“အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက မွန်လူငယ်လူရွယ် အများစုကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာရှိပါတယ်”

0
159

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအနေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ထားပါတယ်။ အဲဒီထဲမှာ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF လည်း ပါဝင်ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လနီးပါးကြာ MSRF တပ်ထဲ လူငယ်တွေ ဝင်ရောက်ဆက် သွယ်လာတဲ့ အခြေအနေ၊ လက်ခံရေးအစီအစဉ်၊ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက် ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ MSRF တပ်ထဲ ဝင်ရောက်ဖို့ ကမ်းလှမ်းဆက် သွယ်မှု အခြေအနေက ဘယ်လိုရှိလဲ၊ ဘယ်အတိုင်းအတာထိ လက်ခံထားနေပြီလဲ။

နိုင်နဂါး – စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့ မွန်ပြည်နယ်မှာမက တခြားသောဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေအများကြီး ကျွန်တော်တို့ MSRF ထဲကိုဝင်ဖို့ ကမ်းလှမ်းတာတွေ၊ ဆက်သွယ်တာတွေ အများ ကြီး ရှိပါတယ်။ ပထမအပတ်မှာပဲ လူငါးရာလောက်တော့ရှိမယ်လို့ ထင်တယ်။ ကျွန်တော်တို့ အလှမ်းမီအောင် ပြန်လည်ဖြေကြားနိုင်တာလည်း ရှိတယ်။ တချို့ဆို ပြန်မဖြေကြားနိုင်တာလည်းရှိတယ်။ ကျွန်တော်တို့မှာ အင် အားတွေလည်း နည်းတာပါတာပေါ့လေ။ အခုတော့ နည်းနည်းလေး နည်းသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ချက်ခြင်းကြီး အကောင်အထည်ဖော်တာ မဟုတ်တာရယ်၊ တခြားသော အကြောင်းကြောင်း တွေကြောင့်ရယ်၊ တချို့လူငယ်တွေကလည်း နီးစပ်ရာဒေသက တပ်တွေနဲ့ဆက်သွယ်ပြီး ပါဝင်သွားကြလို့ ဖြစ်ပါတယ်။ အဲဒီတော့ဆက်သွယ်လာတဲ့ စုပေါင်းအင်အားတွေထဲမှာ ကျွန်တော်တို့အနေနဲ့ ရာခိုင်နူန်း အ နည်းငယ်မျှသာ အခြေနေအကြောင်းကြောင့် လက်ခံထားတာ ရှိပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

သံလွင်တိုင်းမ် – တပ်ဖွဲ့ဝင်အဖြစ် MSRF ထံ လာရောက်ဆက်သွယ်ကြတဲ့အထဲ ဘယ်လိုဒေသက ဘယ်လို လူတွေ အများဆုံးပါဝင်နေလဲ။

နိုင်နဂါး – ကျွန်တော်တို့ MSRF မွန်ပြည်တော်လှန်ရေးတပ်ကို လာရောက်ဆက်သွယ်ကြတဲ့ လူငယ် လူရွယ် တွေကတော့ ဒေသစုံတယ်။ ဧရာဝတီတိုင်းကလည်း ရှိသလို ပဲခူးတိုင်းကလည်း ရှိတယ်။ ရန်ကုန်ကလည်းရှိ ပါတယ်။ အထူးသဖြင့် နိုဗန်ထူးက ကျွန်တော်တို့အတွက် လိုင်းပေါ်ကနေ ကျွန်တော်တို့ လက်ခံနေတယ်ဆိုတဲ့ အကြောင်းကို ကမ်ပိန်းတစ်ခု လုပ်ပေးလိုက်တာကြောင့် ဒေသပေါင်းစုံက လူငယ်လူရွယ်တွေ ဆက်သွယ် လာ ကြတယ်။ အများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက မွန်လူငယ်လူရွယ် အများစုကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတာ ရှိပါတယ်။

သံလွင်တိုင်းမ် – ဒီလိုမျိုးတပ်ဖွဲ့ဝင်အဖြစ် အရေအတွက်တိုးလာတဲ့အပေါ် MSRF အနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေထိုင်စားသောက်ရေး၊ သင်တန်းပေးရေး၊ လက်နက်တပ်ဆင်ရေး စတာတွေမှာ ဘယ်လို အခက်အခဲ ရှိနေမလဲ။

နိုင်နဂါး – အခုလို စစ်မှုမထမ်းမနေရ ဥပ‌ဒေကြောင့် ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ထဲကို လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ တစ်ကြိမ်ထဲမှာ ဝင်ရောက်လာတဲ့အတွက်ကြောင့် MSRF တပ်အနေနဲ့ တခြားသော တော်လှန်ရေးတပ်တွေလိုပဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတာတော့ရှိပါတယ်။ စားသောက်နေ ထိုင်ရေး ကတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်ဖယ်ဒရယ်ကောင်စီက အပြည့်အဝတာဝန်ယူ ထောက်ပံ့ပေး တဲ့ အတွက် ဒီပြဿနာတော့ မရှိပါဘူး။ နောက်ထပ်ရောက်လာတဲ့ ရဲဘော်သစ်လေးတွေ ရက်ပိုင်းအတွင်းမှာပဲ သင်တန်းပေးဖို့ရှိပါတယ်။ နောက်ထပ်ရောက်လာမယ့် ရဲဘော်အသစ်တွေအတွက်လည်း သင်တန်းပေးဖို့ ရှိပါ မယ်။ လက်နက်တပ်ဆင်ရေးအတွက်ကတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေပေါ်မှာ အားရကျေနပ်မှုတွေ ပြည်သူတွေက တခဲနက်ရရှိတဲ့အတွက် အထူးသဖြင့် ပြည်ပကပြည်သူတွေ ကျွန်တော်တို့ကို ယခင်ကထက် ထောက်ပံ့လာတာ ရှိတဲ့အတွက် လက်နက်တပ်ဆင်ရေးကိုလည်း မကြာခင်အကောင်အထည် ဖော်လာနိုင်မယ်။ ပြည့်ပြည်စုံစုံ တပ်ဆင်နိုင်မယ်လို့တော့ ကျွန်တော်မျှော်လင့်ပါတယ်။ လက်နက်ကတော့သိတဲ့အတိုင်း အတော် လေး ဈေးကြီးပါတယ်။ ကျွန်တော်တို့ရဲ‌ဘော်သစ်တွေ တိုးလာတာနဲ့အမျှ လက်နက်ဝယ်ယူရေး၊ လက်နက် ရရှိ ရေးက အင်မတန် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ လက်ရှိတော်လှန်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကား ပါးချင်တာ ရှိမလဲ။ ပြောပြပေးပါဦး။

နိုင်နဂါး – ဒီနေရာမှာပြောချင်တာက ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဘက်မှာ အင်အားတိုးလာတာနဲ့အမျှ တော်လှန်ရေး အရှိန်အဟုန်နဲ့ တိုက်ပွဲဖော်ဆောင်မှုကလည်း တဖြည်းဖြည်း များလာမှာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့လည်း စစ်ဘေးစစ်ဒဏ်တွေကြောင့် ဒုက္ခတွေအရင်ကထက် ကြုံတွေ့လာရမယ်လို့တော့ ပြောချင်ပါ တယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းဖို့အတွက် နောင်လာမယ့် အနာဂတ်မျိုးဆက်သစ်တွေ ကျွန်တော်တို့လို့ စစ်ဘေးဒဏ်တွေ  နောက်ထပ်ဆက်မခံဖို့အတွက် တော်လှန်ရေးအင်အားစုကို ပြည်သူ တစ် ရပ်လုံးက ဝိုင်းဝန်းကူညီပေးကြဖို့လိုတယ်။ နားလည်ပေးဖို့လိုတယ်။

တကယ်တိုက်နေတဲ့ အဖွဲ့တွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါလို့ ဒီနေရာမှာ ပြောချင်ပါတယ်။ ကျွန် တော်တို့ MSRF က နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်လာပြီး မကြာခင်မှာပဲ မွန်ပြည်နယ်တဝှမ်းမှာ တခြား သောတော်လှန်ရေးများနဲ့ လက်တွဲပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာဆိုရင် သုံးနှစ်ပြည့်ပါပြီ။ ဒီကျွန် တော်တို့လုပ်ရပ်ကို ကျေနပ်အားရတာတွေ ရှိလာတာနဲ့အတူ ထောက်ပံ့မှုတွေပိုပြီးတော့ ထောက်ပံ့ပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း တတ်နိုင်လို့ရှိရင် ခရီးသွားတာတွေ ရှောင်ရှားဖို့၊ တပ်‌နဲ့ နီးစပ်ရာမှာမနေကြဖို့၊ တပ်ရဲ့လှုပ်ရှားမှုတွေကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကို တိတိကျကျ အရေအ တွက်ပေးဖို့၊ ကားဘယ်နှစ်စီး လူဘယ်နှစ်ယောက်လို့ သတင်းတွေပေးဖို့ ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ အမည်ဝှက်နဲ့ အကောင့်တုနဲ့ သတင်းပေးတာကို လုပ်ပေးကြပါ။ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရလာတာ ရှိရင်လည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူး တင်ပါတယ်။

Photo-INMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.