရန်သူတွေဆုံးရှုံးမှုများစွာ ရှိနေတယ်။ တိုက်ပွဲတိုင်းမှာ ကျဆုံးမှုတွေရှိနေတယ်။ သို့သော် ချက်ချင်းလက်ငင်း ကျဆုံးသွားသေးမှာ မဟုတ်ဘူး။

ဒါကြောင့် ပြည်သူတွေအနေနဲ့က တော်လှန်ရေး တပ်ဖွဲ့တွေကို စိတ်ရှည်လက်ရှည်နဲ့ တတ်အားသမျှ ဒီထက်ပို ပြီး ထောက်ပံ့ကူညီပေးဖို့လိုပါတယ်။ စစ်ပွဲက ကြာလာတာနဲ့အမျှ ဒုက္ခခံရတာ ပြည်သူတွေဖြစ်တယ်။ ကျွန်တော် တို့လည်း ပြည်သူတွေပဲဆိုတော့ ဒီစစ်အာဏာရှင်ကို သက်ဆိုးရှည်သမျှ ဒုက္ခဆိုးကျိုးတွေ ခံရမှာဆိုတော့ စစ် အာဏာရှင်ကို အပြုတ်တိုက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့က ပြည်သူတွေရဲ့ ထောက်ပံ့မှု လုံးဝလိုနေသေးတယ်လို့ ပြောချင်ပါတယ်။ ရန်သူတွေ ကျဆုံးနေပြီဆိုတာနဲ့ ပျော်လို့ မရသေးဘူး။ ရန်သူဟာ အဆိပ်ရှိတဲ့မြွေပွေးလိုပဲ တိတ်တိတ်ကလေး ကျန်နေပါသေးတယ်။ ကျွန်တော်တို့ လုံး၀ ရိုက်သတ်ဖို့တော့ လိုပါတယ်။ တုတ်တွေ၊ ဓားတွေ လိုတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကို ဆက်လက် ထောက် ပံ့ပေးဖို့ လိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.