ဖက်ဒရယ်အရေခြုံပြီး ဖွဲ့စည်းပုံအခြေပြု အာဏာရှင်စနစ်တည်တံ့အောင် စစ်အစိုးရ ကြိုးပမ်း
နေပြည်တော် ၊ နိုဝင်ဘာ ၁၄ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေနဲ့ပတ်သက်လို့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီကို ကန့်ကွက်သူမရှိ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းအတည်ပြုလိုက်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ တို့မှာ ပါတဲ့အချက်တွေအတွက် လေ့လာသုံးသပ်ဖို့နဲ့…
