ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

0
186

စစ်တပ်ကလစာကောင်းကောင်း မပေးနိုင်လို့လား ဘာလားတော့ မသိဘူး။ ရွာထဲကိုဝင်ပြီးတော့ စစ်သားတွေက ဓားပြတိုက်စားဖို့ လုပ်နေတယ်။ ထမင်းတည်တဲ့ ထမင်းပေါင်းအိုးကအစ သူတို့ယူတယ်”

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ အခုလကစပြီး ဒေသခံပြည်သူ့ နေအိမ်တွေထဲ ပေါ်ပေါ်တင်တင် ဝင်ရောက်လာပြီးနောက် ရွှေ၊ ငွေ၊ ဆိုင်ကယ်အပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ် ထောက်ခံတဲ့ ကျေးရွာဖြစ်စေ၊ မထောက်ခံတဲ့ကျေးရွာဖြစ်စေ ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်ပြီး ဆန္ဒပြမှုတွေရှိခဲ့တဲ့ ကျေးရွာတွေဆိုရင် PDF အားပေးထောက်ခံရင် သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းမယ်၊ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်က ထားဝယ်ခရိုင်အတွင်း ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု၊ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် လုပ်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ အာဏာသိမ်းကာလအတွင်း ထားဝယ်ခရိုင်အတွင်းမှာ အရပ်သားပြည်သူအ ပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြော ပြပေးပါဦး။

ကိုမင်းလွင်ဦး – စစ်ကောင်စီကတော့  ဘယ်လိုပြောမလဲဗျ။ အာဏာသိမ်းပြီး ကျွန်တော်တို့ လူထုသပိတ်တွေ အင်တိုက်အားတိုက်လုပ်ပြီးတဲ့ နောက်ပိုင်းပေါ့ဗျာ။ ဖေဖော်ဝါရီ ၂၈ နောက်ပိုင်းကတည်းကဆို တော်တော်လေး လမ်းမှာတွေ့တဲ့သူ‌တောင်မှ သူတို့က ပစ်ခတ်တာတွေမျိူး တောက်လျှောက်လုပ်တယ်ဗျာ။ ပြီးတော့ပျူတွေနဲ့အ တူ သူတို့စစ်ကောင်စီတပ်သားတွေနဲ့ပေါ့ဗျာ။ အဲဒီလိုပေါင်းပြီးတော့လည်းပဲ ရွာတွေထဲမှာသူတို့စစ်ကြောင်းထိုး တာ မျိူးရှိတယ်။ ပြီးတော့လူတွေ အခန့်မသင့်ရင် လူငယ်တွေကို ဖမ်းဆီးပစ်သတ်တာတွေမျိူးရှိတယ်။ အဲဒီလို စစ်ကြောင်း မဟုတ်တောင်မှ တစ်ခါတလေဆို ကားနဲ့ရုတ်တရက်လာပြီးတော့ အဲဒီလိုအရပ်သားတွေပေါ့ဗျာ။ ဟိုရွာမှာရှိတဲ့ အဖိုးကြီးအဖွားကြီးတွေကအစ အရပ်သားတွေပါ ပစ်ခတ်သတ်ဖြတ်တာတွေရှိတယ်ဗျ။ အဲဒီလို အခြေအနေရှိတယ်။  အခုလည်းပဲ အခုအခြေအနေကတော့ သူတို့တစ်ခါတလေဆို ရွာတွေထဲကို စစ်ကြောင်း ထိုးတယ်ဗျာ။ စစ်ကြောင်းထိုးပြီးတော့ အဓိကကတော့ PDF တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ သတင်းဆို  အဲဒီအိမ် တွေပါ မီးရှို့၊ လူတွေပါသတ် အဲဒီလိုမျိူးတွေလုပ်တာတော့ရှိတယ်ဗျ။

သံလွင်တိုင်းမ် – ထားဝယ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတေ‌ွရှိ နေအိမ်တွေကို ဝင်ချင်သလို ဝင်‌မွှေပြီး ပြည်သူပိုင်တန်ဖိုးရှိ ရွှေ၊ ငွေနဲ့ဆိုင်ကယ်တွေကို မတရားသိမ်းယူနေတယ်လို့ ကြားသိရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကိုမင်းလွင်ဦး – အခုထားဝယ်ခရိုင်အတွင်းမှာဆိုရင် အရင်ကထက်ဗျာ။ သူတို့စစ်ကြောင်းထိုးပြီးတော့ ဝင်တယ် ဆို သူတို့လူထုကို ခြိမ်းခြောက်တယ်ပေါ့ဗျာ။ ခြိမ်းခြောက်တယ်ဆိုတာက သပိတ်တွေလုပ်မယ်ဆို သပိတ်ရှိတဲ့ နယ်မြေပေါ့ဗျာ။  ရွာထဲကိုဝင်လို့ရှိရင် သပိတ်တွေ ဘာတွေ လုပ်မယ်ဆိုရင် ဒီထက်ပိုဆိုးမယ်ပေါ့။ အဲဒီလိုမျိူး တွေ ရွာတွေပစ်မယ်ပေါ့ ။ ပြီးတော့ PDF တွေကို အားပေးမယ်ဆိုလို့ရှိရင် ရွာတွေဖျက်ဆီးခံရမယ်။ ဘာညာ အဲ ဒါမျိုးတွေ သူတို့‌တောက်လျောက် ခြိမ်းခြောက်တဲ့စာတွေလည်း ရေးခဲ့တယ်။ ပြီးတော့အခုက ကျွန်တော်တို့ဘက် မှာဆိုရင် နှစ်ရွာရှိနေပြီဗျာ။ ဘာမှဆုံးဖြတ်ချက်မရှိပဲ သူတို့ရုတ်တရက်စစ်ကြောင်းထိုးဝင်ပြီးတော့ ရွာထဲမှာလူ တွေလည်း ဘာမှမလုပ်ဘူးဗျာ။ အိမ်တက်အိမ်ပေါ်ကို တက်ပြီးတော့  အိမ်ထဲကလူတွေ အပြင်ထုတ်ပြီးတော့ သူတို့လိုချင်တဲ့ဟာတွေရှာတယ်။ အဲဒါကတော့ PDF နဲ့ ပတ်သက်တယ်ဆိုပြီးတော့ ရှာတာမဟုတ်ဘူး။

ကျွန်တော်တို့နားလည်တာက အဓိက ပိုက်ဆံရှိမယ်ထင်တဲ့ အိမ်တွေပေါဗျာ။ ပစ္စည်းဥစ္စာတွ ပေါမယ်ထင်တဲ့ အိမ်တွေ နည်းနည်းချောင်ချောင်လည်လည်ရှိတဲ့ အိမ်ကောင်းကောင်းကြီးတွေ အဲဒါတွေ ရွေးပြီးတက်ပြီးတော့ ယူသွားတာဗျ။ ဓါးပြတိုက်နေသလိုပဲ တစ်ကယ်ပဲ ဓားပြလိုပဲပြီးတော့ ဆိုင်ကယ်တွေဆိုလဲ အဲဒီလိုပဲဗျ။  တချို့ ဆိုင်ကယ်အဟောင်းလေးတွေဆိုရင် ခင်ဗျားလိုင်စင်ရှိလား ဘာညာလိုင်စင်ရှိတယ် ဆိုရင်ပြန်ပေးခဲ့တယ်။ ဆိုင် ကယ်အကောင်းကြီးဆိုရင်တော့ လိုင်စင်ရှိရှိ မရှိရှိ ယူသွားတာပဲ။ အဲလိုမျိူးတွေကတော့ နှစ်ရွာပေါ့ဗျာ။ လတ်တ လောမှာတော့ နှစ်ရွာ။ အဲဒီနှစ်ရွာသူတို့မြို့နှင့်ကပ်လျက်ရွာ။ အဲဒီလိုမျိူးတွေသူတို့လိုက်လုပ်နေတာရှိတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီတပ်က ကျေးရွာထဲမှာ အခုလို ထင်တိုင်းကြဲလာတာကြောင့် ဒေသခံပြည်သူတွေအ နေနဲ့ ဘယ်လို ပြဿနာတွေ ရင်ဆိုင်နေရလဲ။ သူတို့မှာရော ဘယ်လိုစိုးရိမ်ပူပန်မှုတွေနဲ့ ကြုံနေရပါသလဲ။

ကိုမင်းလွင်ဦး – ဟုတ်ကဲ့ဗျ။ အခုဟာက မလုံခြုံတော့ဘူးဗျာ။ အသက်အန္တရာယ်လဲ စိုးရိမ်ရတယ်။ ပြီးတော့ အိမ် မှာရှိတဲ့ ပစ္စည်းဥစ္စာတွေလဲ စိုးရိမ်ရတဲ့အနေအထားပေါ့ဗျာ။ ဘဏ်မှာအပ်မယ်ဆိုရင်လည်း ဘဏ်ကမလုံခြုံဘူး။ အိမ်မှာထားမယ်ဆိုရင်လည်း လုံးဝမလုံခြုံဘူး။ ရှိတဲ့ပစ္စည်းဥစ္စာ ရှိတဲ့ဟာလေးတွေကို ပြည်သူတွေက စိုးရိမ်တ ထိတ်ထိတ်ဖြစ်ရတာပေါ့ဗျာ။ ချွေးနှဲစာလေးတွေ ကိုင်ထားတဲ့ ပစ္စည်းဥစ္စာလေးတွေတောင်မှ အိမ်မှာ မထားရဲတဲ့ အနေအထားပေါ့ဗျာ။ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်လာတယ်ပေါ့။ ဒီဟာတွေလည်းပဲ သူတို့အမြဲ တမ်းလုပ် နေကျ။ အခုလည်း ကျွန်တော်ထင်တယ်ဗျ။ သူတို့ လစာကောင်းကောင်း မပေးနိုင်လို့လား ဘာလားတော့ မသိ ဘူး။ ရွာထဲကိုဝင်ပြီးတော့ ဓားပြတိုက်စားဖို့ လုပ်နေတယ်။ ကျွန်တော်ထင်တယ်ဗျ။  ထမင်းတည်တဲ့ ထမင်း ပေါင်းအိုးကအစ သူတို့ယူတယ်။ ကျွန်တော်တို့ ကြားရတဲ့အတိုင်းဆိုရင် အဲဒီသူတို့သိမ်းသွားတဲ့ ပစ္စည်းဥစ္စာတွေ ကို သူတို့နောက်တန်းမှာ ရှိတဲ့သားမယားတွေကိ ပြန်ပို့တယ်ကြားတယ်။ အဲဒီလိုအနေအထားမျိူးပေါ့ဗျာ။ ပစ္စည်း တွေ လာယူတယ်ပေါ့ ။ သူတို့သိမ်းသွားတဲ့ဟာတွေကို သူတို့မိသားစုတွေ အတွက်ပေါ့ ။ သူတို့မိသားစုက သူတို့ အဖေသိမ်းသွားတဲ့ဟာတွေကို လာယူတယ် ။

သံလွင်တိုင်းမ် – ထားဝယ်ခရိုင်းအတွင်းက အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်အနေနဲ့ ဘာကြောင့် အခုလို ဖိနှိပ်လာတယ်လို့ မြင်ပါသလဲ။ ဒီလုပ်ရပ်အပေါ် ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ။

ကိုမင်းလွင်ဦး – သိတဲ့အတိုင်းပဲလေဗျာ။ စစ်တပ်ကလည်းပဲ နိုင်ငံရေးအရ စစ်ရေးအရ ဖိအားကောင်းကောင်း ဖြစ်လာတဲ့အခါမှာ တိုင်းပြည်စီးပွားရေးကလည်း ဇောက်ထိုးမိုးမျော်ဖြစ်နေပြီ။ အဲဒီတော့လစာလည်း ကောင်း ကောင်းပေးနိုင်တဲ့ အနေအထားမျိုး ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့သိတာက အဲဒီလိုမျိုး အခြေအနေမှာ တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့ဗျာ။  ဟိုးအောက်ခြေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဒီလိုပဲ။  ဓါးပြတိုက်စားကြမှာပေါ့။ ဟိုအရင်ကအတိုင်းပဲ။ သူတို့ ယာဉ်ထိန်းရဲတွေကိုဆိုရင် သူတို့ပြောနေကျ လစာ ကောင်းကောင်း မပေးနိုင်တော့ သူတို့ဖမ်းစားတယ်ပေါ့။  အဲဒီလိုမျိုးတွေရှိတာ ဟိုးအရင်ကတည်းက အခုဆို ပိုဆိုးတာပေါ့ဗျာ။ အခုကသူတို့မှာ လွတ်လပ်စွာ လူသတ်ပိုင်ခွင့်ပေးထားသလိုဖြစ်နေတယ်။ လွတ်လပ်စွာ ခိုးယူ ပိုင်ခွင့်ပေးထား သလိုဖြစ်နေတာပေါ့ဗျာ။ သူတို့ကာချုပ်ကြီးက။ အဲဒီလိုအခြေအနေမှာ ရှိတယ်ဆိုတော့ ပိုဆိုး တာပေါ့ဗျာ။ ပိုပြီးတော့စိတ်ပူနေရတာက ဒီဘက်က တော်လှန်ရေးအင်အားစုတွေ လက်လှမ်းမမီတဲ့ ရွာတွေမှာ ဆိုရင် အတော်လေးစိတ်ပူရတယ် ။ နောက်ပြီး သူတို့ကိုထောက်ခံခြင်း၊ မထောက်ခံခြင်းနဲ့ မဆိုင်တော့ဘူးဗျ။ သူတို့လိုချင်တဲ့ ပစ္စည်းဥစ္စာဆိုရင် သူတို့ကိုထောက်ခံတဲ့ ရွာလည်းဝင်သိမ်းတာပဲ ။

သံလွင်တိုင်းမ် – အခုနောက်ပိုင်း ထားဝယ်ဒေသထဲမှာ စစ်ကောင်စီတပ်အနေနဲ့ ဘယ်လိုစစ်ရာဇဝတ်မှုတွေကို အများဆုံး ကျူးလွန်လာတာ တွေ့ရပါသလဲ။

ကိုမင်းလွင်ဦး – နည်းစုံပေါ့ဗျာ။ နည်းစုံကျုးလွန်နေကြတာပဲ။  လူ့အခွင့်ရေးချိူးဖောက်တာတွေ၊ စစ်ရာဇဝတ်မှု ကျုးလွန်နေတာ အမျိူးစုံပဲ ။ တကယ်တော့ တစ်ဖက်နဲ့တစ်ဖက်စစ်တိုက်တယ်ဆိုတာ အရပ်သားတွေကို ပစ် မှတ်ထားပြီး တိုက်ခိုက်လို့ မရဘူးလေ။ အခုဟာကရွာထဲကို လဲပစ်ချတာပဲ။ စစ်သားတွေက အဲဒီလိုပေါ့ဗျာ။ တစ်ခုခုဖြစ်တယ်ဆိုရင် ဥပမာ- သူတို့စခန်း အနီးတစ်ဝိုက် တိုက်ခိုက်တဲ့အခါမျိုးဆိုရင် သူတို့က အနီးပတ်ဝန်း ကျင်ကို ပစ်တာပဲ ။ အကုန်ရမ်းသမ်းကိုပစ်တာပဲ။  အဲဒီတော့နည်းပေါင်းစုံနဲ့ ချိုးဖောက်တာပေါ့ဗျာ။ ဘာတစ်ခုမှ စည်းမျဉ်းစည်းကမ်းမရှိဘူး။ ကျွန်တော်တို့ မြင်ရသလောက်ကတော့ ကျွန်တော်ထင်တယ်။ အောက်ခြေမှာပို ဆိုးတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။ ပြောပြပေးပါဦး။

ကိုမင်းလွင်ဦး – ကျွန်တော်တို့လည်း တောက်လျောက် ကိုယ်ကူနိုင်ကူ လိုက်တာပါပဲ။ တစ်ခါတစ်လေဆိုရင် တော့ ဘာမှမတတ်နိုင်ဘူး။ ပြည်သူတွေအနေနဲ့ကတော့ ရွာမှာခြိမ်းခြောက်စာတွေ လာရေးတယ်ဆို ဘယ်လို ပြောမလဲဗျ။ လူတွေဆိုတော့ တစ်ခါတစ်လေကြောက်စိတ်ဝင်ကြတာပေါ့ ။ အဲဒီလိုအခြေအနေ တစ်ခုရှိတယ် ။ ကျွန်တော်တို့ နားလည်သလောက်ကတော့ အာဏာရှင်တွေက လူထုကိုခြိမ်းခြောက်ပြီး သူတို့ အာဏာတည်မြဲ ရေး လုပ်မှာပဲ။ အကြောက်တရား ကြောက်စိတ်ဝင်သွားအောင် လုပ်နေတာ ။ သူတို့နှစ်ပေါင်းများစွာ အဲဒီဗျူဟာ နဲ့ပဲလုပ်နေကြတာ။ အဲဒီတော့ ကျွန်တော်တို့က ကြောက်တော့ကြောက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့အား  လုံး အတူတကွ တော်လှန်မယ်ဆိုရင် သိပ်ကြောက်ဖို့ မလိုဘူး။ အဆုံးသတ်တိုက်ပွဲကို ဆင်နွဲရမှာပဲ။ မဟုတ်ရင် တော့ စစ်တပ်အောက်မှာ ဒီလိုပဲ ကြောက်ကြောက်လေးနဲ့ နောက်မျိုးဆက်အထိပေါ့ဗျာ။ နေရမယ့် အနေအ ထားရှိတယ် ။ ပြောချင်တာက ပြည်သူတွေအနေနဲ့ ကိုယ့်အထုပ်ကိုယ်ပြင်ထားဖို့ လိုတာပေါ့။ အဓိက အရေးကြီး တဲ့ စာရွက်စာတမ်းတွေ၊ ငွေကြေးတွေ အဲဒါကို လုံခြုံအောင်ထားဖို့တော့ လိုတာပေါ့ ။ အချင်းချင်းအပြန်အလှန် အာဏာရှင်တော်လှန်ရေးမှာ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြဖို့ပဲ့ ကျွန်တော်တို့ကတော့ တိုက်တွန်းချင်တာ ပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.