CDM ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ ဆက်သွယ်မေးမြန်းချက်

0
570

ခွင့်မဲ့ပျက်ကွက်နေတဲ့ စစ်သည်တွေက ပြန်ပြီးစစ်တပ်ကို တာဝန်ထမ်းဆောင်ဖို့ ဆိုတာ မရှိဘူး။ ရှေ့တန်းမှာ ကြုံခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုဒုက္ခအမျိုးမျိုးကို သူတို့ခံစားပြီးသွားပြီ။ စစ်တပ်ထဲပြန်ဝင်ပြီးတော့ ဒုက္ခတွေကို ခံစားမယ့်အနေအထားမျိုးမရှိဘူး”

စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ အရှေ့ပိုင်းမှာ ခွင့်မဲ့ပျက်ကွက်ကြေညာခံ ထားရသူတွေ တပ်မှာ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာရင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုသာ သတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းဖို့ လက်ခံသွားမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် စစ်တပ်မှာ စစ်ပြေးတွေနဲ့ ခွင့်မဲ့ပျက်ကွက်မှုတွေကို ဘယ်လိုအရေးယူဖို့ ပြဌာန်းထားလဲ။ စစ်ပြေးတွေ ပြန်လက်ခံမှုအပေါ် သဘောထားအမြင်၊ စစ်ပြေးတွေ ပြန်လက်ခံရတဲ့အထိ အရေးမလှတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်ကောင်စီတပ် စစ်ပြေးတွေကို ပြန်လက်ခံမယ်လို့ ကြေညာထားတာ တွေ့ရပါ တယ်။ စစ်တပ်အက်ဥပဒေအရ စစ်ပြေးနဲ့ ခွင့်မဲ့ပျက်ကွက်မှုအပေါ် ဘယ်လိုတွေ ပြဌာန်းထားတာလဲ၊ ပြစ်ဒဏ် တွေ ဘယ်လိုသတ်မှတ်ထားလဲ။

CDM ဗိုလ်ကြီး ကောင်းသူဝင်း – စစ်တပ်ထဲမှာ ဒါကိုခွင့်မဲ့ပျက်ကွက်နဲ့ စစ်ပြေး၊ ခွင့်မဲ့ပျက်ကွက်က ချိန်းဆိုထား သောနေရာ၊ ချိန်းဆိုထားသော သတ်မှတ်ချိန်ကို လုံလောက်သော အကြောင်းပြချက်မရှိပဲနဲ့ ပျက်ကွက်တယ်ဆို ရင် ဒါခွင့်မဲ့ပျက်ကွက်ပေါ့။ ခွင့်မဲပျက်ကွက်တဲ့လူကြောင့် ကြေးနန်းထွက်ပြီး ကြေညာလိုက်ပြီးတော့ ၂၁ရက်ကြာ သွားရင် စစ်ပြေးဖြစ်သွားတယ်။ ဒီလိုမျိုး စစ်ပြေးဖြစ်သွားရင် ပြန်ဖမ်းမိပြီဆိုရင် ဒါကြီးလေးတဲ့ ပြစ်ဒဏ်တွေပေါ့။ ကြီးလေးတဲ့ ပြစ်ဒဏ်ပဲဖြစ်ဖြစ်၊ ပြစ်ဒဏ်အမျိုးမျိုးက ရှိတယ်။ စစ်ပြေးဖြစ်တဲ့အချိန် စစ်ပြေးဖြစ်တဲ့နေရာ ဒီအပေါ် မူတည်ပြီးတော့ ပြစ်ဒဏ်အမျိုးမျိုးရှိတယ်။ လက်နက်နဲ့ခွင့်မဲ့ပျက်ကွက်တာလား။ ခွင့်မဲ့ပျက်ကွက်တာလား။ စစ် ဆင်ရေးကို ရှောင်ပြေးတာလား၊ ဒီလိုမျိုးဟာတွေကို မူတည်ပြီးတော့ စစ်ပြေးမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်အမျိုးမျိုး ချလို့ရတယ်။ ဒါပေမယ့် ပြစ်ဒဏ်အမျိုးမျိုးဆိုတာလည်း စစ်တပ်ထဲမှာရှိတဲ့ စစ်ဥပဒေဌာနကပဲ ချတာ။ ဌာနက လည်း ကြီးတဲ့အပြစ်ကို သေးလိုက်လို့ရသလို သေးတဲ့အပြစ်ကိုလည်း ကြီးလိုက်လို့ရတယ်။ ဒီအာဏာတွေ က လည်း မင်းအောင်လှိုင်လို ဒီလိုမျိုးလူတွေမှာပဲရှိတယ်။ စစ်ပြေးတွေနဲ့ပတ်သက်တဲ့ ပြစ်ဒဏ်ကတော့ သူတို့တပ် တွင်းထဲမှာတော့ သူတို့ရဲ့အာဏာပေါ်မှာပဲ မူတည်ပြီးတော့ ချလို့ရတဲ့အနေအထားကို တွေ့ရတယ်။

သံလွင်တိုင်းမ် – ခွင့်မဲ့ပျက်ကွက်တဲ့ စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ ဆေးခွင့်တွေက စစ်တပ်မှာ စစ်မှုထမ်း ဖို့ ပြန်လည်လက်ခံလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒီအခြေအနေက ဘာကိုပြသနေတာလဲ။ စစ်တပ်က လုံးဝပြို လဲနေတဲ့ အနေအထားလားပေါ့၊သုံးသပ်ပေးပါဦး။

CDM ဗိုလ်ကြီး ကောင်းသူဝင်း – ခွင့်မဲ့ပျက်ကွက်နေတဲ့ စစ်သည်တွေက ပြန်ပြီးစစ်တပ်ကို တာဝန်ထမ်းဆောင်ဖို့ ဆိုတာ မရှိသလောက်နည်းတယ်။ ရှေ့တန်းထွက်ရတဲ့သူတွေဆို ရှေ့တန်းမှာကြုံခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှု အခက် အခဲတွေ အသက်အန္တရာယ်တွေ ကြုံခဲ့ရတဲ့ ဒုက္ခအမျိုးမျိုးတွေကို သူတို့တွေခံစားပြီးသွားပြီ။ ဒီလိုမျိုးအတွက် ပြန် ပေးတော့ စစ်တပ်ထဲဝင်ပြီးတော့ ဒုက္ခတွေကို ခံစားမယ့်အနေအထားမျိုးမရှိဘူး။ ဖမ်းမိသွားပြီး အတင်းအကြပ် တာဝန်ထမ်းဆောင်ခိုင်းရင်တော့ ဒီလိုမျိုးတွေကတော့ရှိမယ်။ နောက်ပြီး စစ်တပ်မှာ စစ်မှုထမ်းဟောင်းတွေ ပြန် လည်ထမ်းဆောင်မယ့်ဟာကျတော့ အခုတည်းကမဟုတ်ဘူး။ အာဏာစသိမ်းပြီးတည်းက ဒီလိုလူတွေကို နေ့စား ခတွေပေးပြီးတော့ လုံခြုံရေးတာဝန်တွေ ချတာတွေလည်း အများကြီး ရှိတယ်။ ဒီစာရင်းတွေကို အခုက ချပြတာ။ ချပြပြီးတော့ အရင်တုန်းက ဟာတွေပါရောပြီးတော့ အခုချိန်မှာ လျှောက်ပြောနေတာ။ အခုချိန်မှာ စစ် မှုထမ်းဟောင်းတွေက ပြန်ပြီးတာဝန်ထမ်းဆောင် ချင်တယ်ဘာညာက အွန်လိုင်းပေါ်မှာသာ လေနဲ့ တကယ်ရှေ့ တန်းမှာ သွားတိုက်ခိုက်မှာမျိုးကတော့ မရှိသလောက်နည်းမယ်။

သံလွင်တိုင်းမ် – ၁၀၂၇ စစ်ဆင်ရေးအတွင်း တောက်လျှောက် မြေပြင်စစ်ဆင်ရေးမှာ စစ်တပ်က အထိနာလာ နေတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ အောက်ခြေစစ်သားတွေ ဘယ်လောက်အတိုင်းအတာထိ ခံနိုင်ရည် ကျန်နေဦးမလဲ။

CDM ဗိုလ်ကြီး ကောင်းသူဝင်း – စစ်တပ်ခြေလျင်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်သားစုဆောင်းရရှိ မှုက အရမ်းနည်းတယ်။ တိုက်ပွဲမှာ သေသွားတာ ကျဆုံးသွားတာရှိမယ်။ ရောဂါနဲ့သေဆုံးတာ ရှိမယ်။ တချို့ ဟာတွေ ထောင်ချထုတ်ပယ်တာတွေ ရှိမယ်။ အများကြီးပြုန်းတီးနေတယ်။ တပ်သားရရှိမှုက အရမ်းနည်းတယ်။ ခြေလျင်ခြေမြန်တပ်တွေဆို အရင်တုန်းက စစ်ထွက်မယ်ဆို အနည်းဆုံး ၁၀၀၊၁၂၀ တချို့တပ်မကြီးတွေဆို ၂၀၀ ဒီလိုမျိုး တပ်ရင်းတစ်ရင်းကို ထွက်ခိုင်းတယ်။ အခုချိန်မှာ တပ်ရင်းတစ်ရင်းကို အင်အား၈၀နဲ့ ရှေ့တန်းထွက်ဖို့က အရမ်းကိုနည်းတယ်။ တပ်တွေက အင်အားတွေနည်းနေတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်ကောင်စီဘက်ကရော ဘယ်လောက်အတိုင်းအတာအထိ ကြည်း၊ ရေ၊လေ အထူးသဖြင့် လေတပ်ကို အသုံးပြုပြီး တန်ပြန်ချေမှုန်းနိုင်ဦးမလဲ။

CDM ဗိုလ်ကြီး ကောင်းသူဝင်း -ခြေလျင်တပ်ကတော့ အခုချိန်မှာ ထိုးစစ်ဆင်ဖို့အတွက် တော်တော်မဖြစ်နိုင် ဘူး။ သူတို့အနေနဲ့ ခြေလျင်တပ်တွေနဲ့ အင်အားယူပြီးတော့ ခံစစ်ပဲပြင်ဆင်တော့မယ်။ ခံစစ်တောင် မြို့ကြီးပြ ကြီးတွေ၊ သူတို့တပ်တွေရှိတဲ့နေရာတွေ ဒီလိုမျိုးနေရာတွေကပဲ ပြင်ဆင်တော့မယ်။ လေကြောင်းကတော့ သူတို့ အသုံးပြုနိုင်သလောက် ဆက်လက်အသုံးပြုပြီးတော့ သူတို့ကို လာတိုက်ခိုက်မယ့်နေရာတွေကိုတော့ ရန်သူရှိ မယ့်နေရာတွေကိုတော့ ဆက်လက်ပြီး လုပ်မယ့်အနေအထားကို တွေ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.