စစ်ကိုင်း- ဧပြီ(၄)
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲပေါင်း (၄၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၆၄၉) ဦးသေဆုံးကာ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေလို့ ဖော်ပြထားတာပါ။
တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖနဲ့ EROsပူးပေါင်း အဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီဆီကနေ လက်နက်မျိုးစုံ(၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုထားပါတယ်။
တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်(၃၃) ဦးတော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၉၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ဒေသဆိုင်ရာစစ်ဌာန ချုပ် (၅) ခုနဲ့ဖွဲ့ဆည်းထားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD

