“မြို့တွင်းဖြစ်စေ၊ ပူးတွဲထိန်းချုပ်တဲ့ နေရာဖြစ်စေ ကျွန်တော်တို့ ကရင်လူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ မီးရှို့သွားတာတွေ၊ အသက်ပေးခဲ့တာတွေ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့မှာ လှုပ်ရှားနေတဲ့ ကရင်လူငယ်တွေလည်း အဖမ်းဆီးခံနေရသလို တစ်ချို့သောအမျိုး သားရေးလုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ရယ်၊ ပေါ်ပေါ်တင်တင်လုပ်နိုင်ဖို့ရယ်က ဒါကအခက်အခဲစိန်ခေါ်မှု တစ်ရပ်အနေနဲ့ကိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်”
ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။ (၆) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကနေ ၈ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကွန်ကရက်မှာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် (၂၁) ချက်ချမှတ်ခဲ့သလို ဗဟိုအလုပ်အမူဆောင်ကော်မတီ (၁၁) ဦးကိုလည်း မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံမှာ…
