စင်္ကာပူ – ဧပြီ(၅)
၂၀၂၃ ခုနှစ် Smart City အညွှန်းကိန်းအရ စင်္ကာပူဟာ စမတ်အကျဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ အဆင့် (၇) ရှိတယ်လို့ သိရပါတယ်။
ဆွစ်ဇာလန် အခြေပြုစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုအရ မြင့်မားပြိး အရည်အသွေး ရှိတဲ့ လူနေမှုဘဝကို ရရှိဖို့အတွက် စိန်ခေါ်မှုတွေကို နည်းပညာသုံးပြီး မြို့ပေါင်း(၁၄၁) မြို့အပေါ် အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။
၂၀၂၀ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ စင်္ကာပူဟာ ကမ္ဘာ့အဆင့် (၇) မှာရှိနေခဲ့ပြီး ၂၀၁၉ ခုနှစ်မှာရရှိခဲ့တဲ့ အဆင့် (၁၀) ထက်(၃)ဆင့် မြင့်တက်ခဲ့တာပါ။
၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်မှာ ပထမနေရာရရှိခဲ့တဲ့ စင်္ကာပူဟာ ၂၀၂၃ ခုနှစ်မှာ နည်းလမ်းအသစ်ကို အသုံးပြုခဲ့ကြတဲ့အတွက် အဆင့်သတ်မှတ်ချက်ပြောင်းလဲခဲ့ပြီး Smart City အညွှန်းကိန်းဟာ ၂၀၂၂ ခုနှစ်မှာတော့ ထုတ်ပြန်ခဲ့တာမရှိဘူးလို့ သိရပါတယ်။
အညွှန်းကိန်းအရ ၂၀၂၃ ခုနှစ်မှာ Smart City သတ်မှတ်ချက်မှာ နံပါတ်(၁) နေရာမှာရှိတဲ့ မြို့မှာ ဇူရစ်ချဖြစ်ပြီး အဆင့်(၂)နဲ့ (၃) နေရာမှာ အောစလိုနဲ့ ကန်ဘာရာတို့အသီးသီးရှိနေကြပါတယ်။
Smart City အညွှန်းကိန်းဟာ မြို့တော်အတွင်း နေထိုင်သူတွေက သူတို့ရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နည်းပညာကို အသုံးပြုတွက်ချက်ထားတာဖြစ်ပါတယ်။
အိမ်ရော၊အစိမ်းရောင်နယ်မြေတွေနဲ့ အလုပ်အကိုင်စတဲ့ မြို့တော်မှာရှိတဲ့ ဘဝနေထိုင်မှု အကြောင်းအရာ (၁၅) မျိုးအပေါ်အခြေခံပြီး လူပေါင်း(၂)သောင်းကျော်ကို စစ်တမ်းမေးမြန်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံရဲ့ အမြင့်ဆုံးမြို့တော်ဖြစ်တဲ့ စင်္ကာပူဟာ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ချဲ့ထွင်နိုင်တာ၊ အစိမ်းရောင်နေရာထားရှိတာနဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို လက်လှမ်း မီနိုင်စွမ်းရှိတဲ့ နယ်ပယ်တွေမှာ အာဆီယံရဲ့ ထိပ်တန်းမြို့တော်ဖြစ်တဲ့ အကောင်းဆုံးဖြစ်တယ် လို့သိရပါတယ်။
အညွှန်းကိန်းမှာ ဖော်ပြထားချက်အရ ၂၀၁၉ ခုနှစ်တည်းက သူတို့ရဲ့ဆောင်ရွက်မှု အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေတဲ့ မြို့တော်(၆)ခုအနက်တစ်ခုဖြစ်တယ်လို့ သိရပြီး ဇူရစ်နဲ့ အော်စလို အပြင် တခြားမြို့တွေမှာ ဆိုးလ်နဲ့ ဟောင်ကောင်တို့ဖြစ်တယ်လို့ သိရပါတယ်။
စင်္ကာပူမှာ ကောက်ခံရရှိထားတဲ့ စစ်တမ်းအချက်အလက်တွေအရ မြို့တော်ဟာ နယ်ပယ်အား လုံးအပြင် ထပ်တိုးအချက်အလက်တွေဖြစ်တဲ့ လူထုလုံခြုံရေး၊ အင်တာနက်အမြန်နှုန်းနဲ့ ကလေး သူငယ်တွေအတွက် ကောင်းမွန်တဲ့ ပညာရေးကို လက်လှမ်းမီတာစတဲ့ ကဏ္ဍတွေမှာ ပုံမှန်ထက် သာလွန်တဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
ဖြေဆိုသူအများစုဟာ သူတို့ရဲ့ထိပ်တန်းဦးစားပေးအဖြစ် သင့်တင်လျော်ကန်တဲ့ အိမ်ယာ၊ အလုပ်အကိုင် စတဲ့အခြေအနေတွေဟာ ပြည့်ပြည့်စုံစုံရှိပေမယ့် စိုးရိမ်ပူပန်စရာတွေ ရှိတယ်လို့ ဖြေဆိုထားကြပါတယ်။
ဒါ့အပြင် တခြားသော ဧရိယတွေဖြစ်တဲ့ ပြန်လည်အသုံးချဝန်ဆောင်မှုတွေနဲ့ ယာဉ်ကျေးမှုဆိုင် ရာလှုပ်ရှားဆောင်ရွက်မှုတွေမှာ မျှတမှုမရှိဘူးလို့လည်း ဖြေဆိုသူတွေရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
Ref: The Straits Times

