“မွန်ဘာသာနဲ့တေးသီချင်းတွေသီဆိုပေးခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီးမာမာအေးအကြောင်းအမှတ်တရတွေကို ပြန်ပြောင်းပြောပြပေးခဲ့တဲ့ မွန်ဂီတပညာရှင် နိုင်ဗညားအောင်”
အသံကဝေမကြီးလို့ တင်စားကြတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ မြန်မာစံ တော်ချိန် ၆ နာရီအချိန်ခန့်မှာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၅၀ အစောပိုင်းကနေ ၁၉၉၈ ထိ မြန်မာပြည်တေးလောကမှာ တဟုန်ထိုးနာမည်ကြီးလာတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ မေ့ကွက်ကိုရှာ၊သက်တန့်ပေါ်မှာ ကစားမယ်ကစပြီး တရေးချစ်ခွင့်မြင်ရနိုး ၊ မောင့်အချစ်မျှား၊ ချစ်သူ့နယ်မြေစတဲ့ နာမည်ကြီးဂန္တဝင်သီချင်းပေါင်း ထောင်ချီ…
