ကွာလာလမ်ပူ၊ ဧပြီ(၅)

မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အန်ဝါအီဘရာဟင် အစိုးရက လိုက်လျောညီထွေဖြစ်စေတဲ့ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ နောက်ဆုံးအနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ ဥပဒေရေးရာဝန်ကြီးက ဧပြီလ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားပါလီမန်မှာ  မဖြစ်မနေ သေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုအရေအတွက်ကို ဖြတ်တောက်ပြီး သဘာဝအ တိုင်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေကို ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်ပြီး နောက်တစ်ရက်အကြာမှာ အဲဒီ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိဥပဒေအရ မိမိကိုယ်ကိုသတ်သေဖို့ ကြိုးပမ်းသူ မည်သူမဆို ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။

အစိုးရက အဲဒီအချက်ကို ရုပ်သိမ်းလိုပေမယ့်လည်း မိမိကိုယ်ကိုသတ်သေခြင်းကိုတော့ ရာဇဝတ်မှုတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ဥပဒေရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေအပါအဝင် မိမိကိုယ်ကိုသတ်သေဖို့ ကူညီပေးတဲ့ကိစ္စတွေ အတွက် အစိုးရကပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ အဆိုပြုထားပါသေးတယ်။

“ဒါဟာ သတ်သေဖို့ ကြိုးပမ်းမှုရဲ့ နယ်ပယ်အတွင်းမှာ ရှိနေတယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး ဒီလုပ်ရပ်ဟာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု ဒါမှမဟုတ် စိတ်ရောဂါဝေဒနာရဲ့ သက်ရောက်မှု ဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေထဲမှာတော့ မလေးရှားနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ (၆၃၁)မှုနဲ့ နှိုင်းယှဉ် ပါက၂၀၂၁ ခုနှစ်မှာ မိမိကိုယ်ကို သတ်သေမှု (၁၁၄၂)  မှု အထိ မှတ်တမ်းတင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဟောင်းက ပြောကြားထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ လတ်တလော အချက်အလက်တွေအရ သတ်သေမှုနှုန်းဟာ၂၀၁၉ ခုနှစ်မှာ လူဦးရေ၁ သိန်းမှာ ၅.၇ ဦး ရှိခဲ့ပါတယ်။

ဥပဒေရေးရာဝန်ကြီးက အစိုးရပြုပြင်ပြောင်းလဲမှုမှာ ထိခိုက်နစ်နာသူတွေကို အကူအညီရယူဖို့ သတ်သေခြင်းရဲ့ အမည်းစက်ကိုဖယ်ရှားဖို့နဲ့ နိုင်ငံရဲ့သတ်သေမှုနှုန်းကိုလျှော့ချဖို့ တွန်းအားပေးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.