“နိုင်ငံရေးပြဿနာဆိုတာ စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း နဲ့ အဖြေရှာခြင်းကသာ ကျွန်တော်တို့ ပြည်ထောင်စုအတွက်၊ နိုင်ငံအတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက် ထိခိုက်နစ်နာမှုအနည်းဆုံး၊ ပေးဆပ်မှု အနည်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက်ကြောင့် သက်ဆိုင်သူများ အားလုံးနဲ့ စကားပြောဆိုဖို့ အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်”

0
134

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ပြီး  မဟာမိတ်အ ဖွဲ့ (7 EAO Alliance) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကျော်လွှား နိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်နိုင်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဘယ်လိုပုံစံနဲ့ ကြိုးပမ်းသွားဖို့ ပြင်ဆင် ထားလဲ။ ပြည်သူလူထု အကာအကွယ်ပေးရေး လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားမယ့် အခြေအနေ၊ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်သွားမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ အပစ်ရပ် မဟာမိတ် ဖွဲ့ရဲ့ နှစ်ရက်တာ မျက်နှာစုံညီအစည်းအဝေးမှာ ဘာ တွေလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါသလဲ။

ဗိုလ်မှူးကြီးစောကျော်ညွန့် – ကျွန်တော်တို့ ဒီဘက်မှာစုဖွဲ့မှုခုနှစ်ခုဖွဲ့အနေနဲ့ နံပါတ်တစ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းမယ်။ နံပါတ်နှစ်က သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းမယ်။ နံပါတ်သုံးက လက်ရှိအကျပ်အတည်းကာလမှာ ထိခိုက်နစ်နာခဲ့တဲ့ ပြည် သူလူထုတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့နဲ့  လူသားခြင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ ကြိုး ပမ်းဆောင်ရွက်မယ်။ ကျွန်တော်တို့ ပြောခဲ့တယ်။ လုပ်ဆောင်နိုင်သလောက်အခြေနေထိ လုပ်ဆောင် သွား မယ်။ ပြည်သူကို ရိုးရိုးသားသား ကာကွယ်ရုံသာမက သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်သွားမယ်။ ဘယ်အဖွဲ့အစည်းလဲဆိုတော့ အခုတော့မသိသေးဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပါရင်ပါလိမ့်မယ်။ ပြည် သူလူထုတွေရဲ့ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ရှိတာကိုလည်း ကျွန်တော်တို့ အသိပေးနိုင်ဖို့ ပလက်ဖောင်းတစ်ခု ကျယ်ပြန့်လာဖို့ လုပ်ဆောင်ဖို့ရှိတယ်ဆိုတာကို ကျွန်တော်တို့ထည့်သွင်း ထုတ်ပြန်ဖို့  ကြေညာခြင်း ဖြစ်ပါတယ်။

သံလွင်တိုင်းမ် –  ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာတဲ့ နိုင်ငံရေးအခြေအနေမှာ အရပ်သားပြည်သူတွေ အကာအ ကွယ်ပေးရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဘယ်လိုမူဝါဒတွေ ချမှတ်ထားပါသလဲ။

ဗိုလ်မှူးကြီးစောကျော်ညွန့် – ပြည်သူလူထုတွေကို ကျွန်တော်တို့ ကာကွယ်ပေးရမယ်ဆိုတာ အရင်ကတည်းက လည်းပဲ တစိုက်မတ်မတ် နားလည်မှုရှိခဲ့တယ်။ တူညီမှုလည်း ရှိခဲ့တဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ သို့သော် လည်းပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေနေတွေ ကြောင့် ကျွန်တော်တို့နိုင်ငံမှာ မကြုံစဖူး လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတယ်။ စစ်ဘောင် အရမ်း ကျယ် ပြန့်နေတဲ့ကာလကို ဆိုက်ရောက်နေတာဖြစ်တယ်။ ပြည်သူလူထုတွေက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ရိုက် ခတ်မှုကြောင့် ပြည်ပျက်စီးတာ၊ နေအိမ်ဆုံးရှုံး မီးလောင်ပျက်စီးမှုတွေဖြစ်ပြီး အနိဌာရုံကာလတွေ ဖြစ်တယ်။ အဲဒါလျော့ချနိုင်ဖို့ ပပျောက်နိုင်ဖို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူး။ အခက်ခဲတွေဖြစ်ပေါ်နေဆဲ ဆက်ပြီးတော့ ကျပ်တည်းနေတဲ့ ကာလတစ်ခုကို ဖြတ်ကျော်နေရတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ဘာတွေပြင်ဆင်ထားပါသလဲ။

ဗိုလ်မှူးကြီးစောကျော်ညွန့် – လုပ်နည်းလုပ်ဟန် အသေးစိတ်ကိုတော့ ဒီအချိန်မှာ ပြောပြလို့မရသေးဘူး။ ခုနက ကျွန်တော်ပြောတဲ့အတိုင်းပဲ ကျောရိုးသုံးခုဖြစ်တဲ့ ပြည်သူလူထုတွေကို အကာအကွယ် ပေးတဲ့ ကိစ္စရပ်တွေမှာ စစ်ဘေးစစ်ဒဏ် လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပြည်သူ လူထု တွေ ထိခိုက်နစ်နာမှုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။ ကာကွယ်ဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်း တွေကို လည်း ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ဆက်လက်အသိပေးဖို့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ရည် မှန်းချက်တော့ ရှိတယ်။ သို့သော်လည်း ဒီအချိန်မှာတော့ ဘယ်လိုလုပ်ဆောင်မှုတွေနဲ့ လုပ်ဆောင်ကြမလဲ ဆို တာ ရှေ့ဆက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ လုပ်နည်းလုပ်ဟန်အရ အသေး စိတ်ပြောဖို့အတွက် အဆင်သင့်မဖြစ်သေးပါဘူး။

သံလွင်တိုင်းမ် – အပစ်ရပ် ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ RCSS က ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထိန်းချုပ် နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်သွားမယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဘယ်လိုဆောင်ရွက် သွားဖို့ ရှိနေလဲ။

ဗိုလ်မှူးကြီး စောကျော်ညွန့် – နှစ်ရက်တာ မျက်နှာစုံညီအစည်းအဝေးမှာ ဒီကိစ္စကိုဆွေးနွေးတဲ့ Issue တစ်ခုအ နေနဲ့ လုပ်ဆောင်တာမရှိဘူး။ အဓိက EAO တွေ အနေနဲ့ ကိုယ်ရဲ့ထိန်းချုပ်နယ်မြေ ကိုယ်နဲ့ဆက်စပ်ပတ်သက် နေတဲ့ ပြည်သူလူထုတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုတော့ သူ့အတိုင်းအတာနဲ့သူတော့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်တယ်။ အရင်ကလည်း လုပ်ခဲ့တယ်။ အထူးသဖြင့် ဒီလိုမျိုး နိုင်ငံရေးအခြေအနေမှာ ရှုပ်ထွေးပြီးတော့ ကျပ်တည်းနေတဲ့ကာလတစ်ခုကို ဖြတ်ကျော်နေတဲ့အချိန်မှာ ခုနကလစ်ဟာနေတဲ့ ပြည်သူ့ ဝန် ဆောင်မှု လုပ်ငန်းတွေပေါ့။ ပညာရေး၊ ကျန်းမာရေးလား။ ဒေသခံပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးလား စသဖြင့် တော့ အဖွဲ့အစည်းတိုင်း လုပ်နိုင်တဲ့အတိုင်းအတာနဲ့ လုပ်နိုင်တဲ့နည်းလမ်းတွေ ကြိုးပမ်း ဆောင်ရွက်မှုတွေ က တော့ ဆက်လက်ရှိနေမယ်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုပဲနားလည်မှု ရှိပါတယ်။

တစ်ဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူရဲ့ပထဝီအခြေအနေပေါ် မှာ လည်း ကွဲပြားခြားနားမှုရှိတယ်။ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းတွေကလည်း ရှိကောင်းရှိနေနိုင်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုပ်နည်းလုပ်ဟန်အရတော့ ကွဲပြားခြားနားမှုတွေ ရှိကောင်းရှိနေနိုင်တယ်။ သို့သော်လည်း အဖွဲ့ စည်းတိုင်း အဖွဲ့စည်းတိုင်းကတော့ ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုထဲမှာတော့ ထိခိုက်နစ် နာမှု ဖြစ်ပေါ်နေတဲ့ သူရဲ့ပြည်သူလူထုအတွက် ဝန်ဆောင်မှုလုပ်ငန်းကို  လုပ်နိုင်တဲ့အတိုင်းအတာနဲ့ လုပ်ဆောင် နေမယ်ဆိုတာတော့ ကျွန်တော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။

သံလွင်တိုင်းမ် – အပစ်ရပ် မဟာမိတ် ဖွဲ့က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ကြိုးပမ်းမယ်ဆို တော့ ဘယ်လို ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ထားရှိထားပါသလဲ။

ဗိုလ်မှူးကြီးစောကျော်ညွန့် – ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲလို့ပဲပြောပြော အကျပ်အတည်း လို့ပဲပြောပြော။ ဒါတွေဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိ ပြီးသား ဖြစ်တယ်။ နိုင်ငံရေးပြဿနာဆိုတာ စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်း နဲ့ အဖြေရှာခြင်းကသာ ကျွန်တော်တို့ ပြည်ထောင်စုအတွက် နိုင်ငံအတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက် ထိခိုက် နစ်နာမှုအနည်းဆုံး၊ ပေးဆပ်မှု အနည်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်တဲ့ အ တွက်ကြောင့် သက်ဆိုင်သူများအားလုံးနဲ့ စကားပြောဆိုဖို့ အတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးအရ မကြုံစဖူး  အဲဒီလိုမျိုး လုံးဝမကြုံခဲ့ဘူးတဲ့ စစ်ရေးဘောင်က အရမ်းကိုကြီးမားကျယ်ပြန့်နေတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ မရှိသလောက် ဖြစ်ပေါ်နေတဲ့ ကာလတစ်ခုမှာကြတော့ ကျွန်တော်တို့ မျှော်မှန်း တဲ့ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာတော့ အခုအချိန်မှာ အခက်အခဲတွေ အကျပ်အတည်းတွေ ရင်ဆိုင်ပြီးတော့ ဆက်လက်ကြိုးပမ်းမှုတွေလုပ်ဆောင်ရမယ် ဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကျွန်တော်တို့ သိပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။ ပြောပြပေးပါဦး။

ဗိုလ်မှူးကြီးစောကျော်ညွန့် – အခု အချိန်မှာကတော့ ပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖြတ်ကျော်နေရတဲ့အချိန် ကျွန်တော်တို့တွေ ကြားထဲမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုတွေ ကြားထဲမှာပဲဖြစ်ဖြစ် အချင်းချင်းရှိတဲ့ လူတွေကြားထဲမှာတောင်မှ ဒီလိုမျိုးအခြေအနေတစ်ခုထဲမှာ သဘောထားမတိုက်ဆိုင်တာတို့ စသဖြင့် အဲဒါတွေတော့ ရှိတတ်ပါတယ်။ ရှိလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပြည် ထောင်စုကို ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ ကျွန်တော်တို့ အတူ သဘောတူ ပြီးသားလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ပြည်ထောင်စုကို ရှေးရှုပြီး ဆောင် ရွက်နိုင်မယ်ဆိုရင် လက်ရှိအခက်အခဲ အကျပ်အတည်းကြားကနေ အများကြီး လုပ်ဆောင်ရမယ်။ အများကြီး ကြိုးပမ်းရဦးမယ်ဆိုတာကို ကျွန်တော့အနေနဲ့ စိတ်မကောင်းစွာ ဖြည့်စွက်ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.